ရှင်​လု​ကာ​ခ​ရစ်​ဝင် 12 MSB

သူ​တော်​ကောင်း​ယောင်​ဆောင်​မှု​ကို သ​တိ​ပေး​ခြင်း

1 ထို​အ​ခါ ထောင်​ပေါင်း​များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် စု​ဝေး​လာ​ကြ​၍ အ​ချင်း​ချင်း​ပင်​နင်း​မိ​မ​တတ်​ဖြစ်​ကြ​၏။ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား ဦး​စွာ​မြွက်​ဆို​တော်​မူ​သည်​မှာ “ဖာ​ရိ​ရှဲ​တို့​၏​တ​ဆေး​ဖြစ်​သည့် သူ​တော်​ကောင်း​ယောင်​ဆောင်​မှု​ကို သ​တိ​ထား​ကြ​လော့။

2 ဖုံး​အုပ်​ထား​သည့်​အ​ရာ​များ​တွင် ဖွင့်​ပြ​ခြင်း​မ​ခံ​ရ​မည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ကွယ်​ဝှက်​ထား​သော​အ​ရာ​များ​တွင် ဖော်​ပြ​ခြင်း​မ​ခံ​ရ​မည့်​အ​ရာ​လည်း တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။

3 သို့​ဖြစ်​၍ မှောင်​မိုက်​၌ သင်​တို့​ပြော​ဆို​သော​အ​ရာ​တို့​ကို အ​လင်း​၌​ကြား​ကြ​လိမ့်​မည်။ အိမ်​အ​တွင်း​ခန်း​ထဲ​၌ နား​အ​ပါး​ကပ်​၍ သင်​တို့​ပြော​ဆို​သော​အ​ရာ​များ​ကို လေ​သာ​ဆောင်​ပေါ်​မှ ကြေ​ညာ​ကြ​လိမ့်​မည်။

4 ငါ​၏​မိတ်​ဆွေ​များ​ဖြစ်​ကြ​သော​သင်​တို့​အား ငါ​ဆို​မည်။ ကိုယ်​ခန္ဓာ​ကို​သတ်​ပြီး​သည့်​နောက်​တွင် အ​ခြား​မည်​သည့်​အ​ရာ​ကို​မျှ ထပ်​၍​မ​ပြု​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။

5 သင်​တို့​ကြောက်​ရ​မည့်​သူ​ကို သင်​တို့​အား ငါ​ပြော​ပြ​မည်။ ကိုယ်​ခန္ဓာ​ကို​သတ်​ပြီး​နောက် င​ရဲ​ထဲ​သို့​ပစ်​ချ​ပိုင်​ခွင့်​ရှိ​သော​သူ​ကို ကြောက်​ကြ​လော့။ မှန်​ပေ​၏။ ထို​သူ​ကို​ကြောက်​ကြ​လော့​ဟု သင်​တို့​အား ငါ​ဆို​၏။

6 စာ​က​လေး​ငါး​ကောင်​ကို အဿ​ရိ​နှစ်​ပြား​နှင့်​ရောင်း​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင် ထို​စာ​က​လေး​တစ်​ကောင်​ကို​မျှ ဘု​ရား​သ​ခင်​မေ့​လျော့​တော်​မ​မူ။

7 သင်​တို့​ဦး​ခေါင်း​မှ​ဆံ​ပင်​ရှိ​သ​မျှ​ကို​ပင် ရေ​တွက်​ထား​တော်​မူ​၏။ မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​က​လေး​များ​စွာ​တို့​ထက်​အ​ဖိုး​ထိုက်​ကြ​၏။

8 သင်​တို့​အား ငါ​ဆို​သည်​ကား မည်​သူ​မ​ဆို လူ​တို့​ရှေ့​၌ ငါ့​ကို​ဝန်​ခံ​လျှင် လူ့​သား​သည်​လည်း ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​တို့​ရှေ့​၌ ထို​သူ​ကို ဝန်​ခံ​မည်။

