13 ထို့နောက် ကိုယ်တော်က “ဤပုံဥပမာကိုနားမလည်ကြသလော။ သို့ဖြစ်လျှင် သင်တို့သည် ပုံဥပမာအားလုံးကို မည်ကဲ့သို့နားလည်ကြမည်နည်း။
14 မျိုးကြဲသောသူသည် တရားစကားကိုကြဲ၏။
15 တရားစကားကိုကြဲသောအခါ လမ်းဘေးတွင် ကြဲခြင်းခံရသည်ဆိုသည်မှာ ဤသို့သောသူတို့ကိုဆိုလို၏။ တရားစကားကိုသူတို့ကြားသောအခါ စာတန်သည်ချက်ချင်းလာ၍ သူတို့၌ကြဲထားသောတရားစကားကို နုတ်ယူလေ၏။
16 ကျောက်ပေါများသောနေရာတွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသောအခါ ဝမ်းမြောက်စွာဖြင့် ချက်ချင်းလက်ခံသောသူတို့ကိုဆိုလို၏။
17 သို့သော် သူတို့၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားကြ၏။
18 အချို့တို့မူကား ဆူးပင်တို့တွင် ကြဲခြင်းခံရကြ၏။ ဤသည်ကား တရားစကားကိုကြားသော်လည်း
19 လောကီရေးရာ၌ စိုးရိမ်ပူပန်ခြင်း၊ စည်းစိမ်၏လှည့်ဖြားခြင်းနှင့် အခြားသောတပ်မက်ခြင်းများဝင်လာ၍ တရားစကားကို ကာဆီးပိတ်ဆို့သဖြင့် အသီးမသီးသောသူတို့ကိုဆိုလို၏။