ရှင်​လု​ကာ​ခ​ရစ်​ဝင် 10 MSB

အ​ယောက်​ခု​နစ်​ဆယ်​ကို​စေ​လွှတ်​တော်​မူ​ခြင်း

1 ထို့​နောက် သ​ခင်​ဘု​ရား​သည် အ​ခြား​သော​သူ အ​ယောက်​ခု​နစ်​ဆယ်​တို့​ကို​ခန့်​ထား​၍ ကြွ​တော်​မူ​ရန်​ကြံ​ရွယ်​ထား​သော မြို့​ရွာ​အ​ရပ်​ရပ်​သို့ မိ​မိ​ရှေ့​မှ​နှစ်​ဦး​စီ​နှစ်​ဦး​စီ စေ​လွှတ်​တော်​မူ​၏။

2 ကိုယ်​တော်​သည် ထို​သူ​တို့​အား “ရိတ်​သိမ်း​စ​ရာ​များ​စွာ​ရှိ​သော်​လည်း လုပ်​သား​သည်​နည်း​လှ​၏။ ထို့​ကြောင့် ရိတ်​သိမ်း​ခြင်း​အ​တွက် လုပ်​သား​များ​ကို​စေ​လွှတ်​ပေး​တော်​မူ​ရန် ရိတ်​သိမ်း​ခြင်း​၏​အ​ရှင်​ထံ ဆု​တောင်း​ကြ​လော့။

3 သွား​ကြ။ ဝံ​ပု​လွေ​များ​ထဲ​သို့ သိုး​သ​ငယ်​များ​ကို​စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်​၏။

4 ပိုက်​ဆံ​အိတ်၊ လွယ်​အိတ်​နှင့် ဖိ​နပ်​တို့​ကို မ​ယူ​သွား​ကြ​နှင့်။ လမ်း​၌ မည်​သူ့​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။

5 မည်​သည့်​အိမ်​သို့​မ​ဆို သင်​တို့​ဝင်​ကြ​သော​အ​ခါ ‘ဤ​အိမ်​၌ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ’​ဟူ​၍ ဦး​စွာ​နှုတ်​ဆက်​ကြ​လော့။

6 ထို​နေ​ရာ​တွင် ငြိမ်​သက်​ခြင်း​၏​သား​ရှိ​လျှင် သင်​တို့​၏​ငြိမ်​သက်​ခြင်း​သည် ထို​သူ​အ​ပေါ်​သက်​ရောက်​လိမ့်​မည်။ မ​ရှိ​လျှင်​မူ​ကား ထို​ငြိမ်​သက်​ခြင်း​သည် သင်​တို့​ထံ​ပြန်​လာ​လိမ့်​မည်။

7 ထို​တစ်​အိမ်​တည်း​မှာ​ပင် တည်း​ခို​၍ သူ​တို့​ထံ​၌ စား​သောက်​ကြ​လော့။ အ​ကြောင်း​မူ​ကား အ​လုပ်​လုပ်​သော​သူ​သည် လုပ်​အား​ခ​ကို​ရ​ထိုက်​၏။ တစ်​အိမ်​မှ တစ်​အိမ်​သို့ မ​ပြောင်း​ကြ​နှင့်။

8 မည်​သည့်​မြို့​သို့​မ​ဆို သင်​တို့​ဝင်​၍ လူ​တို့​သည် သင်​တို့​ကို​လက်​ခံ​လျှင် သင်​တို့​ရှေ့​၌​တည်​ခင်း​သော​အ​ရာ​များ​ကို စား​ကြ​လော့။

9 ထို​မြို့​ရှိ နာ​မ​ကျန်း​ဖြစ်​သူ​များ​ကို​ကျန်း​မာ​စေ​၍ ‘ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၌​ပေါ်​ထွန်း​လု​နီး​ပြီ’​ဟု သူ​တို့​အား ဟော​ပြော​ကြ​လော့။

