54-55 ကိုယ်တော်သည် ငါတို့ဘိုးဘေးများအားမိန့်တော်မူသည့်အတိုင်း အာဗြဟံမှစ၍ သူ၏အမျိုးအနွယ်အပေါ် ကာလအစဉ်အဆက်ထားရှိသောကရုဏာတော်ကိုအောက်မေ့၍ မိမိ၏အစေခံအစ္စရေးလူမျိုးကို ကူညီမစတော်မူပြီ”ဟု ဆို၏။
56 မာရိသည် အဲလစ်ဇဘက်နှင့်အတူ သုံးလခန့်နေပြီးနောက် မိမိအိမ်သို့ပြန်လေ၏။
57 ထို့နောက် အဲလစ်ဇဘက်သည် ဖွားချိန်စေ့၍ သားယောက်ျားကိုဖွားမြင်၏။
58 ထာဝရဘုရားသည် ထူးမြတ်သောကရုဏာတော်ကို အဲလစ်ဇဘက်အပေါ်ပြသတော်မူကြောင်း အိမ်နီးချင်းနှင့် ဆွေမျိုးသားချင်းတို့သည် ကြားကြသောအခါ သူနှင့်အတူဝမ်းမြောက်ကြ၏။
59 ရှစ်ရက်မြောက်သောနေ့၌ သူတို့သည် သူငယ်အားအရေဖျားလှီးခြင်းပေးရန် လာကြ၍ သူ့ဖခင်၏နာမည်အတိုင်း သူ့ကို ဇာခရိဟုမှည့်ခေါ်မည်ပြုကြ၏။
60 သို့ရာတွင် သူငယ်၏မိခင်က “ထိုသို့မမှည့်ရ။ ယောဟန်ဟုမှည့်ခေါ်ရမည်”ဟု ဆိုလေ၏။
61 သူတို့ကလည်း “သင်၏ဆွေမျိုးသားချင်းတို့တွင် ဤနာမည်ဖြင့်မှည့်ခေါ်သောသူ တစ်ယောက်မျှမရှိ”ဟု ဆိုကြပြီးလျှင်