ရှင်​လု​ကာ​ခ​ရစ်​ဝင် 6 MSB

ဥ​ပုသ်​နေ့​၏​အ​ရှင်​သ​ခင်

1 တစ်​နေ့​သော​ဥ​ပုသ်​နေ့​၌ ကိုယ်​တော်​သည် ဂျုံ​ခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်​မူ​ရာ တ​ပည့်​တော်​တို့​သည် ဂျုံ​နှံ​များ​ကို​ဆွတ်​ခူး​၍ လက်​နှင့်​ပွတ်​နယ်​ပြီး​စား​ကြ​၏။

2 ထို​အ​ခါ ဖာ​ရိ​ရှဲ​အ​ချို့​တို့​က “သင်​တို့​သည် ဥ​ပုသ်​နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အ​ရာ​ကို အ​ဘယ်​ကြောင့်​ပြု​ကြ​သ​နည်း”​ဟု ဆို​ကြ​၏။

3 ယေ​ရှု​က​လည်း “ဒါ​ဝိဒ်​သည် သူ​မှ​စ​၍ သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့​ဆာ​လောင်​ကြ​သော​အ​ခါ မည်​သည့်​အ​ရာ​ပြု​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သ​လော။

4 သူ​သည် ဘု​ရား​သ​ခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​မှ​တစ်​ပါး အ​ခြား​မည်​သူ​မျှ​စား​ခွင့်​မ​ရှိ​သော ရှေ့​တော်​မုန့်​ကို​ယူ​စား​ပြီး​လျှင် သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့​ကို​လည်း ပေး​ခဲ့​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​ပြီး​လျှင်

5 “လူ့​သား​သည် ဥ​ပုသ်​နေ့​၏​အ​ရှင်​သ​ခင်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

လက်​ယာ​လက်​သေ​သော​သူ​ကို အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​ခြင်း

6 အ​ခြား​သော​ဥ​ပုသ်​နေ့​၌ ကိုယ်​တော်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ သွန်​သင်​တော်​မူ​၏။ ထို​နေ​ရာ​၌ လက်​ယာ​လက်​သေ​သော​သူ​တစ်​ဦး​လည်း​ရှိ​၏။

7 ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​ကို စွပ်​စွဲ​စ​ရာ​အ​ကြောင်း တွေ့​ရှိ​နိုင်​ရန်​အ​တွက် ကိုယ်​တော်​သည် ဥ​ပုသ်​နေ့​၌ အ​နာ​ရော​ဂါ​ငြိမ်း​စေ​မည်​မ​ငြိမ်း​စေ​မည်​ကို စောင့်​ကြည့်​နေ​ကြ​၏။

8 ကိုယ်​တော်​သည် သူ​တို့​၏​တွေး​တော​ဆင်​ခြင်​မှု​များ​ကို သိ​တော်​မူ​သ​ဖြင့် လက်​သေ​သော​သူ​အား “ထ​၍ အား​လုံး​ရှေ့​၌​မတ်​တတ်​ရပ်​လော့”​ဟု မိန့်​တော်​မူ​ရာ သူ​သည်​ထ​၍ မတ်​တတ်​ရပ်​လေ​၏။

9 ထို​အ​ခါ ယေ​ရှု​သည် ထို​သူ​တို့​အား “သင်​တို့​ကို ငါ​မေး​မည်။ တ​ရား​တော်​အ​ရ ဥ​ပုသ်​နေ့​၌ ကောင်း​သော​အ​မှု​ကို​ပြု​အပ်​သ​လော သို့​မ​ဟုတ် ဆိုး​သော​အ​မှု​ကို​ပြု​အပ်​သ​လော။ အ​သက်​ကို​ကယ်​အပ်​သ​လော သို့​မ​ဟုတ် ဖျက်​ဆီး​အပ်​သ​လော”​ဟု မေး​တော်​မူ​၏။

10 ထို့​နောက် ထို​သူ​အ​ပေါင်း​တို့​ကို ပတ်​ပတ်​လည်​ကြည့်​ရှု​တော်​မူ​ပြီး လက်​တစ်​ဖက်​သေ​သော​သူ​အား “သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်​မူ​၏။ သူ​သည်​လည်း​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လေ​၏။

11 ထို​အ​ခါ သူ​တို့​သည် ဒေါ​သ​စိတ်​မွှန်​၍ ယေ​ရှု​အား မည်​သို့​ပြု​ရ​မည်​ကို အ​ချင်း​ချင်း​တိုင်​ပင်​ကြ​၏။

တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး

12 ထို​နေ့​ရက်​များ​၌ ကိုယ်​တော်​သည် ဆု​တောင်း​ရန် တောင်​ပေါ်​သို့​ကြွ​၍ ဘု​ရား​သ​ခင်​ထံ တစ်​ည​လုံး​ဆု​တောင်း​လျက်​နေ​တော်​မူ​၏။

13 မိုး​လင်း​သော​အ​ခါ တ​ပည့်​တော်​များ​ကို​ခေါ်​၍ ထို​သူ​တို့​အ​ထဲ​မှ တစ်​ဆယ့်​နှစ်​ပါး​တို့​ကို​ရွေး​ကောက်​ပြီး​လျှင် တ​မန်​တော်​ဟူ​၍ ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၏။ ထို​သူ​တို့​မှာ

14 ပေ​တ​ရု​ဟု​ကိုယ်​တော်​မှည့်​ခေါ်​ထား​သော​ရှိ​မုန်​နှင့် သူ​၏​ညီ​အန္ဒြေ၊ ယာ​ကုပ်​နှင့်​ယော​ဟန်၊ ဖိ​လိပ္ပု​နှင့်​ဗာ​သော​လ​မဲ၊

15 မဿဲ​နှင့်​သော​မ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်​နှင့် မျိုး​ချစ်​ပုဂ္ဂိုလ်​ဟု​ခေါ်​ကြ​သော​ရှိ​မုန်၊

16 ယာ​ကုပ်​၏​သား​ယု​ဒ​နှင့် သစ္စာ​ဖောက်​သော​သူ​ဖြစ်​သွား​သည့် ယု​ဒ​ဣ​ရှ​ကာ​ရုတ်​တို့​ဖြစ်​ကြ​၏။

ဟော​ပြော​သွန်​သင်​ခြင်း​နှင့် လူ​နာ​တို့​ကို​ကျန်း​မာ​စေ​တော်​မူ​ခြင်း

17 ထို့​နောက် ကိုယ်​တော်​သည် သူ​တို့​နှင့်​အ​တူ တောင်​ပေါ်​မှ​ကြွ​ဆင်း​လာ​၍ မြေ​ပြန့်​သည့်​အ​ရပ်​တွင် ရပ်​တော်​မူ​၏။ ထို​နေ​ရာ​၌ တ​ပည့်​တော်​တို့​၏​အ​စု​အ​ဝေး​ကြီး​မှ​စ​၍ ယု​ဒ​နယ်​အ​ရပ်​ရပ်​တို့​နှင့် ဂျေ​ရု​ဆ​လင်​မြို့​မှ​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ​ရှိ တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​မှ​လည်း​ကောင်း လာ​ကြ​သော လူ​အ​မြောက်​အ​မြား​ရှိ​ကြ​၏။

18 သူ​တို့​သည် တ​ရား​တော်​ကို​ကြား​နာ​ရန်​နှင့် မိ​မိ​တို့​ရော​ဂါ​များ​ငြိမ်း​စေ​ခြင်း​ကို​ခံ​ယူ​ရန် ရောက်​လာ​သူ​များ​ဖြစ်​ကြ​၏။ ညစ်​ညူး​သော​နတ်​တို့​၏​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော​သူ​များ​သည်​လည်း အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​ကြ​၏။

19 ကိုယ်​တော်​ထံ​မှ​တန်​ခိုး​တော်​ထွက်​၍ လူ​အ​ပေါင်း​တို့​ကို​ကျန်း​မာ​စေ​သော​ကြောင့် လူ​ထု​ပ​ရိ​သတ်​အား​လုံး​သည် ကိုယ်​တော်​ကို​တို့​ထိ​နိုင်​ရန် ကြိုး​စား​ကြ​၏။

မင်္ဂ​လာ​ရှိ​သူ​များ

20 ထို​အ​ခါ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ဘက်​သို့​မျက်​နှာ​မူ​လျက် မြွက်​ဆို​တော်​မူ​သည်​မှာ “ဆင်း​ရဲ​နွမ်း​ပါး​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၏​နိုင်​ငံ​ဖြစ်​၏။

21 ယ​ခု​ဆာ​လောင်​နေ​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ဝ​ပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ ယ​ခု​ငို​ကြွေး​နေ​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ရယ်​မော​ကြ​လိမ့်​မည်။