9 သို့​သော် လူ​တို့​ရှေ့​၌ ငါ့​ကို​ငြင်း​ပယ်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​တို့​ရှေ့​၌ ငြင်း​ပယ်​ခြင်း​ခံ​ရ​လိမ့်​မည်။

10 လူ့​သား​အ​ပေါ်​ဆန့်​ကျင်​သည့်​စ​ကား​ကို ပြော​ဆို​သော​သူ​အား​လုံး ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​သော်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို စော်​ကား​ပြော​ဆို​သော​သူ​သည် ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

11 လူ​တို့​သည် သင်​တို့​ကို ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​သို့​လည်း​ကောင်း၊ အုပ်​ချုပ်​သူ​များ​နှင့် အာ​ဏာ​ပိုင်​များ​ရှေ့​သို့​လည်း​ကောင်း ခေါ်​ဆောင်​သွား​ကြ​သော​အ​ခါ မည်​သည့်​အ​ရာ​ကို မည်​ကဲ့​သို့​ချေ​ပ​ရ​မည်​နည်း။ သို့​မ​ဟုတ် မည်​သည့်​အ​ရာ​ကို ပြော​ဆို​ရ​မည်​နည်း​ဟူ​၍ မ​စိုး​ရိမ်​ကြ​နှင့်။

12 အ​ကြောင်း​မူ​ကား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ပြော​ဆို​ရ​မည့်​အ​ရာ​တို့​ကို ထို​အ​ချိန်​နာ​ရီ​၌​ပင် သင်​တို့​အား​သွန်​သင်​ပေး​တော်​မူ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ခြင်း

13 ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​ထဲ​မှ တစ်​စုံ​တစ်​ဦး​က ကိုယ်​တော်​အား “ဆ​ရာ၊ အ​ကျွန်ုပ်​ကို​အ​မွေ​ခွဲ​ဝေ​ပေး​ရန် အ​ကျွန်ုပ်​၏​အစ်​ကို​အား အ​မိန့်​ရှိ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

14 သို့​သော် ကိုယ်​တော်​က “အ​ချင်း​လူ၊ သင်​တို့​ကို​တ​ရား​စီ​ရင်​သူ သို့​မ​ဟုတ် သင်​တို့​၏​ခုံ​လူ​ကြီး​အ​ဖြစ် မည်​သူ​သည် ငါ့​ကို​ခန့်​ထား​သ​နည်း”​ဟု သူ့​အား​မိန့်​တော်​မူ​၏။

15 ထို့​နောက် လူ​တို့​အား “လော​ဘ​လွန်​ကျူး​ခြင်း​အ​မျိုး​မျိုး​ကို သ​တိ​ပြု​၍​ရှောင်​ကြဉ်​ကြ​လော့။ အ​ကြောင်း​မူ​ကား လူ​၏​အ​သက်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​မှု​အ​ပေါ်​၌​တည်​သည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ၏။

16 တစ်​ဖန် သူ​တို့​အား ပုံ​ဥ​ပ​မာ​တစ်​ခု​မြွက်​ဆို​တော်​မူ​သည်​မှာ “သူ​ဌေး​တစ်​ဦး​သည် မိ​မိ​လယ်​ကွင်း​မှ​အ​သီး​အ​နှံ​ကောင်း​စွာ​ထွက်​သ​ဖြင့်

17 ‘ငါ​၏​အ​သီး​အ​နှံ​များ​ကို​သို​ထား​ရန် နေ​ရာ​မ​ရှိ။ ငါ​သည် မည်​သို့​ပြု​ရ​မည်​နည်း’​ဟု မိ​မိ​စိတ်​ထဲ​၌​တွေး​တော​ဆင်​ခြင်​လေ​၏။

