1 ထိုအချိန်၌ပင် လူအချို့တို့သည်ရောက်လာ၍ ပိလတ်မင်းသည် ဂါလိလဲနယ်သားအချို့တို့၏သွေးကို သူတို့ပူဇော်သောယဇ်များနှင့်ရောနှောခဲ့ကြောင်း ကိုယ်တော်အားကြားလျှောက်ကြ၏။
2 ကိုယ်တော်ကလည်း “ထိုဂါလိလဲနယ်သားတို့သည် ထိုသို့သောဒုက္ခဝေဒနာကိုခံစားကြရသောကြောင့် အခြားဂါလိလဲနယ်သားအားလုံးတို့ထက် အပြစ်များသည်ဟု သင်တို့ထင်ကြသလော။
3 ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား သင်တို့အားလုံးသည်လည်း နောင်တမရလျှင် ထိုနည်းတူပျက်စီးကြလိမ့်မည်။
4 ထို့ပြင် ရှိလောင်မျှော်စင်ပြိုကျသဖြင့် ပိမိ၍သေဆုံးသောသူတစ်ဆယ့်ရှစ်ယောက်တို့သည် ဂျေရုဆလင်မြို့တွင် နေထိုင်ကြသောအခြားသူအားလုံးတို့ထက် အပြစ်များသည်ဟု သင်တို့ထင်ကြသလော။
5 ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား သင်တို့အားလုံးသည်လည်း နောင်တမရလျှင် ထိုနည်းတူပျက်စီးကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
6 ထို့နောက် ကိုယ်တော်သည် ဤပုံဥပမာကိုပေး၍ မြွက်ဆိုတော်မူသည်မှာ “လူတစ်ဦးတွင် မိမိစပျစ်ခြံထဲ၌စိုက်ထားသော သဖန်းပင်တစ်ပင်ရှိ၏။ သူသည် ထိုအပင်၌ အသီးကိုလာရှာသော်လည်းမတွေ့ရချေ။