10 မည်​သည့်​မြို့​သို့​မ​ဆို သင်​တို့​ဝင်​၍ လူ​တို့​သည် သင်​တို့​ကို​လက်​မ​ခံ​လျှင် ထို​မြို့​၏​လမ်း​မ​ပေါ်​သို့ ထွက်​ပြီး​လျှင်

11 ‘ငါ​တို့​ခြေ​တွင်​ကပ်​နေ​သည့် သင်​တို့​မြို့​မှ မြေ​မှုန့်​ကို​ပင် ငါ​တို့​ခါ​ချ​ခဲ့​၏။ သို့​သော် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၌​ပေါ်​ထွန်း​လု​နီး​ပြီ​ဖြစ်​ကြောင်း သိ​မှတ်​ကြ​လော့’​ဟု ဟော​ပြော​ကြ​လော့။

12 သင်​တို့​အား ငါ​ဆို​မည်။ ထို​နေ့​၌ သော​ဒုံ​မြို့​သည် ထို​မြို့​ထက် ခံ​သာ​လိမ့်​မည်။

13 ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အမင်္ဂ​လာ​ရှိ​၏။ ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အမင်္ဂ​လာ​ရှိ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​၌​ပြု​ခဲ့​သော​တန်​ခိုး​လက္ခ​ဏာ​များ​ကို တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​၌​ပြု​ခဲ့​လျှင် သူ​တို့​သည် ရှေး​ယ​ခင်​က​ပင် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​လျက် ပြာ​ထဲ​၌​ထိုင်​ကာ နောင်​တ​ရ​ခဲ့​ကြ​ပေ​လိမ့်​မည်။

14 သို့​သော် တ​ရား​စီ​ရင်​တော်​မူ​သော​အ​ခါ တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​သည် သင်​တို့​ထက် ခံ​သာ​ကြ​လိမ့်​မည်။

15 က​ပေ​ရ​နောင်​မြို့၊ သင်​သည် ကောင်း​ကင်​အ​ထိ ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​ပါ​မည်​လော။ သင်​သည် မ​ရ​ဏာ​နိုင်​ငံ​တိုင်​အောင် ကျ​ဆင်း​ရ​လိမ့်​မည်။

16 သင်​တို့​စ​ကား​ကို​နား​ထောင်​သော​သူ​သည် ငါ့​စ​ကား​ကို​နား​ထောင်​၏။ သင်​တို့​ကို​ငြင်း​ပယ်​သော​သူ​သည် ငါ့​ကို​ငြင်း​ပယ်​၏။ ငါ့​ကို​ငြင်း​ပယ်​သော​သူ​သည် ငါ့​အား​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​ငြင်း​ပယ်​၏”​ဟု မိန့်​တော်​မူ​၏။

နောင်​တ​မ​ရ​ခဲ့​သော​မြို့​များ

17 ထို့​နောက် ထို​အ​ယောက်​ခု​နစ်​ဆယ်​တို့​သည် ဝမ်း​မြောက်​စွာ​ပြန်​လာ​၍ “သ​ခင်၊ ကိုယ်​တော်​၏​နာ​မ​တော်​၌ နတ်​ဆိုး​တို့​ပင် အ​ကျွန်ုပ်​တို့​ကို​နာ​ခံ​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။

18 ကိုယ်​တော်​က​လည်း “စာ​တန်​သည် လျှပ်​စီး​လက်​သ​ကဲ့​သို့ မိုး​ကောင်း​ကင်​မှ​ကျ​သည်​ကို ငါ​မြင်​ရ​၏။

19 ငါ​သည် သင်​တို့​အား မြွေ​များ​နှင့်​ကင်း​မြီး​ကောက်​များ​ကို​နင်း​ခြေ​၍ ရန်​သူ​၏​တန်​ခိုး​အ​လုံး​စုံ​တို့​ကို​နိုင်​ရ​သော​အ​ခွင့်​အာ​ဏာ​ကို ပေး​အပ်​ထား​ပြီ​ဖြစ်​၍ မည်​သည့်​အ​ရာ​က​မျှ သင်​တို့​ကို အ​နာ​တ​ရ​ဖြစ်​စေ​မည်​မ​ဟုတ်။

