ရှင်​လု​ကာ​ခ​ရစ်​ဝင် 7 MSB

တပ်​မှူး​တစ်​ဦး​၏​ယုံ​ကြည်​ခြင်း

1 ကိုယ်​တော်​သည် ဤ​တ​ရား​စ​ကား​အား​လုံး​ကို လူ​တို့​အား​ဟော​ကြား​ပြီး​နောက် က​ပေ​ရ​နောင်​မြို့​သို့​ဝင်​တော်​မူ​၏။

2 ထို​အ​ခါ တပ်​မှူး​တစ်​ယောက်​၏​အ​လွန်​အား​ထား​ရ​သော အ​စေ​အ​ပါး​တစ်​ဦး​သည် နာ​မ​ကျန်း​ဖြစ်​ပြီး သေ​အံ့​ဆဲ​ဆဲ​ဖြစ်​နေ​၏။

3 ထို​တပ်​မှူး​သည် ယေ​ရှု​၏​သ​တင်း​ကို​ကြား​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​၏​သက်​ကြီး​ဝါ​ကြီး​များ​ကို ကိုယ်​တော်​ထံ​သို့​စေ​လွှတ်​ကာ ကြွ​လာ​၍ သူ့​အ​စေ​အ​ပါး​ကို ကျန်း​မာ​စေ​တော်​မူ​မည့်​အ​ကြောင်း လျှောက်​စေ​၏။

4 သူ​တို့​သည် ယေ​ရှု​ထံ​သို့​ရောက်​လာ​၍ “သူ့​အ​တွက် ဤ​အ​ရာ​ကို ကိုယ်​တော်​ပြု​လုပ်​ပေး​ထိုက်​ပါ​သည်။

5 အ​ကြောင်း​မူ​ကား သူ​သည် အ​ကျွန်ုပ်​တို့​လူ​မျိုး​ကို​ချစ်​၍ အ​ကျွန်ုပ်​တို့​အ​တွက် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ကို​ဆောက်​ပေး​ခဲ့​ပါ​သည်”​ဟု ဆို​လျက် ကိုယ်​တော်​ကို အ​လေး​အ​နက်​တောင်း​ပန်​ကြ​၏။

6 ထို​အ​ခါ ယေ​ရှု​သည် ထို​သူ​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၏။ တပ်​မှူး​၏​အိမ်​နှင့် မ​ဝေး​လှ​သော​နေ​ရာ​သို့​ရောက်​တော်​မူ​သော​အ​ခါ တပ်​မှူး​သည် မိတ်​ဆွေ​များ​ကို​စေ​လွှတ်​၍ “သ​ခင်​ဘု​ရား၊ အ​ပင်​ပန်း​ခံ​တော်​မ​မူ​ပါ​နှင့်။ အ​ကြောင်း​မူ​ကား အ​ကျွန်ုပ်​၏​အိမ်​ခေါင်​မိုး​အောက်​သို့ ကိုယ်​တော်​ကြွ​ဝင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​မ​ခံ​ထိုက်​ပါ။

7 ထို့​ကြောင့် အ​ကျွန်ုပ်​ကိုယ်​တိုင်​သည်​လည်း ကိုယ်​တော်​ထံ​သို့​မ​လာ​ထိုက်​ပါ​ဟု​မှတ်​ယူ​ပါ​သည်။ အ​မိန့်​တော်​ကို​သာ ပေး​တော်​မူ​ပါ။ သို့​ပြု​လျှင် အ​ကျွန်ုပ်​၏​ငယ်​သား​သည် ကျန်း​မာ​ပါ​လိမ့်​မည်။

