1 ယေရှုသည် ဗိမာန်တော်မှထွက်ခွာသွားတော်မူစဉ် တပည့်တော်တို့ထဲမှ တစ်ပါးက “ဆရာ၊ ကြည့်ပါ။ အလွန်ကြီးမားသောကျောက်တုံးများနှင့် အလွန်ထည်ဝါသောအဆောက်အအုံများပါတကား”ဟု လျှောက်လေ၏။
2 ယေရှုကလည်း “ဤကြီးမားသောအဆောက်အအုံများကို သင်မြင်သည်မဟုတ်လော။ ဤနေရာ၌ ကျောက်တုံးတစ်တုံးသည် ဖြိုချမခံရဘဲ အခြားကျောက်တုံးတစ်တုံးပေါ်၌ ကျန်ရစ်ခဲ့သည်ဟူ၍ လုံးဝရှိလိမ့်မည်မဟုတ်”ဟု ထိုသူအား မိန့်တော်မူ၏။
3 ထို့နောက် ကိုယ်တော်သည် သံလွင်တောင်ပေါ်၌ ဗိမာန်တော်ဘက်သို့မျက်နှာမူလျက် ထိုင်နေတော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေတို့က
4 “ထိုအရာများသည် မည်သည့်အချိန်၌ ဖြစ်ပျက်မည်ကိုလည်းကောင်း၊ ထိုအရာအားလုံးပြည့်စုံတော့မည့်အချိန်တွင် မည်သည့်အတိတ်နိမိတ်ဖြစ်ပေါ်မည်ကိုလည်းကောင်း အကျွန်ုပ်တို့အား မိန့်တော်မူပါ”ဟု ကိုယ်တော်ကို တိတ်တဆိတ်မေးလျှောက်ကြ၏။
5 ယေရှုကလည်း “မည်သူမျှ သင်တို့ကိုမလှည့်ဖြားစေရန် သတိပြုကြလော့။