22 လူ့​သား​ကြောင့် လူ​တို့​သည် သင်​တို့​ကို​မုန်း​တီး​သော​အ​ခါ​၌​လည်း​ကောင်း၊ သင်​တို့​ကို​ဝိုင်း​ပယ်​၍ ကဲ့​ရဲ့​ပြစ်​တင်​ကာ သင်​တို့​၏​နာ​မည်​ကို​ဖျက်​သော​အ​ခါ​၌​လည်း​ကောင်း သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

23 ထို​နေ့​ရက်​၌ ဝမ်း​မြောက်​လျက် က​ခုန်​ကြ​လော့။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​ဘုံ​၌ သင်​တို့​၏​ဆု​လာဘ်​သည် ကြီး​မား​လှ​ပေ​၏။ သူ​တို့​၏​ဘိုး​ဘေး​များ​သည်​လည်း ပ​ရော​ဖက်​များ​ကို ထို​နည်း​တူ​ပြု​ကြ​၏။

24 သို့​သော် ချမ်း​သာ​သော​သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် မိ​မိ​တို့​ခံ​စား​ရ​မည့်​နှစ်​သိမ့်​မှု​ကို​ရ​ရှိ​ကြ​ပြီ​ဖြစ်​၏။

25 ယ​ခု ဝ​လင်​စွာ​စား​ရ​သော​သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ဆာ​လောင်​ကြ​လိမ့်​မည်။ ယ​ခု ရယ်​မော​သော​သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ဝမ်း​နည်း​ကြေ​ကွဲ​လျက် ငို​ကြွေး​ကြ​လိမ့်​မည်။

26 လူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို​ချီး​မွမ်း​ကြ​သော​အ​ခါ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​၏​ဘိုး​ဘေး​များ​သည် ပ​ရော​ဖက်​အ​တု​အ​ယောင်​များ​အ​ပေါ် ထို​နည်း​တူ​ပြု​ကြ​၏။

27 သို့​သော် ယ​ခု​နား​ထောင်​နေ​သော သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်​သူ​များ​ကို ချစ်​ကြ​လော့။ သင်​တို့​ကို​မုန်း​သော​သူ​တို့​အ​ပေါ် ကောင်း​စွာ​ပြု​ကြ​လော့။

28 သင်​တို့​ကို​ကျိန်​ဆဲ​သော​သူ​တို့​အား ကောင်း​ချီး​ပေး​ကြ​လော့။ သင်​တို့​ကို​ကဲ့​ရဲ့​ရှုတ်​ချ​သော​သူ​တို့​အ​တွက် ဆု​တောင်း​ပေး​ကြ​လော့။

29 သင်​၏​ပါး​တစ်​ဖက်​ကို​ရိုက်​သော​သူ​အား နောက်​တစ်​ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင်​၏​ဝတ်​ရုံ​ကို​ယူ​သော​သူ​အား အင်္ကျီ​ကို​လည်း ယူ​ခွင့်​ပေး​ဦး​လော့။

30 သင့်​ထံ တောင်း​သော​သူ​တိုင်း​အား ပေး​ကမ်း​လော့။ သင့်​ပစ္စည်း​များ​ကို​ယူ​သွား​သော​သူ​တို့​ထံ​မှ ပြန်​၍​မ​တောင်း​နှင့်။

31 သင်​တို့​သည် သူ​တစ်​ပါး​အား​သင်​တို့​အ​ပေါ်​ပြု​စေ​လို​သည့်​အ​တိုင်း သူ​တစ်​ပါး​အ​ပေါ်​ပြု​ကြ​လော့။

32 သင်​တို့​ကို​ချစ်​သော​သူ​တို့​အား သင်​တို့​ချစ်​လျှင် သင်​တို့​၌ မည်​သည့်​ဂုဏ်​ယူ​စ​ရာ​ရှိ​သ​နည်း။ အ​ကြောင်း​မူ​ကား အ​ပြစ်​သား​တို့​ပင်​လျှင် မိ​မိ​တို့​အား​ချစ်​သော​သူ​တို့​ကို ချစ်​ကြ​၏။

33 သင်​တို့​အ​တွက် ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​တို့​အ​ပေါ် ကောင်း​သော​အ​မှု​ကို​ပြု​လျှင် သင်​တို့​၌ မည်​သည့်​ဂုဏ်​ယူ​စ​ရာ​ရှိ​သ​နည်း။ အ​ကြောင်း​မူ​ကား အ​ပြစ်​သား​တို့​ပင်​လျှင် ထို​နည်း​တူ​ပြု​ကြ​၏။

