33 သတိပြု၍နိုးနိုးကြားကြားရှိကြလော့။ အကြောင်းမူကား ထိုအချိန်သည် မည်သည့်အခါ၌ကျရောက်မည်ကို သင်တို့မသိကြ။
34 ဤသည်ကား ခရီးထွက်မည့်လူတစ်ဦးသည် မိမိအိမ်မှထွက်ခွာရာတွင် မိမိအစေအပါးအသီးသီးတို့အား သူတို့လုပ်ဆောင်ရမည့်အမှုနှင့်တကွ အခွင့်အာဏာကိုပေး၍ တံခါးမှူးကိုလည်း သတိနှင့်စောင့်နေရန် မှာကြားသည်နှင့်တူ၏။
35 သို့ဖြစ်၍ အိမ်ရှင်သည် မှောင်ရီပျိုးစချိန်၊ သို့မဟုတ် သန်းခေါင်အချိန်၊ သို့မဟုတ် ကြက်ဦးတွန်ချိန်၊ သို့မဟုတ် နံနက်စောစောအချိန်တို့ထဲမှ မည်သည့်အချိန်၌ရောက်လာမည်ကို သင်တို့မသိသောကြောင့် သတိနှင့်စောင့်နေကြလော့။
36 သို့မဟုတ်လျှင် သူသည်ရုတ်တရက်ပြန်လာ၍ သင်တို့အိပ်ပျော်နေကြသည်ကို တွေ့လိမ့်မည်။
37 သတိနှင့်စောင့်နေကြလော့ဟု သင်တို့ကို ငါဆိုသည့်အတိုင်း လူခပ်သိမ်းတို့အား ငါဆို၏”ဟု မိန့်တော်မူ၏။