18 ထို့​နောက် သူ​က ‘ငါ​ဤ​သို့​ပြု​မည်။ ငါ့​ကျီ​များ​ကို​ဖျက်​၍ ပို​မို​ကြီး​မား​သော​ကျီ​များ​ကို​ဆောက်​ပြီး​လျှင် ငါ​၏​ဂျုံ​ဆန်​နှင့်​ကောင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ထို​နေ​ရာ​တွင် စု​သိမ်း​ထား​မည်။

19 ငါ​၏​ဝိ​ညာဉ်​ကို​လည်း အ​ချင်း​ဝိ​ညာဉ်၊ ကောင်း​သော​အ​ရာ​အ​မြောက်​အ​မြား​တို့​ကို နှစ်​ပေါင်း​များ​စွာ​အ​တွက် သို​မှီး​ထား​လျက်​ရှိ​ပြီ။ အ​နား​ယူ​လော့။ စား​သောက်​ပျော်​မွေ့​လော့​ဟူ​၍ ငါ​ပြော​မည်’​ဟု ဆို​လေ​၏။

20 သို့​သော် ဘု​ရား​သ​ခင်​သည် ထို​သူ​အား ‘အ​ချင်း​လူ​မိုက်၊ ဤ​ည​၌​ပင် သင့်​ဝိ​ညာဉ်​ကို သင့်​ထံ​မှ​ရုပ်​သိမ်း​ကြ​လိမ့်​မည်။ သို့​ဖြစ်​လျှင် သင်​ပြင်​ဆင်​ထား​သော​အ​ရာ​များ​သည် မည်​သူ့​ဥစ္စာ​ဖြစ်​လိမ့်​မည်​နည်း’​ဟု မိန့်​တော်​မူ​၏။

21 မိ​မိ​အ​တွက် ဥစ္စာ​များ​ကို​သို​မှီး​ထား​သော်​လည်း ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ ကြွယ်​ဝ​ခြင်း​မ​ရှိ​သော​သူ​သည် ဤ​သူ​ဌေး​နှင့်​တူ​၏”​ဟု မိန့်​တော်​မူ​၏။

မ​စိုး​ရိမ်​နှင့်

22 ထို့​နောက် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “သို့​ဖြစ်​၍ သင်​တို့​အား ငါ​ဆို​မည်။ အ​သက်​ရှင်​ရေး​အ​တွက် မည်​သည့်​အ​ရာ​ကို​စား​ရ​မည်​နည်း​ဟူ​၍​လည်း​ကောင်း၊ ကိုယ်​ခန္ဓာ​အ​တွက် မည်​သည့်​အ​ရာ​ကို​ဝတ်​ရ​မည်​နည်း​ဟူ​၍​လည်း​ကောင်း မ​စိုး​ရိမ်​ကြ​နှင့်။

23 အ​ကြောင်း​မူ​ကား အ​သက်​သည် အ​စာ​ထက် အ​ရေး​ကြီး​၏။ ကိုယ်​ခန္ဓာ​သည်​လည်း အ​ဝတ်​ထက် အ​ရေး​ကြီး​၏။

24 ကျီး​ကန်း​များ​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုး​ကြဲ​ခြင်း​မ​ရှိ။ ရိတ်​သိမ်း​ခြင်း​လည်း​မ​ရှိ။ သို​လှောင်​ရုံ​များ​နှင့် ကျီ​များ​လည်း​မ​ရှိ။ သို့​သော် ဘု​ရား​သ​ခင်​သည် ၎င်း​တို့​ကို​ကျွေး​မွေး​တော်​မူ​၏။ သင်​တို့​သည် ငှက်​တို့​ထက် များ​စွာ​အ​ဖိုး​ထိုက်​ကြ​၏။

25 သင်​တို့​တွင် မည်​သူ​သည် စိုး​ရိမ်​သော​အား​ဖြင့် မိ​မိ​၏​အ​သက်​ကို တစ်​တောင်​ခန့်​မျှ ပို​၍​ရှည်​စေ​နိုင်​သ​နည်း။