34 ပြန်​လည်​ရ​ရှိ​မည်​ဟု​မျှော်​လင့်​လျက် သူ​တစ်​ပါး​အား​သင်​တို့​ချေး​ငှား​လျှင် သင်​တို့​၌ မည်​သည့်​ဂုဏ်​ယူ​စ​ရာ​ရှိ​သ​နည်း။ အ​ပြစ်​သား​တို့​ပင်​လျှင် မူ​လ​ပ​မာ​ဏ​အ​တိုင်း​ပြန်​လည်​ရ​ရှိ​ရန် သူ​တို့​အ​ချင်း​ချင်း​ချေး​ငှား​ကြ​၏။

35 သို့​သော် သင်​တို့​သည် သင်​တို့​၏​ရန်​သူ​များ​ကို ချစ်​ကြ​လော့။ ကောင်း​သော​အ​မှု​ကို​ပြု​ကြ​လော့။ မည်​သည့်​အ​ရာ​မျှ ပြန်​လည်​ရ​ရှိ​ရန်​မ​မျှော်​လင့်​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​ရ​ရှိ​မည့်​ဆု​လာဘ်​သည်​ကြီး​မား​၍ သင်​တို့​သည် အ​မြင့်​ဆုံး​သော​ဘု​ရား​၏​သား​သ​မီး​များ​ဖြစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ထို​အ​ရှင်​သည် ကျေး​ဇူး​မ​သိ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​အား​လည်း ကျေး​ဇူး​ပြု​တော်​မူ​၏။

36 သင်​တို့​၏​အ​ဖ​သည် က​ရု​ဏာ​နှင့်​ပြည့်​စုံ​တော်​မူ​သည့်​နည်း​တူ သင်​တို့​သည်​လည်း က​ရု​ဏာ​နှင့်​ပြည့်​စုံ​ကြ​လော့။

37 သူ​တစ်​ပါး​ကို​မ​စီ​ရင်​ကြ​နှင့်။ သို့​ပြု​လျှင် သင်​တို့​သည်​လည်း စီ​ရင်​ခြင်း​ကို လုံး​ဝ​ခံ​ရ​မည်​မ​ဟုတ်။ သူ​တစ်​ပါး​ကို​အ​ပြစ်​ရှိ​သည်​ဟု​မ​သတ်​မှတ်​ကြ​နှင့်။ သို့​ပြု​လျှင် သင်​တို့​သည်​လည်း အ​ပြစ်​ရှိ​သည်​ဟု​သတ်​မှတ်​ခြင်း​ကို လုံး​ဝ​ခံ​ရ​မည်​မ​ဟုတ်။ သူ​တစ်​ပါး​ကို​ခွင့်​လွှတ်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​သည်​လည်း ခွင့်​လွှတ်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။

38 ပေး​ကမ်း​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​ကို​လည်း ပေး​ကမ်း​လိမ့်​မည်။ အ​လျှံ​ပယ်​သိပ်​လျက်၊ ခါ​လျက်၊ ပြည့်​လျှံ​အောင် သင်​တို့​အိတ်​ထဲ​သို့ ထည့်​ပေး​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သင်​တို့​တိုင်း​တာ​ခြင်​တွယ်​သည့်​စံ​နှုန်း​အ​တိုင်း သင်​တို့​အ​တွက် တိုင်း​တာ​ခြင်​တွယ်​ပေး​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

အမင်္ဂ​လာ​ရှိ​သူ​များ

39 ထို့​နောက် သူ​တို့​အား​ပုံ​ဥ​ပ​မာ​တစ်​ခု မြွက်​ဆို​တော်​မူ​သည်​မှာ “မျက်​မ​မြင်​သည် မျက်​မ​မြင်​ကို လမ်း​ပြ​နိုင်​သ​လော။ နှစ်​ဦး​စ​လုံး​တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​မ​ဟုတ်​လော။

40 တ​ပည့်​သည် ဆ​ရာ​ထက် မြတ်​သည်​မ​ဟုတ်။ သို့​သော် ပြည့်​စုံ​စွာ​သင်​ယူ​တတ်​မြောက်​သော​သူ​တိုင်း​သည် မိ​မိ​ဆ​ရာ​ကဲ့​သို့​ဖြစ်​လိမ့်​မည်။

41 သင်​သည် မိ​မိ​မျက်​စိ​၌​ရှိ​သော​သစ်​တုံး​ကို သ​တိ​မ​မူ​ဘဲ သင့်​ညီ​အစ်​ကို​၏​မျက်​စိ​၌​ရှိ​သော​သစ်​အ​မှုန်​အ​စ​ကို အ​ဘယ်​ကြောင့်​မြင်​သ​နည်း။