20 သို့​သော် နတ်​ဆိုး​တို့​သည် သင်​တို့​ကို​နာ​ခံ​ကြ​သည့်​အ​တွက် ဝမ်း​မြောက်​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​၏​နာ​မည်​များ​ကို ကောင်း​ကင်​၌​ရေး​မှတ်​ထား​သည့်​အ​တွက် ဝမ်း​မြောက်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

ခ​မည်း​တော်​ကို​ထင်​ရှား​စေ​သည့်​သား​တော်

21 ထို​အ​ချိန်​တွင် ကိုယ်​တော်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​အ​လွန်​ဝမ်း​မြောက်​၍ “ကောင်း​ကင်​နှင့်​မြေ​ကြီး​၏​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် ပ​ညာ​ရှိ​များ​နှင့် ဉာဏ်​ထက်​မြက်​သော​သူ​တို့​အား ဤ​အ​ရာ​များ​ကို​ဝှက်​ထား​လျက် က​လေး​သူ​ငယ်​တို့​ကို​ဖွင့်​ပြ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​ကို​ချီး​မွမ်း​ပါ​၏။ မှန်​ပါ​၏​အ​ဖ၊ ဤ​သည်​ကား ရှေ့​တော်​၌ နှစ်​သက်​တော်​မူ​သော​အ​ရာ​ဖြစ်​ပါ​၏။

22 ငါ​၏​ခ​မည်း​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို ငါ့​အား​အပ်​နှင်း​တော်​မူ​ပြီ။ သား​တော်​သည် မည်​သူ​ဖြစ်​ကြောင်း​ကို ခ​မည်း​တော်​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ။ ခ​မည်း​တော်​သည် မည်​သူ​ဖြစ်​ကြောင်း​ကို​လည်း သား​တော်​နှင့် သား​တော်​က​ဖွင့်​ပြ​လို​သော​သူ​တို့​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ”​ဟု မြွက်​ဆို​တော်​မူ​၏။

23 ထို့​နောက် တ​ပည့်​တော်​တို့​ဘက်​သို့​လှည့်​၍ “သင်​တို့​မြင်​နေ​ရ​သည့်​အ​ရာ​များ​ကို မြင်​ရ​သော​မျက်​စိ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

24 သင်​တို့​အား ငါ​ဆို​သည်​ကား များ​စွာ​သော​ပ​ရော​ဖက်​တို့​နှင့် ရှင်​ဘု​ရင်​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အ​ရာ​တို့​ကို မြင်​လို​ကြ​သော်​လည်း မ​မြင်​ခဲ့​ကြ​ရ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အ​ရာ​တို့​ကို ကြား​လို​ကြ​သော်​လည်း မ​ကြား​ခဲ့​ကြ​ရ​ပေ”​ဟု သူ​တို့​ကို​သာ သီး​ခြား​မိန့်​တော်​မူ​၏။

ကြီး​မြတ်​သည့်​ပ​ညတ်​ချက်​နှစ်​ပါး

25 တစ်​ခါ​က ကျမ်း​တတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ထ​၍ “ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​အ​မွေ​ဆက်​ခံ​ရန် မည်​သည့်​အ​မှု​ကို အ​ကျွန်ုပ်​ပြု​ရ​ပါ​မည်​နည်း”​ဟု ကိုယ်​တော်​ကို​အ​ကဲ​စမ်း​၍​မေး​လျှောက်​လေ​၏။

26 ကိုယ်​တော်​က​လည်း “ပ​ညတ်​တ​ရား​ကျမ်း​တွင် မည်​သို့​ရေး​ထား​သ​နည်း။ သင်​မည်​သို့​ဖတ်​ရ​သ​နည်း”​ဟု မေး​တော်​မူ​လျှင်

