ရှင်​မာ​ကု​ခ​ရစ်​ဝင် 3 MSB

လက်​တစ်​ဖက်​သေ​သော​သူ​ကို အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​ခြင်း

1 ကိုယ်​တော်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ထဲ​သို့ တစ်​ဖန်​ဝင်​တော်​မူ​ရာ ထို​နေ​ရာ​၌ လက်​တစ်​ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၏။

2 လူ​တို့​သည် ကိုယ်​တော်​ကို​စွပ်​စွဲ​နိုင်​ရန်​အ​တွက် ဥ​ပုသ်​နေ့​၌ ထို​သူ​အား အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​မည်​မ​ဖြစ်​စေ​မည်​ကို စောင့်​ကြည့်​နေ​ကြ​၏။

3 ကိုယ်​တော်​က​လည်း လက်​တစ်​ဖက်​သေ​သော​သူ​အား “အား​လုံး​ရှေ့​၌​မတ်​တတ်​ရပ်​လော့”​ဟု မိန့်​တော်​မူ​၏။

4 ထို့​နောက် လူ​တို့​အား “တ​ရား​တော်​အ​ရ ဥ​ပုသ်​နေ့​၌ ကောင်း​သော​အ​မှု​ကို​ပြု​အပ်​သ​လော သို့​မ​ဟုတ် ဆိုး​သော​အ​မှု​ကို​ပြု​အပ်​သ​လော။ အ​သက်​ကို​ကယ်​အပ်​သ​လော သို့​မ​ဟုတ် သတ်​အပ်​သ​လော”​ဟု မေး​တော်​မူ​၏။ သို့​သော် သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ​၏။

5 ထို​အ​ခါ ကိုယ်​တော်​သည် အ​မျက်​တော်​ဖြင့် ပတ်​ပတ်​လည်​သို့​ကြည့်​ရှု​တော်​မူ​ပြီး သူ​တို့​၏​စိတ်​နှ​လုံး​မာ​ကျော​မှု​အ​တွက် အ​လွန်​ဝမ်း​နည်း​၍ လက်​တစ်​ဖက်​သေ​သော​သူ​အား “သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်​မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လေ​၏။

6 ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည်​ထွက်​သွား​၍ ကိုယ်​တော်​ကို​လုပ်​ကြံ​နိုင်​မည့်​အ​ကြောင်း ဟေ​ရုဒ်​၏​လူ​များ​နှင့် ချက်​ချင်း​တိုင်​ပင်​ဆွေး​နွေး​ကြ​၏။

လူ​အုပ်​ကြီး​ထံ​အ​မှု​တော်​ဆောင်​ခြင်း

7 ထို့​နောက် ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ ပင်​လယ်​ဘက်​သို့​ထွက်​ခွာ​သွား​တော်​မူ​ရာ ဂါ​လိ​လဲ​နယ်​မှ လူ​အ​မြောက်​အ​မြား​တို့​သည် လိုက်​လာ​ကြ​၏။ ထို့​ပြင် ယု​ဒ​နယ်၊

8 ဂျေ​ရု​ဆ​လင်​မြို့၊ ဣ​ဒု​မဲ​နယ်၊ ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​မှ​စ​၍ တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​ပတ်​ဝန်း​ကျင်​မှ လူ​အ​မြောက်​အ​မြား​တို့​သည် ကိုယ်​တော်​ပြု​တော်​မူ​သ​မျှ​တို့​ကို​ကြား​သ​ဖြင့် အ​ထံ​တော်​သို့​လာ​ကြ​၏။

9 လူ​ထု​ပ​ရိ​သတ်​များ​ရှိ​နေ​သော​ကြောင့် ကိုယ်​တော်​သည် မိ​မိ​ကို လူ​တို့​မ​တိုး​ကြိတ်​မိ​စေ​ရန် လှေ​တစ်​စီး​ကို သူ့​အ​တွက်​အ​ဆင်​သင့်​ထား​ရှိ​မည့်​အ​ကြောင်း တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

10 အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် လူ​များ​စွာ​တို့​ကို​ကျန်း​မာ​စေ​ခဲ့​သည်​ဖြစ်​၍ ရော​ဂါ​ဝေ​ဒ​နာ​ရှိ​သူ​အား​လုံး​တို့​သည် ကိုယ်​တော်​ကို​တို့​ထိ​နိုင်​ရန် တိုး​ဝှေ့​ကြ​၏။

