ရှင်​လု​ကာ​ခ​ရစ်​ဝင် 19:17-23 MSB

17 သ​ခင်​က​လည်း ‘ကောင်း​လေ​စွ။ အ​စေ​အ​ပါး​ကောင်း၊ သင်​သည် သေး​ငယ်​သော​အ​မှု​၌ သစ္စာ​ရှိ​သော​ကြောင့် မြို့​ဆယ်​မြို့​ကို​အုပ်​ချုပ်​လော့’​ဟု ဆို​လေ​၏။

18 ဒု​တိ​ယ​တစ်​ဦး​သည်​လည်း လာ​၍ ‘သ​ခင်၊ သ​ခင်​၏​ငွေ​တစ်​မိ​နာ့​အား​ဖြင့် ငွေ​ငါး​မိ​နာ့​အ​မြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။

19 သ​ခင်​က​လည်း ‘သင်​သည် မြို့​ငါး​မြို့​ကို​အုပ်​ချုပ်​လော့’​ဟု ဆို​၏။

20 ထို့​နောက် အ​ခြား​တစ်​ဦး​သည်​လာ​၍ ‘သ​ခင်၊ ကြည့်​ပါ။ ပ​ဝါ​ထဲ​၌ အ​ကျွန်ုပ်​ထုပ်​၍​သိမ်း​ထား​သော သ​ခင်​၏​ငွေ​တစ်​မိ​နာ့​ရှိ​ပါ​သည်။

21 သ​ခင်​သည် စည်း​ကမ်း​ကြီး​၍​တိ​ကျ​သော​သူ​ဖြစ်​ပြီး မိ​မိ​မ​ထည့်​သွင်း​ထား​သော​အ​ရာ​ကို​ထုတ်​ယူ​လျက် မိ​မိ​မ​စိုက်​ပျိုး​သည့်​အ​ရာ​ကို ရိတ်​သိမ်း​တတ်​သော​ကြောင့် အ​ကျွန်ုပ်​ကြောက်​ပါ​သည်’​ဟု လျှောက်​လေ​၏။

22 သ​ခင်​က​လည်း ‘ဆိုး​ညစ်​သော​အ​စေ​အ​ပါး၊ သင်​၏​နှုတ်​ထွက်​စ​ကား​အ​တိုင်း သင့်​ကို ငါ​စီ​ရင်​မည်။ ငါ​သည် မ​ထည့်​သွင်း​ထား​သော​အ​ရာ​ကို​ထုတ်​ယူ​၍ မ​စိုက်​ပျိုး​သည့်​အ​ရာ​ကို ရိတ်​သိမ်း​တတ်​သည့် စည်း​ကမ်း​ကြီး​၍​တိ​ကျ​သော​သူ​ဖြစ်​ကြောင်း သင်​သိ​သည်​မှန်​လျှင်

23 အ​ဘယ်​ကြောင့် ငါ​၏​ငွေ​ကို ငွေ​တိုး​ပေး​သူ​လက်​၌ မ​အပ်​ထား​သ​နည်း။ သို့​ပြု​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ၎င်း​ကို အ​တိုး​နှင့်​တ​ကွ ငါ​ရ​ရှိ​ခဲ့​ပေ​လိမ့်​မည်’​ဟု ဆို​လေ​၏။