31 တစ်စုံတစ်ယောက်က ‘အဘယ်ကြောင့်ကြိုးဖြေကြသနည်း’ဟု သင်တို့ကို မေးလျှင် ‘သခင်ဘုရားအလိုရှိသည်’ဟု ပြောကြလော့”ဟူ၍ မိန့်တော်မူ၏။
32 စေလွှတ်ခြင်းခံရသောသူတို့သည်လည်း ထွက်သွား၍ သူတို့အားကိုယ်တော်မိန့်တော်မူသည့်အတိုင်း တွေ့မြင်ကြ၏။
33 သူတို့သည် မြည်းကလေးကိုကြိုးဖြေနေကြစဉ် ၎င်း၏ပိုင်ရှင်တို့က “အဘယ်ကြောင့် မြည်းကလေးကိုကြိုးဖြေကြသနည်း”ဟု မေးကြ၏။
34 သူတို့ကလည်း “သခင်ဘုရားအလိုရှိသည်”ဟု ဖြေကြ၏။
35 ထို့နောက် မြည်းကလေးကို ယေရှုထံသို့ခေါ်ဆောင်လာပြီးလျှင် ၎င်းပေါ်၌ သူတို့၏အဝတ်များကိုခင်း၍ ယေရှုအားစီးစေကြ၏။
36 ကိုယ်တော်ကြွတော်မူစဉ်တွင် လူတို့သည် မိမိတို့၏ဝတ်ရုံများကို လမ်းပေါ်၌ခင်းကြ၏။
37 ကိုယ်တော်သည် သံလွင်တောင်၏အဆင်းလမ်းအနီးသို့ ရောက်တော်မူသောအခါ တပည့်တော်အစုအဝေးအပေါင်းတို့သည် မိမိတို့တွေ့မြင်ခဲ့ရသည့် တန်ခိုးလက္ခဏာအားလုံးအတွက် ဝမ်းမြောက်လျက် ကျယ်လောင်သောအသံဖြင့် ဘုရားသခင်ကိုချီးမွမ်းကာ