ရှင်​လု​ကာ​ခ​ရစ်​ဝင် 11 MSB

ပတ္ထ​နာ​တော်

1 တစ်​ခါ​က ကိုယ်​တော်​သည် တစ်​နေ​ရာ​၌ ဆု​တောင်း​လျက်​နေ​တော်​မူ​၏။ ဆု​တောင်း​ပြီး​သော​အ​ခါ တ​ပည့်​တော်​တစ်​ပါး​က “သ​ခင်​ဘု​ရား၊ ယော​ဟန်​သည် သူ​၏​တ​ပည့်​များ​ကို​သင်​ပေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို​လည်း ဆု​တောင်း​ရန်​သင်​ပေး​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

2 ကိုယ်​တော်​က​လည်း “သင်​တို့​ဆု​တောင်း​ကြ​သော​အ​ခါ ‘အ​ဖ၊ ကိုယ်​တော်​၏​နာ​မ​တော်​သည် ရို​သေ​လေး​မြတ်​ခြင်း​ခံ​ရ​ပါ​စေ​သော။ နိုင်​ငံ​တော်​ပေါ်​ထွန်း​ပါ​စေ​သော။

3 အ​ကျွန်ုပ်​တို့​အ​တွက် တစ်​နေ့​တာ​လို​အပ်​သော​အ​စာ​ကို နေ့​စဉ်​ပေး​သ​နား​တော်​မူ​ပါ။

4 အ​ကျွန်ုပ်​တို့​အ​ပေါ် အ​ပြစ်​ကြွေး​ရှိ​သူ​အား​လုံး​တို့​ကို အ​ကျွန်ုပ်​တို့​ခွင့်​လွှတ်​သည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​ကို​လည်း ခွင့်​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ကို ဖြား​ယောင်း​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ပါ​နှင့်’​ဟူ​၍ မြွက်​ဆို​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

တောင်း​လော့၊ ရှာ​လော့၊ တံ​ခါး​ကို​ခေါက်​လော့

5 ထို့​နောက် ကိုယ်​တော်​က “သင်​တို့​ထဲ​မှ​တစ်​စုံ​တစ်​ယောက်​တွင် မိတ်​ဆွေ​တစ်​ဦး​ရှိ​သည်​ဆို​ပါ​စို့။ သူ​သည် သန်း​ခေါင်​အ​ချိန်​၌ ထို​မိတ်​ဆွေ​ထံ​သွား​၍ ‘အ​ဆွေ၊

6 အ​ကျွန်ုပ်​၏​မိတ်​ဆွေ​တစ်​ဦး​သည် ခ​ရီး​သွား​ရာ​မှ အ​ကျွန်ုပ်​ထံ​သို့​ရောက်​လာ​၏။ အ​ကျွန်ုပ်​၌ သူ့​ကို​ကျွေး​ရန် မည်​သည့်​အ​ရာ​မျှ​မ​ရှိ​သော​ကြောင့် အ​ကျွန်ုပ်​အား မုန့်​သုံး​လုံး​ချေး​ပေး​ပါ’​ဟု ဆို​သော်​လည်း

7 ထို​သူ​က ‘ငါ့​ကို​အ​နှောင့်​အ​ယှက်​မ​ပေး​ပါ​နှင့်။ တံ​ခါး​ပိတ်​ထား​ပြီ။ ငါ့​သား​သ​မီး​များ​သည်​လည်း ငါ​နှင့်​အ​တူ​အိပ်​ရာ​ဝင်​ကြ​ပြီ။ ငါ​သည်​ထ​၍ သင့်​အား မည်​သည့်​အ​ရာ​ကို​မျှ​မ​ပေး​နိုင်​ပါ’​ဟု အိမ်​တွင်း​မှ ပြန်​ပြော​လိမ့်​မည်။