26 ထို​သို့ သေး​ငယ်​သော​အ​မှု​ကို​ပင် မ​တတ်​နိုင်​ကြ​လျှင် အ​ဘယ်​ကြောင့် အ​ခြား​သော​အ​မှု​များ​အ​တွက် စိုး​ရိမ်​ကြ​သ​နည်း။

27 နှင်း​ပန်း​များ မည်​ကဲ့​သို့​ကြီး​ထွား​ကြ​သည်​ကို ဆင်​ခြင်​ကြ​လော့။ ၎င်း​တို့​သည် အ​လုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။ သို့​သော် သင်​တို့​အား ငါ​ဆို​မည်။ မိ​မိ​၏​ဘုန်း​အ​သ​ရေ​ဖြင့်​ပြည့်​ဝ​လျက်​ရှိ​သော ရှော​လ​မုန်​ပင်​လျှင် ဤ​နှင်း​ပန်း​တစ်​ပွင့်​ကဲ့​သို့ မ​ဆင်​မြန်း​ခဲ့​ရ​ပေ။

28 ယုံ​ကြည်​ခြင်း​အား​နည်း​သော​သူ​တို့၊ ယ​နေ့​ရှင်​သန်​လျက်​ရှိ​သော်​လည်း မ​နက်​ဖြန်​မီး​ဖို​ထဲ​သို့​ပစ်​ချ​ခံ​ရ​မည့် တော​မြက်​ပင်​ကို​ပင် ဘု​ရား​သ​ခင်​သည် ဤ​မျှ​လောက်​ဆင်​ယင်​ပေး​တော်​မူ​လျှင် သင်​တို့​ကို မည်​မျှ​ပို​၍​ဆင်​ယင်​ပေး​တော်​မူ​လိမ့်​မည်​နည်း။

29 ထို့​ကြောင့် သင်​တို့​သည် မည်​သည့်​အ​ရာ​ကို​စား​ရ​မည်​နည်း၊ မည်​သည့်​အ​ရာ​ကို​သောက်​ရ​မည်​နည်း​ဟု မ​ရှာ​ကြံ​ကြ​နှင့်။ စိုး​ရိမ်​ပူ​ပန်​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။

30 အ​ကြောင်း​မူ​ကား ဤ​လော​က​ရှိ လူ​မျိုး​ခြား​အ​ပေါင်း​တို့​သည် ဤ​အ​ရာ​များ​ကို ကြိုး​စား​ရှာ​ဖွေ​တတ်​ကြ​၏။ သို့​သော် သင်​တို့​အ​ဖ​သည် ဤ​အ​ရာ​များ​ကို သင်​တို့​လို​အပ်​ကြောင်း သိ​တော်​မူ​၏။

31 သို့​ဖြစ်​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို​ရှာ​ကြ​လော့။ ထို​အ​ခါ ဤ​အ​ရာ​များ​ကို သင်​တို့​အား ထပ်​လောင်း​၍​ပေး​တော်​မူ​လိမ့်​မည်။

32 သိုး​စု​ငယ်၊ မ​ကြောက်​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​အ​ဖ​သည် သင်​တို့​အား နိုင်​ငံ​တော်​ပေး​ရ​သည်​ကို နှစ်​သက်​တော်​မူ​၏။

33 သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​၍ ပေး​ကမ်း​စွန့်​ကြဲ​ကြ​လော့။ မိ​မိ​တို့​အ​တွက် မ​ဟောင်း​နွမ်း​နိုင်​သော ပိုက်​ဆံ​အိတ်​များ​ကို​ပြု​လုပ်​ကြ​၍ သူ​ခိုး​မ​ကပ်၊ ပိုး​မွှား​လည်း​မ​ဖျက်​ဆီး​ရာ ကောင်း​ကင်​ဘုံ​၌ မ​ကုန်​ခန်း​နိုင်​သော​ဥစ္စာ​ဘဏ္ဍာ​ကို သို​မှီး​ကြ​လော့။