8 ဤ​သို့​ဆို​ခြင်း​မှာ အ​ကျွန်ုပ်​သည်​လည်း အ​မိန့်​အာ​ဏာ​အောက်​၌​ရှိ​သော​သူ​တစ်​ဦး​ဖြစ်​ပြီး အ​ကျွန်ုပ်​၏​လက်​အောက်​တွင် စစ်​သား​များ​ရှိ​ပါ​သည်။ ဤ​တစ်​ဦး​ကို ‘သွား​ပါ’​ဟု အ​ကျွန်ုပ်​ဆို​လျှင် သူ​သည်​သွား​၍ အ​ခြား​တစ်​ဦး​ကို ‘လာ​ပါ’​ဟု ဆို​လျှင် သူ​သည်​လာ​ပါ​သည်။ အ​ကျွန်ုပ်​၏​အ​စေ​အ​ပါး​ကို​လည်း ‘ဤ​အ​ရာ​ကို​လုပ်​ပါ’​ဟု ဆို​လျှင် သူ​သည်​လုပ်​ပါ​သည်”​ဟူ​၍ လျှောက်​စေ​၏။

9 ယေ​ရှု​သည် ထို​စ​ကား​တို့​ကို​ကြား​လျှင် တပ်​မှူး​ကို​အံ့​သြ​၍ နောက်​တော်​သို့​လိုက်​သော​သူ​တို့​ကို လှည့်​ကြည့်​ကာ “သင်​တို့​အား ငါ​ဆို​မည်။ ဤ​မျှ​လောက်​ကြီး​မား​သော​ယုံ​ကြည်​ခြင်း​ကို အစ္စ​ရေး​လူ​မျိုး​၌​ပင် ငါ​မ​တွေ့​ဖူး​ချေ”​ဟု မိန့်​တော်​မူ​၏။

10 စေ​လွှတ်​ခြင်း​ခံ​ရ​သော​သူ​တို့​သည် အိမ်​သို့​ပြန်​ရောက်​သော​အ​ခါ ထို​အ​စေ​အ​ပါး​ကျန်း​မာ​လျက်​ရှိ​နေ​သည်​ကို​တွေ့​ကြ​၏။

နာ​ဣ​န​မြို့​မု​ဆိုး​မ​၏​သား​ကို အ​သက်​ပြန်​ရှင်​စေ​ခြင်း

11 နောက်​တစ်​နေ့​တွင် ကိုယ်​တော်​သည် နာ​ဣ​န​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်​မူ​ရာ တ​ပည့်​တော်​တို့​မှ​စ​၍ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​သည် ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။

12 မြို့​တံ​ခါး​အ​နီး​သို့​ရောက်​တော်​မူ​သော​အ​ချိန်​တွင် လူ​တို့​သည် သေ​ဆုံး​သော​သူ​တစ်​ယောက်​ကို မြို့​ပြင်​သို့​ထုတ်​ဆောင်​လာ​ကြ​၏။ သူ​သည် မိ​ခင်​ဖြစ်​သူ​မု​ဆိုး​မ​၏​တစ်​ဦး​တည်း​သော​သား​ဖြစ်​၏။ များ​စွာ​သော​မြို့​သူ​မြို့​သား​တို့​သည်​လည်း ထို​အ​မျိုး​သ​မီး​နှင့်​အ​တူ​ရှိ​ကြ​၏။

13 သ​ခင်​ဘု​ရား​သည် ထို​အ​မျိုး​သ​မီး​ကို​မြင်​သော​အ​ခါ သူ့​အ​ပေါ်​ကြင်​နာ​စိတ်​ရှိ​တော်​မူ​၍ “မ​ငို​နှင့်”​ဟု မိန့်​တော်​မူ​၏။

14 ထို့​နောက် ချဉ်း​ကပ်​လျက် အ​လောင်း​စင်​ကို တို့​ထိ​တော်​မူ​ရာ အ​လောင်း​စင်​ထမ်း​သော​သူ​တို့​သည် ရပ်​တန့်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​က “အ​ချင်း​လူ​ငယ်၊ သင့်​အား ငါ​ဆို​မည်။ ထ​လော့”​ဟု မိန့်​တော်​မူ​ရာ