8 သင်​တို့​အား ငါ​ဆို​မည်။ ထို​သူ​သည် မိ​မိ​မိတ်​ဆွေ​ဖြစ်​သည့်​အ​တွက်​မူ​ကား သူ့​အား မည်​သည့်​အ​ရာ​ကို​မျှ ထ​၍​မ​ပေး​သော်​လည်း အား​မ​လျှော့​ဘဲ​တောင်း​ဆို​သည့်​အ​တွက် လို​သ​မျှ​ကို ထ​၍​ပေး​လိမ့်​မည်။

9 ထို့​ကြောင့် သင်​တို့​အား ငါ​ဆို​မည်။ တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​ရ​ကြ​လိမ့်​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင် သင်​တို့​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင် သင်​တို့​ကို ဖွင့်​ပေး​လိမ့်​မည်။

10 အ​ကြောင်း​မူ​ကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း​တွေ့​၏။ တံ​ခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်​မည်။

11 သင်​တို့​တွင် မည်​သည့်​ဖ​ခင်​သည် သား​က ငါး​ကို​တောင်း​သော​အ​ခါ ငါး​အ​စား​မြွေ​ကို​ပေး​မည်​နည်း။

12 သို့​မ​ဟုတ် ကြက်​ဥ​ကို​တောင်း​သော​အ​ခါ ကင်း​မြီး​ကောက်​ကို​ပေး​မည်​နည်း။

13 သင်​တို့​သည် မ​ကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက်​ပင် သင်​တို့​၏​သား​သ​မီး​များ​အား ကောင်း​သော​လက်​ဆောင်​များ​ပေး​ရ​မည်​ကို​သိ​ကြ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​အ​ဖ​သည် မိ​မိ​ထံ​တောင်း​လျှောက်​သော​သူ​များ​အား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သာ​၍​ပင် ပေး​တော်​မူ​လိမ့်​မည်​မ​ဟုတ်​လော”​ဟု မိန့်​တော်​မူ​၏။

ယေ​ရှု​နှင့်​ဗေ​လ​ဇေ​ဗု​လ

14 တစ်​ခါ​က ကိုယ်​တော်​သည် ဆွံ့​အ​သော​နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ​၏။ နတ်​ဆိုး​ထွက်​သွား​သော​အ​ခါ ဆွံ့​အ​သော​သူ​သည် စ​ကား​ပြော​သ​ဖြင့် လူ​ထု​ပ​ရိ​သတ်​တို့​သည်​အံ့​သြ​ကြ​၏။

15 သို့​သော် ထို​သူ​တို့​ထဲ​မှ အ​ချို့​တို့​က “သူ​သည် နတ်​ဆိုး​တို့​၏​အ​ကြီး​အ​ကဲ ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်”​ဟု ပြော​ဆို​ကြ​၏။

16 အ​ချို့​တို့​သည်​လည်း ကိုယ်​တော်​ကို​စမ်း​သပ်​လို​သ​ဖြင့် ကောင်း​ကင်​မှ​နိ​မိတ်​လက္ခ​ဏာ​ကို တောင်း​ဆို​ကြ​၏။

17 သို့​သော် ကိုယ်​တော်​သည် သူ​တို့​၏​စိတ်​သ​ဘော​များ​ကို သိ​မြင်​တော်​မူ​သ​ဖြင့် “မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​သော​နိုင်​ငံ​တိုင်း​သည် လုံး​လုံး​ပျက်​စီး​သွား​၍ မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​သော​အိမ်​သည်​လည်း ပြို​လဲ​တတ်​၏။

18 စာ​တန်​သည်​လည်း မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​လျှင် သူ​၏​နိုင်​ငံ​သည် မည်​သို့​တည်​မြဲ​နိုင်​မည်​နည်း။ ဤ​သို့​ဆို​ခြင်း​မှာ ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဟု သင်​တို့​ဆို​ကြ​သော​ကြောင့်​ဖြစ်​၏။

19 ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဆို​လျှင် သင်​တို့​၏​သား​များ​သည် မည်​သူ့​ကို​အ​မှီ​ပြု​၍ နှင်​ထုတ်​ကြ​သ​နည်း။ ထို့​ကြောင့် သူ​တို့​သည် သင်​တို့​ကို တ​ရား​စီ​ရင်​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။