34 အ​ကြောင်း​မူ​ကား သင်​တို့​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေ​ရာ​၌ သင်​တို့​၏​စိတ်​နှ​လုံး​လည်း​ရောက်​တတ်​၏။

35 သင်​တို့​သည် ခါး​ကို​စည်း​လျက် ဆီ​မီး​တို့​ကို​ထွန်း​ထား​ကြ​လော့။

36 မိ​မိ​တို့​၏​သ​ခင်​သည် မင်္ဂ​လာ​ဆောင်​ပွဲ​မှ​ပြန်​လာ​၍ တံ​ခါး​ခေါက်​သော​အ​ခါ သူ့​အ​တွက် ချက်​ချင်း​တံ​ခါး​ဖွင့်​ပေး​နိုင်​ရန် သ​ခင်​ကို​စောင့်​နေ​သူ​များ​ကဲ့​သို့​ဖြစ်​ကြ​လော့။

37 သ​ခင်​ပြန်​လာ​သော​အ​ခါ သ​တိ​နှင့်​စောင့်​နေ​ကြ​သည်​ကို သ​ခင်​တွေ့​ရ​သော​အ​စေ​အ​ပါး​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား သ​ခင်​သည် မိ​မိ​ခါး​ကို​စည်း​လျက် သူ​တို့​ကို​ထိုင်​စေ​ပြီး​လျှင် အ​နား​သို့​လာ​၍ သူ​တို့​ကို​လုပ်​ကျွေး​ပြု​စု​လိမ့်​မည်။

38 သ​ခင်​သည် ညဥ့်​နက်​အ​ချိန်​၌​ဖြစ်​စေ၊ သန်း​ခေါင်​ကျော်​အ​ချိန်​၌​ဖြစ်​စေ ပြန်​လာ​၍ ထို​သို့​စောင့်​နေ​ကြ​သည်​ကို​တွေ့​မြင်​လျှင် သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

39 အိမ်​ရှင်​သည် သူ​ခိုး​လာ​မည့်​အ​ချိန်​ကို​သိ​ထား​လျှင် မိ​မိ​အိမ်​ကို ဖောက်​ထွင်း​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း သိ​မှတ်​ကြ​လော့။

40 လူ့​သား​သည် သင်​တို့​မ​ထင်​မှတ်​သော​အ​ချိန်​၌ ကြွ​လာ​မည်​ဖြစ်​၍ သင်​တို့​သည်​လည်း အ​သင့်​ရှိ​နေ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

သ​ခင်​ပြန်​လာ​မည့်​အ​ချိန်​အ​တွက် အ​သင့်​ဖြစ်​ခြင်း

41 ထို​အ​ခါ ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ဤ​ပုံ​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အ​တွက်​မိန့်​တော်​မူ​သ​လော သို့​မ​ဟုတ် လူ​အ​ပေါင်း​တို့​အ​တွက်​ပါ မိန့်​တော်​မူ​သ​လော”​ဟု မေး​လျှောက်​၏။

42 သ​ခင်​ဘု​ရား​က​လည်း “မိ​မိ​အိမ်​သူ​အိမ်​သား​များ​အား အ​ချိန်​တန်​သော​အ​ခါ အ​စား​အ​စာ​များ​စီ​စဉ်​ပေး​ရန် သူ​တို့​အ​ပေါ်​သ​ခင်​ခန့်​ထား​သည့် သစ္စာ​နှင့်​ပ​ညာ​သ​တိ​ရှိ​သော​အ​စေ​အ​ပါး​ခေါင်း​ဆောင်​ကား မည်​သူ​နည်း။

43 မိ​မိ​သ​ခင်​ပြန်​လာ​သော​အ​ခါ ထို​သို့​ဆောင်​ရွက်​နေ​သည်​ကို သ​ခင်​တွေ့​ရ​သော​အ​စေ​အ​ပါး​သည် မင်္ဂ​လာ​ရှိ​၏။