15 သေ​သော​သူ​သည် ထ​ထိုင်​ပြီး စ​ကား​ပြော​လေ​၏။ ကိုယ်​တော်​သည်​လည်း သူ့​ကို သူ့​မိ​ခင်​ထံ​ပြန်​အပ်​တော်​မူ​၏။

16 လူ​တို့​သည်​ထိတ်​လန့်​အံ့​ဩ​လျက် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကာ “ပ​ရော​ဖက်​ကြီး​တစ်​ပါး​သည် ငါ​တို့​တွင် ပေါ်​ထွန်း​လေ​ပြီ”​ဟူ​၍​လည်း​ကောင်း၊ “ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​မျိုး​တော်​ကို​အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ပြီ”​ဟူ​၍​လည်း​ကောင်း ပြော​ဆို​ကြ​၏။

17 ကိုယ်​တော်​၏​သ​တင်း​သည်​လည်း ယု​ဒ​နယ်​တစ်​လျှောက်​လုံး​နှင့် ပတ်​ဝန်း​ကျင်​တစ်​ခု​လုံး​သို့ ပျံ့​နှံ့​သွား​လေ​၏။

ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​အ​ကြောင်း​မိန့်​တော်​မူ​ခြင်း

18 ယော​ဟန်​၏​တ​ပည့်​များ​သည် ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို ယော​ဟန်​အား ပြော​ပြ​ကြ​၏။ ထို​အ​ခါ ယော​ဟန်​သည် မိ​မိ​တ​ပည့်​နှစ်​ဦး​ကို​ခေါ်​၍

19 သ​ခင်​ဘု​ရား​ထံ​သို့​စေ​လွှတ်​ကာ “ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို စောင့်​မျှော်​ရ​ပါ​မည်​လော”​ဟု မေး​လျှောက်​စေ​၏။

20 သူ​တို့​သည် ကိုယ်​တော်​ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော့်​ထံ​သို့​စေ​လွှတ်​၍ ‘ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို စောင့်​မျှော်​ရ​ပါ​မည်​လော’​ဟု မေး​လျှောက်​စေ​ပါ​သည်”​ဟူ​၍ လျှောက်​ထား​ကြ​၏။

21 ထို​အ​ချိန်​တွင် ကိုယ်​တော်​သည် လူ​များ​စွာ​တို့​ကို ရော​ဂါ​ဝေ​ဒ​နာ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်​ငြိမ်း​ချမ်း​သာ​စေ​၍ မျက်​မ​မြင်​တို့​ကို မျက်​စိ​မြင်​ရ​သော​အ​ခွင့်​ပေး​တော်​မူ​၏။

22 ကိုယ်​တော်​က​လည်း ယော​ဟန်​၏​တ​ပည့်​တို့​အား “သင်​တို့​မြင်​ရ၊ ကြား​ရ​သ​မျှ​တို့​ကို သွား​၍ ယော​ဟန်​အား ပြော​ပြ​ကြ​လော့။ မျက်​မ​မြင်​တို့​သည် မျက်​စိ​မြင်​ကြ​ရ​၏။ ခြေ​မ​သန်​စွမ်း​သူ​တို့​သည် လမ်း​လျှောက်​ကြ​ရ​၏။ အ​နာ​ကြီး​ရော​ဂါ​သည်​တို့​သည် စင်​ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နား​မ​ကြား​သော​သူ​တို့​သည် ကြား​ကြ​ရ​၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဆင်း​ရဲ​သား​တို့​သည် ကောင်း​မြတ်​သော​သ​တင်း​ကို​ကြား​ကြ​ရ​၏။

23 ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

24 ယော​ဟန်​၏​စေ​တ​မန်​များ​ပြန်​သွား​ကြ​သော​အ​ခါ ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​တို့​အား ယော​ဟန်​နှင့်​ပတ်​သက်​၍ မြွက်​ဆို​တော်​မူ​သည်​မှာ “သင်​တို့​သည် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် တော​ကန္တာ​ရ​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​တိုက်​၍​လှုပ်​နေ​သော ကျူ​ပင်​ကို​လော။

