25 သူတို့ကလည်း ‘သခင်၊ ထိုသူ၌ ငွေဆယ်မိနာ့ရှိနေပါပြီ’ဟု လျှောက်ကြလျှင်
26 သခင်က ‘သင်တို့ကို ငါဆိုသည်ကား ရှိသောသူတိုင်းအား ထပ်၍ပေးဦးမည်။ မရှိသောသူမူကား သူ၌ရှိသောအရာပင် သူ့ထံမှ သိမ်းယူခြင်းခံရလိမ့်မည်။
27 ထိုမှတစ်ပါး ငါအုပ်ချုပ်ရန်အလိုမရှိကြသော ငါ၏ရန်သူများကို ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မှောက်တွင် သူတို့ကိုကွပ်မျက်ကြလော့’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
28 ကိုယ်တော်သည် ထိုသို့မိန့်တော်မူပြီးနောက် ရှေ့သို့ခရီးသွားလျက် ဂျေရုဆလင်မြို့သို့တက်သွားတော်မူ၏။
29 သံလွင်ဟုခေါ်သောတောင်အနီးရှိ ဗက်ဖာဂေရွာနှင့်ဗေသနိရွာအနီးသို့ ရောက်တော်မူသောအခါ တပည့်တော်နှစ်ပါးကိုစေလွှတ်၍
30 “သင်တို့ရှေ့ကရွာထဲသို့ သွားကြလော့။ ရွာထဲသို့ဝင်သည်နှင့် မည်သူမျှမစီးဖူးသော မြည်းကလေးတစ်ကောင်ချည်ထားသည်ကို တွေ့ကြလိမ့်မည်။ ၎င်းကိုကြိုးဖြေ၍ ခေါ်ဆောင်လာကြလော့။
31 တစ်စုံတစ်ယောက်က ‘အဘယ်ကြောင့်ကြိုးဖြေကြသနည်း’ဟု သင်တို့ကို မေးလျှင် ‘သခင်ဘုရားအလိုရှိသည်’ဟု ပြောကြလော့”ဟူ၍ မိန့်တော်မူ၏။