20 သို့​ရာ​တွင် ငါ​သည် ဘု​ရား​သ​ခင်​၏​လက်​ညှိုး​တော်​အား​ဖြင့် နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဆို​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​ထံ​ရောက်​ရှိ​လေ​ပြီ။

21 ခွန်​အား​ကြီး​သော​သူ​သည် လက်​နက်​အ​ပြည့်​အ​စုံ​ဖြင့် မိ​မိ​ခြံ​ဝင်း​ကို​စောင့်​ကြပ်​နေ​သော​အ​ခါ သူ​၏​ဥစ္စာ​ပစ္စည်း​များ​သည်​လုံ​ခြုံ​၏။

22 သို့​သော် သူ့​ထက်​ခွန်​အား​ကြီး​သော​သူ​သည်​ရောက်​လာ​၍ သူ့​ကို​တိုက်​ခိုက်​အောင်​နိုင်​သော​အ​ခါ သူ​အား​ကိုး​ခဲ့​သည့် လက်​နက်​စုံ​ကို​သိမ်း​ယူ​၍ သိမ်း​ပိုက်​ရ​ရှိ​သည့်​ပစ္စည်း​များ​ကို ခွဲ​ဝေ​လိမ့်​မည်။

23 ငါ့​ဘက်​၌​မ​နေ​သော​သူ​သည် ငါ့​ကို​ဆန့်​ကျင်​သော​သူ​ဖြစ်​၏။ ငါ​နှင့်​အ​တူ​မ​စု​မ​သိမ်း​သော​သူ​သည် တစ်​ကွဲ​တစ်​ပြား​ဖြစ်​စေ​သော​သူ​ဖြစ်​၏။

24 ညစ်​ညူး​သော​နတ်​သည် လူ​ထဲ​မှ​ထွက်​သွား​သော​အ​ခါ ခြောက်​သွေ့​သော​အ​ရပ်​ဒေ​သ​များ​သို့​လျှောက်​သွား​ကာ ခို​နား​ရာ​ကို​ရှာ​တတ်​၏။ သို့​သော် ရှာ​၍​မ​တွေ့​သ​ဖြင့် ‘ငါ​ထွက်​လာ​ခဲ့​သော ငါ့​အိမ်​သို့​ပြန်​မည်’​ဟု ဆို​လျက်

25 ပြန်​လာ​ရာ ထို​နေ​ရာ​မှာ လှဲ​ကျင်း​၍​သပ်​ရပ်​စွာ​ပြင်​ဆင်​ထား​သည်​ကို တွေ့​လေ​၏။

26 ထို​အ​ခါ ၎င်း​သည်​သွား​၍ မိ​မိ​ထက်​ဆိုး​သော​နတ်​ခု​နစ်​ကောင်​ကို​ခေါ်​ဆောင်​လာ​ပြီး ထို​နေ​ရာ​၌ ဝင်​ရောက်​နေ​ထိုင်​သ​ဖြင့် ထို​လူ​၏​နောက်​ဖြစ်​အင်​သည် ရှေ့​ဖြစ်​အင်​ထက် ဆိုး​ရွား​လေ​၏”​ဟု မိန့်​တော်​မူ​၏။

ပြန်​လာ​သည့်​ညစ်​ညူး​သော​နတ်

27 ဤ​အ​ကြောင်း​အ​ရာ​များ​ကို ကိုယ်​တော်​မိန့်​တော်​မူ​စဉ် လူ​ထု​ပ​ရိ​သတ်​ထဲ​မှ အ​မျိုး​သ​မီး​တစ်​ဦး​သည် အ​သံ​ကို​ကျယ်​စွာ​ပြု​၍ “ကိုယ်​တော်​ကို​လွယ်​သော​ဝမ်း​နှင့် စို့​တော်​မူ​သော​သား​မြတ်​တို့​သည် မင်္ဂ​လာ​ရှိ​ပါ​၏”​ဟု လျှောက်​လေ​၏။

28 သို့​ရာ​တွင် ကိုယ်​တော်​က “စင်​စစ်​ကား ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို​ကြား​၍ စောင့်​ထိန်း​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