11 ညစ်​ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်​တော်​ကို​မြင်​ကြ​သော​အ​ခါ ရှေ့​တော်​၌​ပျပ်​ဝပ်​လျက် “ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​တော်​မူ​၏”​ဟု အော်​ဟစ်​ကြ​၏။

12 ကိုယ်​တော်​က​လည်း မိ​မိ​အ​ကြောင်း​ကို သိ​သာ​ထင်​ရှား​အောင်​မ​ပြု​ရန် ထို​နတ်​ဆိုး​တို့​ကို တင်း​ကျပ်​စွာ​သ​တိ​ပေး​တော်​မူ​၏။

တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး

13 ထို့​နောက် ကိုယ်​တော်​သည် တောင်​ပေါ်​သို့​တက်​သွား​၍ အ​လို​တော်​ရှိ​သော​သူ​တို့​ကို​ခေါ်​တော်​မူ​လျှင် သူ​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​၏။

14 ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​တို့​ကို ခန့်​ထား​ပြီး​လျှင် သူ​တို့​ကို တ​မန်​တော်​ဟူ​၍​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၏။ ဤ​သည်​ကား သူ​တို့​ကို ကိုယ်​တော်​နှင့်​အ​တူ​ရှိ​စေ​ရန်​နှင့် သူ​တို့​ကို​စေ​လွှတ်​၍ တ​ရား​ဟော​စေ​ကာ

15 နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​နိုင်​သည့်​အ​ခွင့်​အာ​ဏာ​ရှိ​စေ​ရန်​အ​တွက်​ဖြစ်​၏။

16 ခန့်​ထား​တော်​မူ​သော​တစ်​ဆယ့်​နှစ်​ပါး​မှာ ပေ​တ​ရု​ဟု​ကိုယ်​တော်​အ​မည်​ပေး​ထား​သော ရှိ​မုန်၊

17 မိုး​ကြိုး​၏​သား​များ​ဟူ​၍​အ​ဓိပ္ပာယ်​ရ​သည့် ဗော​နေ​ရ​ဂက်​ဟု​ကိုယ်​တော်​အ​မည်​ပေး​ထား​သော ဇေ​ဗေ​ဒဲ​၏​သား​ယာ​ကုပ်​နှင့် ယာ​ကုပ်​၏​ညီ​ယော​ဟန်၊

18 အန္ဒြေ၊ ဖိ​လိပ္ပု၊ ဗာ​သော​လ​မဲ၊ မဿဲ၊ သော​မ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ သဒ္ဒဲ၊ မျိုး​ချစ်​ပုဂ္ဂိုလ်​ရှိ​မုန်​နှင့်

19 ကိုယ်​တော်​ကို​အပ်​နှံ​သည့် ယု​ဒ​ဣ​ရှ​ကာ​ရုတ်​တို့​ဖြစ်​ကြ​၏။

ယေ​ရှု​နှင့်​ဗေ​လ​ဇေ​ဗု​လ

20 ထို့​နောက် ကိုယ်​တော်​သည် အိမ်​ထဲ​သို့​ကြွ​တော်​မူ​ရာ လူ​ထု​ပ​ရိ​သတ်​သည် တစ်​ဖန်​စု​ဝေး​လာ​ကြ​သ​ဖြင့် သူ​တို့​သည် အ​စာ​ကို​ပင်​မ​သုံး​ဆောင်​နိုင်​ကြ​ပေ။

21 ကိုယ်​တော်​၏​ဆွေ​မျိုး​သား​ချင်း​တို့​သည်​ကြား​လျှင် ကိုယ်​တော်​ကို​ထိန်း​ချုပ်​ရန် ထွက်​လာ​ကြ​၏။ အ​ကြောင်း​မှာ “သူ​သည် စိတ်​ဖောက်​ပြန်​နေ​ပြီ”​ဟု လူ​တို့​ပြော​ဆို​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။

22 ဂျေ​ရု​ဆ​လင်​မြို့​မှ​ဆင်း​လာ​သော ကျမ်း​ပြု​ဆ​ရာ​တို့​က​လည်း “သူ့​ကို ဗေ​လ​ဇေ​ဗု​လ​နတ်​ပူး​နေ​သည်”​ဟူ​၍​လည်း​ကောင်း၊ “သူ​သည် နတ်​ဆိုး​တို့​၏​အ​ကြီး​အ​ကဲ​ကို​အ​မှီ​ပြု​လျက် နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်”​ဟူ​၍​လည်း​ကောင်း ပြော​ဆို​ကြ​၏။