25 သို့​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် ထွက်​သွား​ကြ​သ​နည်း။ နူး​ညံ့​သော​အ​ဝတ်​များ​ဝတ်​ဆင်​ထား​သော​သူ​ကို​လော။ တင့်​တယ်​သော​အ​ဝတ်​များ​ဝတ်​ဆင်​လျက် သောက်​စား​ပျော်​ပါး​နေ​သော​သူ​တို့​သည် နန်း​တော်​များ​၌​ရှိ​ကြ​၏။

26 ထို​သို့​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် ထွက်​သွား​ကြ​သ​နည်း။ ပ​ရော​ဖက်​ကို​လော။ မှန်​ပေ​၏။ ပ​ရော​ဖက်​ထက်​ပင် ကြီး​မြတ်​သော​သူ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။

27 ‘ကြည့်​ရှု​လော့။ သင့်​ရှေ့​၌​သင်​၏​လမ်း​ကို​ပြင်​ဆင်​မည့် ငါ​၏​စေ​တ​မန်​ကို သင့်​ထက်​အ​လျင်​ဦး​စွာ​ငါ​စေ​လွှတ်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​မှာ ဤ​သူ​၏​အ​ကြောင်း​ပင်​ဖြစ်​၏။

28 သင်​တို့​အား ငါ​ဆို​မည်။ မိန်း​မ​တို့​မှ​မွေး​ဖွား​လာ​သော​သူ​တို့​တွင် ယော​ဟန်​ထက် ကြီး​မြတ်​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ။ သို့​သော် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​၌ အ​ငယ်​ဆုံး​သော​သူ​သည် သူ့​ထက် ကြီး​မြတ်​၏။”

29 (အ​ခွန်​ကောက်​ခံ​သူ​များ​မှ​စ​၍ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​၏​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ခဲ့​သ​ဖြင့် ဤ​စ​ကား​ကို​ကြား​နာ​ရ​သော​အ​ခါ ဘု​ရား​သ​ခင်​ဖြောင့်​မတ်​ကြောင်း​ဝန်​ခံ​ကြ​၏။

30 သို့​သော် ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ပုဂ္ဂိုလ်​တို့​သည် ယော​ဟန်​ထံ​မှ ဗတ္တိ​ဇံ​ကို​မ​ခံ​ယူ​ခဲ့​သ​ဖြင့် မိ​မိ​တို့​အ​တွက် ဘု​ရား​သ​ခင်​ကြံ​စည်​ထား​တော်​မူ​သော​အ​ရာ​ကို ပစ်​ပယ်​ကြ​၏။)

31 “ထို့​ကြောင့် ဤ​ခေတ်​ကာ​လ​လူ​တို့​ကို မည်​သည့်​အ​ရာ​နှင့်​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သူ​တို့​သည် မည်​သည့်​အ​ရာ​နှင့်​တူ​ကြ​သ​နည်း။

32 သူ​တို့​သည် ဈေး​အ​ရပ်​၌​ထိုင်​လျက် ‘ငါ​တို့​သည် သင်​တို့​အ​တွက် ပ​လွေ​မှုတ်​ပေး​သော်​လည်း သင်​တို့​သည်​မ​က​ကြ။ ငို​ချင်း​ကို​ဖွဲ့​နွဲ့​သီ​ဆို​သော်​လည်း သင်​တို့​သည်​မ​ငို​ကြွေး​ကြ’​ဟု တစ်​ဦး​ကို​တစ်​ဦး​လှမ်း​၍​ပြော​ဆို​နေ​ကြ​သော က​လေး​သူ​ငယ်​များ​နှင့်​တူ​ကြ​၏။

33 အ​ကြောင်း​မူ​ကား ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် ရောက်​လာ​၍ အ​စာ​ကို​မ​စား၊ စ​ပျစ်​ဝိုင်​ကို​လည်း မ​သောက်​ဘဲ​နေ​သော် ‘သူ​၌ နတ်​ဆိုး​ပူး​နေ​သည်’​ဟု ဆို​ကြ​၏။