ယော​န​၏​နိ​မိတ်​လက္ခ​ဏာ

29 လူ​ထု​ပ​ရိ​သတ်​များ​စု​ရုံး​လာ​ကြ​စဉ် ကိုယ်​တော်​က “ဤ​မျိုး​ဆက်​သည် ဆိုး​ညစ်​သော​မျိုး​ဆက်​ဖြစ်​၏။ သူ​တို့​သည် နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​သော်​လည်း ယော​န​၏​နိ​မိတ်​လက္ခ​ဏာ​မှ​တစ်​ပါး မည်​သည့်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ သူ​တို့​အား​ပြ​လိမ့်​မည်​မ​ဟုတ်။

30 အ​ကြောင်း​မူ​ကား ယော​န​သည် နိ​နေ​ဝေ​မြို့​သား​တို့​အ​တွက် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​သ​ကဲ့​သို့ လူ့​သား​သည်​လည်း ဤ​မျိုး​ဆက်​အ​တွက် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​လိမ့်​မည်။

31 တ​ရား​စီ​ရင်​တော်​မူ​သည့်​အ​ခါ တောင်​အ​ရပ်​မှ​ဘု​ရင်​မ​သည် ဤ​မျိုး​ဆက်​လူ​တို့​နှင့်​အ​တူ​ထ​မြောက်​လျက် ဤ​မျိုး​ဆက်​၏​အ​ပြစ်​ကို​ထင်​ရှား​စေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သူ​သည် ရှော​လ​မုန်​၏​ဉာဏ်​ပ​ညာ​စ​ကား​ကို​နား​ထောင်​ရန် မြေ​ကြီး​အ​စွန်​အ​ဖျား​မှ​လာ​၏။ ကြည့်​ရှု​လော့။ ဤ​အ​ရပ်​၌ ရှော​လ​မုန်​ထက်​ကြီး​မြတ်​သော​သူ​ရှိ​၏။

32 တ​ရား​စီ​ရင်​တော်​မူ​သည့်​အ​ခါ နိ​နေ​ဝေ​မြို့​သား​တို့​သည် ဤ​မျိုး​ဆက်​နှင့်​အ​တူ​ထ​မြောက်​လျက် ဤ​မျိုး​ဆက်​၏​အ​ပြစ်​ကို​ထင်​ရှား​စေ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ယော​န​၏​ဟော​ပြော​ချက်​ကြောင့် နောင်​တ​ရ​ကြ​၏။ ကြည့်​ရှု​လော့။ ဤ​အ​ရပ်​၌ ယော​န​ထက်​ကြီး​မြတ်​သော​သူ​ရှိ​၏။

33 ဆီ​မီး​ကို​ထွန်း​၍ ကွယ်​ရာ​၌​ထား​သော​သူ သို့​မ​ဟုတ် တောင်း​အောက်​၌​ထား​သော​သူ တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။ ဝင်​လာ​သော​သူ​တို့​သည် အ​လင်း​ကို​မြင်​စေ​ရန် ဆီ​မီး​ခုံ​ပေါ်​၌​သာ​ထား​တတ်​ကြ​၏။

34 သင်​၏​မျက်​စိ​သည် ကိုယ်​ခန္ဓာ​၏​ဆီ​မီး​ဖြစ်​၏။ သင်​၏​မျက်​စိ​ကောင်း​သော​အ​ခါ သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​လည်း​တောက်​ပ​နေ​လိမ့်​မည်။ သို့​သော် မျက်​စိ​မ​ကောင်း​သော​အ​ခါ သင်​၏​ကိုယ်​ခန္ဓာ​သည်​လည်း မှောင်​မိုက်​နေ​လိမ့်​မည်။

35 သို့​ဖြစ်​၍ သင်​၌​ရှိ​သော​အ​လင်း​သည် အ​မှောင်​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​လော့။