44 သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား သ​ခင်​သည် မိ​မိ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို သူ့​အား​ကြီး​ကြပ်​စောင့်​ရှောက်​စေ​လိမ့်​မည်။

45 သို့​သော် ထို​အ​စေ​အ​ပါး​သည် မိ​မိ​စိတ်​ထဲ​၌ ‘ငါ့​သ​ခင်​ပြန်​လာ​ရန် ကြန့်​ကြာ​နေ​၏’​ဟု ဆို​လျက် အ​စေ​ခံ​ယောက်ျား​နှင့်​အ​စေ​ခံ​မိန်း​မ​များ​ကို ရိုက်​နှက်​ကာ စား​သောက်​ယစ်​မူး​လျက်​နေ​လျှင်

46 ထို​အ​စေ​အ​ပါး​၏​သ​ခင်​သည် သူ​မျှော်​လင့်​မ​ထား​သော​နေ့၊ သူ​မ​သိ​သော​အ​ချိန်​တွင် ရောက်​လာ​၍ သူ့​ကို ပြင်း​စွာ​ပြစ်​ဒဏ်​ပေး​ကာ မ​ယုံ​ကြည်​သူ​တို့​နှင့်​အ​တူ နေ​ရာ​ချ​ထား​လိမ့်​မည်။

47 မိ​မိ​သ​ခင်​၏​အ​လို​ကို​သိ​လျက်​ပင် ပြင်​ဆင်​ထား​ခြင်း​မ​ရှိ သို့​မ​ဟုတ် သ​ခင်​၏​အ​လို​အ​တိုင်း​လုပ်​ဆောင်​ခြင်း​မ​ရှိ​သော အ​စေ​အ​ပါး​သည် များ​စွာ​ရိုက်​နှက်​ခြင်း​ခံ​ရ​လိမ့်​မည်။

48 သို့​သော် သ​ခင်​၏​အ​လို​ကို​မ​သိ​ဘဲ ရိုက်​နှက်​ခြင်း​ဒဏ်​နှင့်​ထိုက်​သော​အ​မှု​ကို ပြု​မိ​သော​သူ​သည် အ​နည်း​ငယ်​သာ ရိုက်​နှက်​ခြင်း​ခံ​ရ​မည်။ များ​စွာ​ရ​ရှိ​ထား​သော​သူ​အား​လုံး​ထံ​မှ များ​စွာ​တောင်း​ဆို​လိမ့်​မည်။ များ​စွာ​အပ်​နှံ​ထား​သော​သူ​ထံ​မှ ပို​၍​များ​စွာ​တောင်း​ကြ​လိမ့်​မည်။

49 မြေ​ကြီး​ပေါ်​သို့​မီး​ကျ​လာ​စေ​ရန် ငါ​လာ​၏။ မီး​စွဲ​လောင်​ပြီး​သား​ဖြစ်​ရန်​ပင် ငါ​အ​လွန်​အ​လို​ရှိ​၏။

50 သို့​သော် ငါ​ခံ​မည့်​ဗတ္တိ​ဇံ​တစ်​ပါး​ရှိ​၏။ ထို​အ​မှု​မ​ပြီး​ဆုံး​မီ​တိုင်​အောင် ငါ​သည် ဖိ​စီး​မှု​ကို မည်​မျှ​ခံ​စား​ရ​ပါ​မည်​နည်း။

51 မြေ​ကြီး​ပေါ်​၌ ငြိမ်​သက်​ခြင်း​ကို​ပေး​ရန် ငါ​လာ​သည်​ဟု ထင်​မှတ်​ကြ​သ​လော။ ထို​သို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား ကွဲ​ပြား​စေ​ရန် ငါ​လာ​၏။

52 အ​ကြောင်း​မူ​ကား ယ​ခု​မှ​စ​၍ လူ​ငါး​ယောက်​ရှိ​သည့်​အိမ်​တစ်​အိမ်​တွင် သုံး​ယောက်​သည် နှစ်​ယောက်​ကို​လည်း​ကောင်း၊ နှစ်​ယောက်​သည် သုံး​ယောက်​ကို​လည်း​ကောင်း ဆန့်​ကျင်​လျက် ကွဲ​ပြား​ကြ​လိမ့်​မည်။