34 လူ့​သား​သည် ရောက်​လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်​ရှု​လော့။ အ​စား​ကြူး​သော​သူ၊ သေ​သောက်​ကြူး​သော​သူ၊ အ​ခွန်​ကောက်​ခံ​သူ​များ​နှင့် အ​ပြစ်​သား​တို့​၏​အ​ပေါင်း​အ​သင်း’​ဟု ဆို​ကြ​ပြန်​၏။

35 သို့​သော် ဉာဏ်​ပ​ညာ​တော်​သည်​ဖြောင့်​မတ်​ကြောင်း မိ​မိ​သား​သ​မီး​ရှိ​သ​မျှ​တို့​က ဖော်​ပြ​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

တုံ့​ပြန်​ခြင်း​မ​ပြု​သော​မျိုး​ဆက်

36 ဖာ​ရိ​ရှဲ​တစ်​ဦး​သည် မိ​မိ​နှင့်​အ​တူ​စား​သောက်​ရန် ကိုယ်​တော်​ကို​ဖိတ်​ခေါ်​သ​ဖြင့် ကိုယ်​တော်​သည် ထို​ဖာ​ရိ​ရှဲ​၏​အိမ်​သို့​ဝင်​၍ စား​ပွဲ​၌​ထိုင်​တော်​မူ​၏။

37 ထို​အ​ခါ ထို​မြို့​၌​နေ​သည့် အ​ပြစ်​များ​သော​အ​မျိုး​သ​မီး​တစ်​ဦး​သည် ဖာ​ရိ​ရှဲ​၏​အိမ်​တွင် ကိုယ်​တော်​ထိုင်​၍​စား​သောက်​နေ​ကြောင်း​သိ​သ​ဖြင့် ဆီ​မွှေး​ထည့်​ထား​သည့် ကျောက်​ဖြူ​ဘူး​တစ်​လုံး​ကို ယူ​ဆောင်​လာ​ပြီး​လျှင်

38 ကိုယ်​တော်​၏​နောက်​တွင် ခြေ​တော်​ရင်း​၌​ရပ်​လျက် ငို​ကြွေး​ရင်း မိ​မိ​၏​မျက်​ရည်​ဖြင့် ခြေ​တော်​ကို​စို​စေ​ကာ မိ​မိ​ဦး​ခေါင်း​မှ​ဆံ​ပင်​ဖြင့် သုတ်​လေ​၏။ ထို့​နောက် ကိုယ်​တော်​၏​ခြေ​တို့​ကို​နမ်း​၍ ဆီ​မွှေး​ဖြင့်​လိမ်း​သပ်​လေ​၏။

39 ကိုယ်​တော်​ကို​ဖိတ်​ခေါ်​သော​ဖာ​ရိ​ရှဲ​သည် ထို​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ “ဤ​သူ​သည် ပ​ရော​ဖက်​ဖြစ်​သည်​ဆို​လျှင် သူ့​ကို​တို့​ထိ​နေ​သော​အ​မျိုး​သ​မီး​သည် မည်​သူ​ဖြစ်​ကြောင်း​နှင့် မည်​သို့​သော​အ​မျိုး​သ​မီး​ဖြစ်​ကြောင်း​သိ​ရ​မည်။ အ​ကြောင်း​မူ​ကား ဤ​အ​မျိုး​သ​မီး​သည် အ​ပြစ်​များ​သော​သူ​ဖြစ်​၏”​ဟု မိ​မိ​စိတ်​ထဲ​၌​ဆို​လေ​၏။

40 ထို​အ​ခါ ယေ​ရှု​က “ရှိ​မုန်၊ သင့်​ကို ငါ​ပြော​စ​ရာ​တစ်​ခု​ရှိ​၏”​ဟု မိန့်​တော်​မူ​ရာ သူ​က “ပြော​ပါ ဆ​ရာ”​ဟု ပြန်​လျှောက်​လေ​၏။