27 ထို​သူ​က “သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သင်​၏​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့၊ သင်​၏​စိတ်​ဝိ​ညာဉ်​တစ်​ခု​လုံး၊ သင်​၏​အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​နှင့် သင်​၏​အ​သိ​ဉာဏ်​ရှိ​သ​မျှ​တို့​ဖြင့် ချစ်​ရ​မည်​ဟူ​၍​လည်း​ကောင်း၊ ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​၍​လည်း​ကောင်း ဖြစ်​ပါ​သည်”​ဟု လျှောက်​လေ​၏။

28 ကိုယ်​တော်​က​လည်း “မှန်​ပေ​၏။ ထို​အ​တိုင်း​ပြု​လော့။ သို့​ပြု​လျှင် အ​သက်​ရှင်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

29 ထို​သူ​သည် မိ​မိ​ကိုယ်​ကို​ဖြောင့်​မတ်​ကြောင်း ဖော်​ပြ​လို​၍ “သို့​ဖြစ်​လျှင် မည်​သူ​သည် အ​ကျွန်ုပ်​၏​ဝန်း​ကျင်​၌​ရှိ​သော​သူ​ဖြစ်​သ​နည်း”​ဟု ယေ​ရှု​အား မေး​လျှောက်​လေ​၏။

ကောင်း​သော​ရှ​မာ​ရိ​နယ်​သား​ပုံ​ဥ​ပ​မာ

30 ယေ​ရှု​က “လူ​တစ်​ဦး​သည် ဂျေ​ရု​ဆ​လင်​မြို့​မှ ဂျေ​ရိ​ခေါ​မြို့​သို့​ဆင်း​လာ​စဉ် ဓား​ပြ​များ​နှင့်​ကြုံ​တွေ့​ရ​၏။ ဓား​ပြ​တို့​သည် သူ​၏​အ​ဝတ်​များ​ကို​ချွတ်​ယူ​ပြီး ရိုက်​နှက်​ကာ သူ့​ကို​သေ​လု​မြော​ပါး​အ​ခြေ​အ​နေ​၌​ထား​ခဲ့​၍ ထွက်​သွား​ကြ​၏။

31 ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည် အ​ကြောင်း​တိုက်​ဆိုင်​၍ ထို​လမ်း​အ​တိုင်း​ဆင်း​လာ​ပြီး ထို​သူ​ကို​မြင်​လျှင် လမ်း​၏​အ​ခြား​တစ်​ဖက်​မှ ရှောင်​ကွင်း​သွား​လေ​၏။

32 ထို​နည်း​တူ လေ​ဝိ​အ​နွယ်​ဝင်​တစ်​ဦး​သည်​လည်း ထို​နေ​ရာ​သို့​ရောက်​လာ​၍ သူ့​ကို​မြင်​လျှင် လမ်း​၏​အ​ခြား​တစ်​ဖက်​မှ ရှောင်​ကွင်း​သွား​လေ​၏။

33 သို့​သော် ရှ​မာ​ရိ​နယ်​သား​တစ်​ဦး​သည် ခ​ရီး​သွား​ရင်း သူ့​အ​နား​သို့​ရောက်​လာ​၍ သူ့​ကို​မြင်​လျှင် ကြင်​နာ​စိတ်​ရှိ​သ​ဖြင့်

34 ချဉ်း​ကပ်​လျက် သူ​၏​ဒဏ်​ရာ​များ​အ​ပေါ် ဆီ​နှင့်​စ​ပျစ်​ဝိုင်​ကို​လောင်း​ထည့်​ကာ အ​ဝတ်​နှင့်​ပတ်​စည်း​ပေး​၏။ ထို့​နောက် သူ့​ကို မိ​မိ​၏​တိ​ရစ္ဆာန်​ပေါ်​တင်​လျက် တည်း​ခို​ခန်း​သို့ ခေါ်​ဆောင်​သွား​၍ ပြု​စု​စောင့်​ရှောက်​လေ​၏။