36 ထို့​ကြောင့် သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် မှောင်​မိုက်​သည့်​အ​ပိုင်း​မ​ရှိ​ဘဲ တောက်​ပ​နေ​လျှင် ဆီ​မီး​အ​လင်း​ရောင်​သည် သင့်​အ​ပေါ်​ထွန်း​လင်း​နေ​သ​ကဲ့​သို့ သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် တောက်​ပ​နေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

ကိုယ်​ခန္ဓာ​၏​ဆီ​မီး

37 ထို​သို့​မိန့်​တော်​မူ​ပြီး​သော​အ​ခါ ဖာ​ရိ​ရှဲ​တစ်​ဦး​သည် မိ​မိ​နှင့်​အ​တူ​စား​သောက်​တော်​မူ​ရန် ကိုယ်​တော်​ကို​ဖိတ်​ခေါ်​သ​ဖြင့် သူ​၏​အိမ်​သို့​ဝင်​၍ စား​ပွဲ​၌​ထိုင်​တော်​မူ​၏။

38 သို့​သော် အ​စာ​မ​သုံး​ဆောင်​မီ ဦး​စွာ​ဆေး​ကြော​ခြင်း​ပြု​တော်​မ​မူ​သည်​ကို ထို​ဖာ​ရိ​ရှဲ​သည်​မြင်​၍ အံ့​သြ​လေ​၏။

39 သ​ခင်​ဘု​ရား​က​လည်း “သင်​တို့​ဖာ​ရိ​ရှဲ​များ​သည် ခွက်​နှင့်​လင်​ပန်း​တို့​၏​အ​ပြင်​ဘက်​ကို စင်​ကြယ်​စေ​ကြ​သော်​လည်း သင်​တို့​အ​တွင်း​၌​ကား မ​တ​ရား​လု​ယူ​ခြင်း​နှင့်​ဆိုး​ညစ်​ခြင်း​တို့​ဖြင့် ပြည့်​နှက်​လျက်​ရှိ​၏။

40 မိုက်​မဲ​သော​သူ​တို့၊ အ​ပြင်​ဘက်​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည် အ​တွင်း​ဘက်​ကို​လည်း ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်​လော။

41 သို့​ဖြစ်​၍ အ​တွင်း​၌​ရှိ​သော​အ​ရာ​များ​ကို ပေး​ကမ်း​စွန့်​ကြဲ​ကြ​လော့။ သို့​ပြု​လျှင် အ​ရာ​ခပ်​သိမ်း​တို့​သည် သင်​တို့​အ​တွက် စင်​ကြယ်​ကြ​လိမ့်​မည်။

42 သို့​သော် ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ပင်​စိမ်း၊ စ​မုန်​စ​ပါး​နှင့် ဟင်း​သီး​ဟင်း​ရွက်​အ​မျိုး​မျိုး​တို့​ကို ဆယ်​ဖို့​တစ်​ဖို့​ပေး​လှူ​ကြ​သော်​လည်း တ​ရား​မျှ​တ​ခြင်း​နှင့် ဘု​ရား​သ​ခင်​အ​ပေါ်​ထား​ရှိ​ရ​မည့်​ချစ်​ခြင်း​တို့​ကို ချန်​လှပ်​ထား​ကြ​၏။ ဤ​အ​ရာ​များ​ကို ပြု​ရ​မည်​ဖြစ်​ပြီး အ​ထက်​တွင်​ဆို​သော​အ​ရာ​များ​ကို​လည်း ဥ​ပေက္ခာ​မ​ပြု​ရ။

43 ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ အ​ထူး​ထိုင်​ခုံ​ကို​လည်း​ကောင်း၊ ဈေး​အ​ရပ်​၌ နှုတ်​ဆက်​ခံ​ရ​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ​၏။

44 သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် မ​ထင်​ရှား​သော သင်္ချိုင်း​ဂူ​များ​နှင့်​တူ​ကြ​၏။ လူ​တို့​သည် ၎င်း​အ​ပေါ်​မှာ မ​သိ​ဘဲ သွား​လာ​တတ်​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