41 ယေ​ရှု​က​လည်း “ကြွေး​ရှင်​တစ်​ဦး​တွင် အ​ကြွေး​တင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ဒေ​နာ​ရိ​ငါး​ရာ၊ အ​ခြား​တစ်​ဦး​သည် ဒေ​နာ​ရိ​ငါး​ဆယ်​အ​ကြွေး​တင်​၏။

42 သူ​တို့​၌ အ​ကြွေး​ဆပ်​စ​ရာ​မ​ရှိ​သော​ကြောင့် ကြွေး​ရှင်​သည် နှစ်​ဦး​စ​လုံး​တို့​၏​အ​ကြွေး​ကို လျှော်​ပစ်​လိုက်​လေ​၏။ သို့​ဖြစ်​လျှင် ထို​သူ​နှစ်​ဦး​တွင် မည်​သူ​သည် ကြွေး​ရှင်​ကို ပို​၍​ချစ်​မည်​နည်း”​ဟု မေး​တော်​မူ​၏။

43 ရှိ​မုန်​က​လည်း “ပို​၍​များ​သော​အ​ကြွေး​ကို လျှော်​ပစ်​ခြင်း​ခံ​ရ​သူ​ဖြစ်​မည်​ထင်​ပါ​၏”​ဟု လျှောက်​လျှင် ကိုယ်​တော်​က “သင်​ယူ​ဆ​သည့်​အ​တိုင်း​မှန်​၏”​ဟု မိန့်​တော်​မူ​၏။

44 ထို့​နောက် အ​မျိုး​သ​မီး​ဘက်​သို့​လှည့်​တော်​မူ​၍ ရှိ​မုန်​အား “ဤ​အ​မျိုး​သ​မီး​ကို​မြင်​သ​လော။ ငါ​သည် သင်​၏​အိမ်​သို့​ဝင်​စဉ် သင်​သည် ငါ့​အ​တွက်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့​သော် သူ​သည် မျက်​ရည်​ဖြင့် ငါ့​ခြေ​ကို​စို​စေ​၍ မိ​မိ​ဆံ​ပင်​ဖြင့်​သုတ်​ပေး​၏။

45 သင်​သည် ငါ့​ကို​မ​နမ်း။ သို့​သော် သူ​သည် ဝင်​လာ​သည့်​အ​ချိန်​မှ​စ​၍ ငါ့​ခြေ​ကို​အ​ဆက်​မ​ပြတ်​နမ်း​လျက်​နေ​၏။

46 သင်​သည် ငါ​၏​ခေါင်း​ကို ဆီ​ဖြင့်​မ​လိမ်း။ သို့​သော် သူ​သည် ငါ​၏​ခြေ​ကို ဆီ​မွှေး​ဖြင့်​လိမ်း​ပေး​၏။

47 ထို့​ကြောင့် သင့်​အား ငါ​ဆို​မည်။ သူ​၏​များ​ပြား​လှ​သော​အ​ပြစ်​တို့​သည် ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ။ အ​ကြောင်း​မူ​ကား သူ​သည် များ​စွာ​ချစ်​၏။ အ​နည်း​ငယ်​သာ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​သော​သူ​သည် အ​နည်း​ငယ်​သာ​ချစ်​၏”​ဟု မိန့်​တော်​မူ​၏။

48 ထို့​နောက် ထို​အ​မျိုး​သ​မီး​အား “သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ”​ဟု မိန့်​တော်​မူ​၏။

49 ထို​အ​ခါ ကိုယ်​တော်​နှင့်​အ​တူ စား​သောက်​ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​က “အ​ပြစ်​ကို​ပင် ခွင့်​လွှတ်​သော​ဤ​သူ​ကား မည်​သူ​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

50 သို့​သော် ကိုယ်​တော်​သည် ထို​အ​မျိုး​သ​မီး​အား “သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​တင်​ပြီ။ ငြိမ်း​ချမ်း​စွာ​သွား​လော့”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24