ရှင်​လု​ကာ​ခ​ရစ်​ဝင် 15:17-23 MSB

17 ထို​အ​ခါ သူ​သည် အ​သိ​တ​ရား​ပြန်​ရ​၍ ‘ငါ့​အ​ဖေ​ထံ​၌ အ​လုပ်​သ​မား​မည်​မျှ​ပင်​များ​စေ​ကာ​မူ သူ​တို့​တွင် စား​စ​ရာ​အ​လျှံ​ပယ်​ရှိ​၏။ ငါ​မူ​ကား ဤ​အ​ရပ်​၌ အ​စာ​ငတ်​လျက် သေ​လု​မ​တတ်​ဖြစ်​နေ​ရ​၏။

18 ငါ​သည်​ထ​၍ ငါ့​အ​ဖေ​ထံ​သို့​သွား​ပြီး ‘အ​ဖေ၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ကို​လည်း​ကောင်း၊ အ​ဖေ့​ကို​လည်း​ကောင်း ပြစ်​မှား​ခဲ့​ပါ​ပြီ။

19 အ​ကျွန်ုပ်​သည် အ​ဖေ​၏​သား​ဟူ​၍​အ​ခေါ်​ခံ​ရန် မ​ထိုက်​တန်​တော့​ပါ။ အ​ကျွန်ုပ်​ကို အ​ဖေ​၏​အ​လုပ်​သ​မား​တစ်​ဦး​အ​ဖြစ်​ထား​ပါ’​ဟူ​၍ ငါ​ပြော​မည်​ဟု​ဆို​ပြီး​လျှင်

20 ထ​၍ မိ​မိ​ဖ​ခင်​ထံ​သို့​ပြန်​လာ​လေ​၏။ သူ​သည် အ​ဝေး​၌​ရှိ​နေ​စဉ်​ပင် သူ​၏​ဖ​ခင်​သည် သူ့​ကို​မြင်​လျှင် ကြင်​နာ​စိတ်​ရှိ​သ​ဖြင့် ပြေး​လာ​၍ သူ့​ကို​ဖက်​လျက် နမ်း​လေ​၏။

21 သား​က​လည်း ‘အ​ဖေ၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ကို​လည်း​ကောင်း၊ အ​ဖေ့​ကို​လည်း​ကောင်း ပြစ်​မှား​ခဲ့​ပါ​ပြီ။ အ​ကျွန်ုပ်​သည် အ​ဖေ​၏​သား​ဟူ​၍​အ​ခေါ်​ခံ​ရန် မ​ထိုက်​တန်​တော့​ပါ’​ဟု ဆို​၏။

22 သို့​သော် ဖ​ခင်​သည် မိ​မိ​အ​စေ​အ​ပါး​တို့​အား ‘အ​ကောင်း​ဆုံး​သော​ဝတ်​လုံ​ကို အ​မြန်​ယူ​ခဲ့​၍ သူ့​ကို​ဝတ်​ပေး​ကြ​လော့။ လက်​၌ လက်​စွပ်​ကို​စွပ်​ပေး​၍ ခြေ​၌ ဖိ​နပ်​ကို​စီး​စေ​ကြ​လော့။

23 ဆူ​ဖြိုး​သော​နွား​သ​ငယ်​ကို​လည်း​ဆွဲ​လာ​၍ သတ်​ကြ​လော့။ ငါ​တို့​သည် ပျော်​ရွှင်​စွာ​စား​ကြ​စို့။