42 သင်​သည် မိ​မိ​မျက်​စိ​ထဲ​မှ သစ်​တုံး​ကို​မ​မြင်​ဘဲ ‘ညီ​အစ်​ကို၊ သင်​၏​မျက်​စိ​ထဲ​မှ သစ်​အ​မှုန်​အ​စ​ကို ထုတ်​ပေး​ပါ​ရ​စေ’​ဟု သင့်​ညီ​အစ်​ကို​အား မည်​သို့​ပြော​နိုင်​မည်​နည်း။ သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ၊ သင်​၏​မျက်​စိ​ထဲ​မှ သစ်​တုံး​ကို ဦး​စွာ​ထုတ်​ပစ်​လော့။ ထို​အ​ခါ သင့်​ညီ​အစ်​ကို​၏​မျက်​စိ​ထဲ​မှ သစ်​အ​မှုန်​အ​စ​ကို​ထုတ်​ပစ်​ရန် ရှင်း​လင်း​စွာ​မြင်​ရ​လိမ့်​မည်။

43 မ​ကောင်း​သော​အ​သီး​ကို​သီး​သော ကောင်း​သည့်​အ​ပင်​မ​ရှိ။ ကောင်း​သော​အ​သီး​ကို​သီး​သော မ​ကောင်း​သည့်​အ​ပင်​လည်း​မ​ရှိ။

44 အ​ပင်​တိုင်း​ကို ၎င်း​၏​အ​သီး​အား​ဖြင့် သိ​ရ​၏။ အ​ကြောင်း​မူ​ကား ဆူး​ပင်​မှ သ​ဖန်း​သီး​ကို​ဆွတ်​ခူး​၍​မ​ရ​နိုင်။ ချုံ​ပုတ်​မှ​လည်း စ​ပျစ်​သီး​ကို​မ​စု​သိမ်း​နိုင်။

45 ကောင်း​သော​သူ​သည် ကောင်း​သော​အ​ရာ​ကို ကောင်း​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။ မ​ကောင်း​သော​သူ​သည်​လည်း မ​ကောင်း​သော​အ​ရာ​ကို မ​ကောင်း​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။ အ​ကြောင်း​မူ​ကား စိတ်​နှ​လုံး​၌​ပြည့်​လျှံ​နေ​သည့်​အ​ရာ​ကို နှုတ်​က​ပြော​ဆို​တတ်​၏။

46 သင်​တို့​သည် ငါ့​ကို ‘သ​ခင်၊ သ​ခင်’​ဟု ခေါ်​ကြ​ပြီး အ​ဘယ်​ကြောင့် ငါ​ပြော​သော​အ​ရာ​ကို​မ​ကျင့်​သုံး​ဘဲ​နေ​ကြ​သ​နည်း။

47 ငါ့​ထံ​သို့​လာ​ပြီး ငါ့​တ​ရား​စ​ကား​တို့​ကို​ကြား​၍ ကျင့်​သုံး​သော​သူ​တိုင်း​သည် မည်​သူ​နှင့်​တူ​သည်​ကို သင်​တို့​အား ငါ​ပြော​ပြ​မည်။

48 သူ​သည် မြေ​ကို​နက်​စွာ​တူး​ပြီး​လျှင် ကျောက်​ပေါ်​၌ အုတ်​မြစ်​ချ​၍ အိမ်​ဆောက်​သော​သူ​နှင့်​တူ​၏။ ရေ​လွှမ်း​မိုး​၍ မြစ်​ရေ​သည် ထို​အိမ်​ကို​ရိုက်​ခတ်​သော်​လည်း ခိုင်​ခံ့​စွာ​တည်​ဆောက်​ထား​သော​ကြောင့် ထို​အိမ်​ကို​မ​လှုပ်​ရှား​စေ​နိုင်။

49 သို့​သော် ကြား​၍ မ​ကျင့်​သုံး​သော​သူ​မူ​ကား အုတ်​မြစ်​မ​ချ​ဘဲ မြေ​ပေါ်​၌​အိမ်​ဆောက်​သော​သူ​နှင့်​တူ​၏။ မြစ်​ရေ​သည် ထို​အိမ်​ကို​ရိုက်​ခတ်​သော​အ​ခါ ချက်​ချင်း​ပြို​လဲ​သွား​လေ​၏။ ထို​အိမ်​၏​ပျက်​စီး​မှု​သည်​လည်း ကြီး​မား​လှ​ပေ​၏”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24