35 နောက်​တစ်​နေ့​တွင် ဒေ​နာ​ရိ​နှစ်​ပြား​ကို​ထုတ်​၍ တည်း​ခို​ခန်း​ပိုင်​ရှင်​အား​ပေး​ပြီး​လျှင် ‘ဤ​သူ​ကို ပြု​စု​စောင့်​ရှောက်​ပေး​ပါ။ နောက်​ထပ် ကုန်​ကျ​သ​မျှ​ကို အ​ကျွန်ုပ်​ပြန်​လာ​သော​အ​ခါ သင့်​အား ပြန်​ပေး​ပါ​မည်’​ဟု ပြော​လေ​၏။

36 ထို​သူ​သုံး​ဦး​တို့​တွင် မည်​သူ​သည် ဓား​ပြ​လက်​တွင်း​သို့​ကျ​ရောက်​ခဲ့​သူ​၏ ဝန်း​ကျင်​၌​ရှိ​သော​သူ​ဖြစ်​သည်​ဟု သင်​ထင်​သ​နည်း”​ဟူ​၍ မေး​တော်​မူ​၏။

37 ထို​သူ​က​လည်း “သူ့​အ​ပေါ်​က​ရု​ဏာ​ပြ​သော​သူ​ဖြစ်​ပါ​၏”​ဟု လျှောက်​လျှင် ယေ​ရှု​က “သင်​သည်​လည်း သွား​၍ ထို​နည်း​တူ​ပြု​လော့”​ဟု မိန့်​တော်​မူ​၏။

မာ​ရိ​နှင့်​မာ​သ

38 သူ​တို့​သည် ခ​ရီး​ဆက်​သွား​စဉ်​တွင် ကိုယ်​တော်​သည် ရွာ​တစ်​ရွာ​သို့​ဝင်​တော်​မူ​ရာ မာ​သ​အ​မည်​ရှိ​သော​အ​မျိုး​သ​မီး​တစ်​ဦး​သည် ကိုယ်​တော်​ကို မိ​မိ​အိမ်​၌​လက်​ခံ​ကြို​ဆို​လေ​၏။

39 ထို​အ​မျိုး​သ​မီး​တွင် မာ​ရိ​ဟု​ခေါ်​သော​ညီ​မ​တစ်​ယောက်​ရှိ​၏။ သူ​သည် သ​ခင်​ဘု​ရား​၏​ခြေ​တော်​ရင်း​၌​ထိုင်​လျက် ကိုယ်​တော်​၏​တ​ရား​စ​ကား​ကို နား​ထောင်​နေ​၏။

40 မာ​သ​မူ​ကား ဧည့်​ခံ​ခြင်း​အ​မှု​များ​ကြောင့် စိတ်​ပူ​ပန်​သ​ဖြင့် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လျက် “သ​ခင်​ဘု​ရား၊ ကျွန်​မ​၏​ညီ​မ​သည် ကျွန်​မ​ကို​သာ​ဧည့်​ဝတ်​ပြု​ရန်​ပစ်​ထား​ခဲ့​သည်​ကို ကိုယ်​တော်​ဂ​ရု​မ​စိုက်​ဘဲ​နေ​တော်​မူ​သ​လော။ ကျွန်​မ​ကို​ကူ​ညီ​ရန် သူ့​အား အ​မိန့်​ရှိ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

41 သ​ခင်​ဘု​ရား​က​လည်း “မာ​သ၊ မာ​သ၊ သင်​သည် များ​စွာ​သော​အ​မှု​တို့​အ​တွက်​စိုး​ရိမ်​လျက် နှောင့်​ယှက်​ခြင်း​ကို​ခံ​နေ​ရ​၏။

42 သို့​သော် လို​အပ်​သော​အ​ရာ​သည် တစ်​ခု​တည်း​ရှိ​၏။ မာ​ရိ​သည် ထို​ကောင်း​မြတ်​သည့်​အ​ပိုင်း​ကို ရွေး​ချယ်​ပြီ​ဖြစ်​၍ ၎င်း​ကို သူ့​ထံ​မှ​မ​နုတ်​မ​ပယ်​ရာ”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24