33 သို့သော် ရှမာရိနယ်သားတစ်ဦးသည် ခရီးသွားရင်း သူ့အနားသို့ရောက်လာ၍ သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့်
34 ချဉ်းကပ်လျက် သူ၏ဒဏ်ရာများအပေါ် ဆီနှင့်စပျစ်ဝိုင်ကိုလောင်းထည့်ကာ အဝတ်နှင့်ပတ်စည်းပေး၏။ ထို့နောက် သူ့ကို မိမိ၏တိရစ္ဆာန်ပေါ်တင်လျက် တည်းခိုခန်းသို့ ခေါ်ဆောင်သွား၍ ပြုစုစောင့်ရှောက်လေ၏။
35 နောက်တစ်နေ့တွင် ဒေနာရိနှစ်ပြားကိုထုတ်၍ တည်းခိုခန်းပိုင်ရှင်အားပေးပြီးလျှင် ‘ဤသူကို ပြုစုစောင့်ရှောက်ပေးပါ။ နောက်ထပ် ကုန်ကျသမျှကို အကျွန်ုပ်ပြန်လာသောအခါ သင့်အား ပြန်ပေးပါမည်’ဟု ပြောလေ၏။
36 ထိုသူသုံးဦးတို့တွင် မည်သူသည် ဓားပြလက်တွင်းသို့ကျရောက်ခဲ့သူ၏ ဝန်းကျင်၌ရှိသောသူဖြစ်သည်ဟု သင်ထင်သနည်း”ဟူ၍ မေးတော်မူ၏။
37 ထိုသူကလည်း “သူ့အပေါ်ကရုဏာပြသောသူဖြစ်ပါ၏”ဟု လျှောက်လျှင် ယေရှုက “သင်သည်လည်း သွား၍ ထိုနည်းတူပြုလော့”ဟု မိန့်တော်မူ၏။
38 သူတို့သည် ခရီးဆက်သွားစဉ်တွင် ကိုယ်တော်သည် ရွာတစ်ရွာသို့ဝင်တော်မူရာ မာသအမည်ရှိသောအမျိုးသမီးတစ်ဦးသည် ကိုယ်တော်ကို မိမိအိမ်၌လက်ခံကြိုဆိုလေ၏။
39 ထိုအမျိုးသမီးတွင် မာရိဟုခေါ်သောညီမတစ်ယောက်ရှိ၏။ သူသည် သခင်ဘုရား၏ခြေတော်ရင်း၌ထိုင်လျက် ကိုယ်တော်၏တရားစကားကို နားထောင်နေ၏။