53 ဖ​ခင်​သည် သား​ကို​လည်း​ကောင်း၊ သား​သည် ဖ​ခင်​ကို​လည်း​ကောင်း၊ မိ​ခင်​သည် သ​မီး​ကို​လည်း​ကောင်း၊ သ​မီး​သည် မိ​ခင်​ကို​လည်း​ကောင်း၊ ယောက္ခ​မ​သည် ချွေး​မ​ကို​လည်း​ကောင်း၊ ချွေး​မ​သည် ယောက္ခ​မ​ကို​လည်း​ကောင်း ဆန့်​ကျင်​လျက် ကွဲ​ပြား​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

ငြိမ်​သက်​ခြင်း​အ​တွက်​မ​ဟုတ်​ဘဲ ကွဲ​ပြား​ခြင်း​အ​တွက်​လာ​ခြင်း

54 ထို့​နောက် ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “သင်​တို့​သည် အ​နောက်​အ​ရပ်​တွင် မိုး​တိမ်​တက်​လာ​သည်​ကို​မြင်​လျှင် မိုး​သက်​မုန်​တိုင်း​လာ​နေ​ပြီ​ဟု ချက်​ချင်း​ပြော​တတ်​ကြ​၏။ ထို​အ​တိုင်း​လည်း​ဖြစ်​တတ်​၏။

55 တောင်​လေ​တိုက်​လာ​သော​အ​ခါ​၌​လည်း ပူ​အိုက်​လိမ့်​မည်​ဟု​ပြော​တတ်​ကြ​၏။ ထို​အ​တိုင်း​လည်း​ဖြစ်​တတ်​၏။

56 သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့၊ သင်​တို့​သည် မြေ​ကြီး​နှင့်​ကောင်း​ကင်​တို့​၏​အ​သွင်​အ​ပြင်​ကို ပိုင်း​ခြား​၍​သိ​နိုင်​ကြ​သော်​လည်း ဤ​အ​ချိန်​ကာ​လ​ကို အ​ဘယ်​ကြောင့် ပိုင်း​ခြား​၍​မ​သိ​နိုင်​ကြ​သ​နည်း။

57 ထို​မှ​တစ်​ပါး မှန်​ကန်​သည့်​အ​ရာ​ကို အ​ဘယ်​ကြောင့် မိ​မိ​တို့​ကိုယ်​တိုင်​မ​ဆင်​ခြင်​မ​သုံး​သပ်​ကြ​သ​နည်း။

58 သင့်​ကို​တ​ရား​စွဲ​ဆို​သူ​နှင့်​အ​တူ အ​ကြီး​အ​ကဲ​ထံ​သို့​သွား​ကြ​သော​အ​ခါ လမ်း​၌ သူ​နှင့်​ကျေ​အေး​အောင်​ကြိုး​စား​လော့။ သို့​မ​ဟုတ်​ပါ​က သူ​သည် သင့်​ကို တ​ရား​သူ​ကြီး​ထံ​သို့​ဆွဲ​ခေါ်​သွား​၍ တ​ရား​သူ​ကြီး​သည် သင့်​ကို မင်း​မှု​ထမ်း​လက်​သို့​အပ်​သ​ဖြင့် မင်း​မှု​ထမ်း​သည် သင့်​ကို ထောင်​ထဲ​၌ ထည့်​ထား​လိမ့်​မည်။

59 သင့်​အား ငါ​ဆို​မည်။ နောက်​ဆုံး​လတ္တာ​တစ်​ပြား​ကို သင်​ပြန်​၍​မ​ဆပ်​မ​ချင်း ထို​နေ​ရာ​မှ လုံး​ဝ​ထွက်​ရ​မည်​မ​ဟုတ်”​ဟု​မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24