ရှင်​လု​ကာ​ခ​ရစ်​ဝင် 15:21-27 MSB

21 သား​က​လည်း ‘အ​ဖေ၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ကို​လည်း​ကောင်း၊ အ​ဖေ့​ကို​လည်း​ကောင်း ပြစ်​မှား​ခဲ့​ပါ​ပြီ။ အ​ကျွန်ုပ်​သည် အ​ဖေ​၏​သား​ဟူ​၍​အ​ခေါ်​ခံ​ရန် မ​ထိုက်​တန်​တော့​ပါ’​ဟု ဆို​၏။

22 သို့​သော် ဖ​ခင်​သည် မိ​မိ​အ​စေ​အ​ပါး​တို့​အား ‘အ​ကောင်း​ဆုံး​သော​ဝတ်​လုံ​ကို အ​မြန်​ယူ​ခဲ့​၍ သူ့​ကို​ဝတ်​ပေး​ကြ​လော့။ လက်​၌ လက်​စွပ်​ကို​စွပ်​ပေး​၍ ခြေ​၌ ဖိ​နပ်​ကို​စီး​စေ​ကြ​လော့။

23 ဆူ​ဖြိုး​သော​နွား​သ​ငယ်​ကို​လည်း​ဆွဲ​လာ​၍ သတ်​ကြ​လော့။ ငါ​တို့​သည် ပျော်​ရွှင်​စွာ​စား​ကြ​စို့။

24 အ​ကြောင်း​မူ​ကား ငါ​၏​ဤ​သား​သည် သေ​ဆုံး​ခဲ့​သော်​လည်း ပြန်​ရှင်​လာ​ပြီး ပျောက်​ဆုံး​ခဲ့​သော်​လည်း ပြန်​တွေ့​ရ​ပြီ’​ဟု ဆို​လေ​၏​။ ထို့​နောက် သူ​တို့​သည် ပျော်​ပွဲ​ရွှင်​ပွဲ​ကို​အ​စ​ပြု​ကြ​လေ​၏။

25 လယ်​၌​ရှိ​သော သား​ကြီး​မူ​ကား ပြန်​လာ​၍ အိမ်​အ​နီး​သို့​ရောက်​လာ​သော​အ​ခါ တီး​မှုတ်​သံ​နှင့်​က​ခုန်​သံ​တို့​ကို​ကြား​ရ​သ​ဖြင့်

26 အ​စေ​ခံ​တစ်​ဦး​ကို​ခေါ်​၍ ‘မည်​သည့်​အ​ခြင်း​အ​ရာ​များ​ဖြစ်​ပျက်​နေ​သ​နည်း’​ဟု မေး​မြန်း​လေ​၏။

27 အ​စေ​ခံ​က​လည်း ‘သင်​၏​ညီ​ပြန်​ရောက်​လာ​ပြီ။ သူ့​ကို​ကျန်း​မာ​စွာ​ဖြင့် ပြန်​တွေ့​ရ​သည့်​အ​တွက် သင်​၏​ဖ​ခင်​သည် ဆူ​ဖြိုး​သော​နွား​သ​ငယ်​ကို​သတ်​ပါ​ပြီ’​ဟု ပြော​ဆို​၏။