45 ကျမ်း​တတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ကိုယ်​တော်​အား “ဆ​ရာ၊ ဤ​သို့​ပြော​ဆို​ခြင်း​သည် အ​ကျွန်ုပ်​တို့​ကို​လည်း ရှုတ်​ချ​ရာ​ရောက်​ပါ​၏”​ဟု ပြန်​လျှောက်​သော်

46 ကိုယ်​တော်​က “ကျမ်း​တတ်​ပုဂ္ဂိုလ်​တို့၊ သင်​တို့​သည်​လည်း အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ထမ်း​ရ​ခက်​သော​ဝန်​များ​ကို လူ​တို့​အား​ထမ်း​စေ​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​က​မူ ၎င်း​တို့​ကို သင်​တို့​လက်​ဖျား​နှင့်​မျှ​မ​တို့​ကြ။

47 သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် သင်​တို့​ဘိုး​ဘေး​များ​သတ်​ခဲ့​သော ပ​ရော​ဖက်​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တည်​ဆောက်​ကြ​၏။

48 ဤ​သို့​ဖြင့် သင်​တို့​သည် သင်​တို့​ဘိုး​ဘေး​များ​ပြု​သော​အ​မှု​တို့​ကို သ​ဘော​တူ​ထောက်​ခံ​၍ ထို​အ​မှု​တို့​၏​သက်​သေ​များ​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ပ​ရော​ဖက်​များ​ကို​သတ်​၍ သင်​တို့​သည် သင်္ချိုင်း​ဂူ​များ​ကို​တည်​ဆောက်​ကြ​၏။

49 သို့​ဖြစ်​၍ ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော်​က ‘ပ​ရော​ဖက်​များ​နှင့် တ​မန်​တော်​များ​ကို သူ​တို့​ထံ​သို့ ငါ​စေ​လွှတ်​မည်။ ထို​အ​ခါ သူ​တို့​သည် ထို​သူ​တို့​ထဲ​မှ အ​ချို့​တို့​ကို​ညှဉ်း​ဆဲ​၍ သတ်​ကြ​လိမ့်​မည်’​ဟု မြွက်​ဆို​ထား​၏။

50 ထို့​ကြောင့် အာ​ဗေ​လ​၏​သွေး​မှ​စ​၍ ဗိ​မာန်​တော်​နှင့်​ယဇ်​ပလ္လင်​ကြား​တွင် အ​သတ်​ခံ​ခဲ့​ရ​သည့် ဇာ​ခ​ရိ​၏​သွေး​တိုင်​အောင် ကမ္ဘာ​တည်​ချိန်​မှ​စ​၍ သွန်း​လောင်း​ခြင်း​ခံ​ရ​သော ပ​ရော​ဖက်​အ​ပေါင်း​တို့​၏​သွေး​ကြွေး​ကို ဤ​မျိုး​ဆက်​ထံ​မှ တောင်း​ယူ​လိမ့်​မည်။

51 မှန်​ပေ​၏။ ဤ​မျိုး​ဆက်​ထံ​မှ ထို​သွေး​ကြွေး​ကို​တောင်း​ယူ​လိမ့်​မည်​ဟု ငါ​ဆို​၏။

52 ကျမ်း​တတ်​ပုဂ္ဂိုလ်​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် အ​သိ​ပ​ညာ​သော့​ကို​သိမ်း​ယူ​၍ ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​များ​ကို​လည်း တား​ဆီး​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

53 ထို​နေ​ရာ​မှ ကိုယ်​တော်​ထွက်​ကြွ​တော်​မူ​သော​အ​ခါ ကျမ်း​ပြု​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​အ​ပေါ် ကြီး​စွာ​ရန်​ငြိုး​ထား​လျက် အ​ကြောင်း​အ​ရာ​အ​မျိုး​မျိုး​တို့​ကို တ​ရ​စပ်​မေး​မြန်း​ကာ

54 နှုတ်​တော်​ထွက်​စ​ကား​တစ်​စုံ​တစ်​ခု​ဖြင့် ကိုယ်​တော်​ကို​အ​ပြစ်​ရှာ​နိုင်​ရန် ချောင်း​မြောင်း​နေ​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24