ရှင်​လု​ကာ​ခ​ရစ်​ဝင် 19:14-20 MSB

14 သို့​သော် သူ​၏​ပြည်​သူ​ပြည်​သား​တို့​သည် သူ့​ကို​မုန်း​သ​ဖြင့် သူ့​နောက်​မှ သံ​တ​မန်​ကို​စေ​လွှတ်​၍ ‘အ​ကျွန်ုပ်​တို့​အ​ပေါ် ဤ​သူ​အုပ်​ချုပ်​မည်​ကို အ​ကျွန်ုပ်​တို့​အ​လို​မ​ရှိ​ပါ’​ဟု လျှောက်​ထား​စေ​ကြ​၏။

15 ထို့​နောက် သူ​သည် နိုင်​ငံ​တော်​အုပ်​စိုး​ခွင့်​ကို​ခံ​ယူ​ပြီး ပြန်​လာ​သော​အ​ခါ ငွေ​ပေး​ထား​ခဲ့​သော​အ​စေ​အ​ပါး​တို့​သည် စီး​ပွား​ရှာ​၍ အ​မြတ်​မည်​မျှ​ရ​ကြ​သည်​ကို သိ​ရှိ​နိုင်​မည့်​အ​ကြောင်း သူ​တို့​ကို မိ​မိ​ထံ​သို့​ခေါ်​လာ​ရန် အ​မိန့်​ရှိ​၏။

16 ပ​ထ​မ​တစ်​ဦး​သည် လာ​၍ ‘သ​ခင်၊ သ​ခင်​၏​ငွေ​တစ်​မိ​နာ့​အား​ဖြင့် ငွေ​ဆယ်​မိ​နာ့​အ​မြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။

17 သ​ခင်​က​လည်း ‘ကောင်း​လေ​စွ။ အ​စေ​အ​ပါး​ကောင်း၊ သင်​သည် သေး​ငယ်​သော​အ​မှု​၌ သစ္စာ​ရှိ​သော​ကြောင့် မြို့​ဆယ်​မြို့​ကို​အုပ်​ချုပ်​လော့’​ဟု ဆို​လေ​၏။

18 ဒု​တိ​ယ​တစ်​ဦး​သည်​လည်း လာ​၍ ‘သ​ခင်၊ သ​ခင်​၏​ငွေ​တစ်​မိ​နာ့​အား​ဖြင့် ငွေ​ငါး​မိ​နာ့​အ​မြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။

19 သ​ခင်​က​လည်း ‘သင်​သည် မြို့​ငါး​မြို့​ကို​အုပ်​ချုပ်​လော့’​ဟု ဆို​၏။

20 ထို့​နောက် အ​ခြား​တစ်​ဦး​သည်​လာ​၍ ‘သ​ခင်၊ ကြည့်​ပါ။ ပ​ဝါ​ထဲ​၌ အ​ကျွန်ုပ်​ထုပ်​၍​သိမ်း​ထား​သော သ​ခင်​၏​ငွေ​တစ်​မိ​နာ့​ရှိ​ပါ​သည်။