23 ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်​၍ ပုံ​ဥ​ပ​မာ​များ​ဖြင့် မြွက်​ဆို​တော်​မူ​သည်​မှာ “စာ​တန်​သည် စာ​တန်​ကို မည်​ကဲ့​သို့​နှင်​ထုတ်​နိုင်​မည်​နည်း။

24 နိုင်​ငံ​တစ်​နိုင်​ငံ​သည်​လည်း မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​လျှင် ထို​နိုင်​ငံ​သည် မ​တည်​မြဲ​နိုင်​ရာ။

25 အိမ်​ထောင်​စု​တစ်​စု​သည်​လည်း မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​လျှင် ထို​အိမ်​ထောင်​စု​သည် မ​တည်​မြဲ​နိုင်​ရာ။

26 ထို​နည်း​တူ စာ​တန်​သည်​လည်း မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ပုန်​ကန်​လျက် ကွဲ​ပြား​နေ​လျှင် သူ​သည်​မ​တည်​မြဲ​နိုင်​ဘဲ ဆုံး​ခန်း​သို့​ရောက်​လိမ့်​မည်။

27 ခွန်​အား​ကြီး​သော​သူ​ကို ဦး​စွာ​မ​ချည်​နှောင်​လျှင် မည်​သူ​မျှ သူ့​အိမ်​သို့​ဝင်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို မ​လု​ယူ​နိုင်။ ချည်​နှောင်​ပြီး​မှ​သာ သူ​၏​အိမ်​ကို ဖောက်​ထွင်း​လု​ယူ​နိုင်​လိမ့်​မည်။

28 သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား လူ​သား​တို့​သည် သူ​တို့​၏​အ​ပြစ်​များ​နှင့် ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​သ​မျှ​သော စ​ကား​အား​လုံး​အ​တွက် ခွင့်​လွှတ်​ခြင်း​ခံ​ရ​လိမ့်​မည်။

29 သို့​သော် မည်​သူ​မ​ဆို သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို စော်​ကား​ပြော​ဆို​လျှင် ထို​သူ​သည် ကာ​လ​အ​စဉ်​အ​ဆက် အ​ပြစ်​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို​မ​ရ​ရှိ​ဘဲ ထာ​ဝ​ရ​အ​ပြစ်​သင့်​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​စော်​ကား​ခြင်း

30 ဤ​သို့​မိန့်​တော်​မူ​ခြင်း​မှာ သူ​တို့​က “ကိုယ်​တော်​ကို ညစ်​ညူး​သော​နတ်​ပူး​နေ​သည်”​ဟု ပြော​ဆို​ကြ​သော​ကြောင့်​ဖြစ်​၏။

တော်​စပ်​မှု​အ​စစ်​အ​မှန်

31 ထို​အ​ခါ ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည် ရောက်​လာ​ပြီး အ​ပြင်​၌​ရပ်​လျက် လူ​လွှတ်​၍ ကိုယ်​တော်​ကို​ခေါ်​ကြ​၏။

32 လူ​ထု​ပ​ရိ​သတ်​တို့​သည် ကိုယ်​တော်​၏​ပတ်​လည်​၌ ထိုင်​နေ​ကြ​၍ ကိုယ်​တော်​အား “ကိုယ်​တော်​၏​မယ်​တော်၊ ညီ​တော်​နှင့် နှ​မ​တော်​တို့​သည် ကိုယ်​တော်​ကို​ရှာ​လျက် အ​ပြင်​၌​ရှိ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

33 ကိုယ်​တော်​က​လည်း “မည်​သူ​သည် ငါ့​အ​မိ​နှင့်​ငါ့​ညီ​များ​ဖြစ်​သ​နည်း”​ဟု သူ​တို့​အား ပြန်​၍​မိန့်​တော်​မူ​၏။

34 ထို့​နောက် မိ​မိ​ပတ်​လည်​၌ ဝိုင်း​ရံ​လျက်​ထိုင်​နေ​သော​သူ​များ​ကို ပတ်​ပတ်​လည်​ကြည့်​ရှု​တော်​မူ​၍ “ကြည့်​ရှု​လော့။ ဤ​သူ​တို့​သည် ငါ့​အ​မိ​နှင့်​ငါ့​ညီ​များ​ပေ​တည်း။

35 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​ဆောင်​ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16