11 ဟေရုဒ်သည်လည်း မိမိစစ်သားများနှင့်အတူ ကိုယ်တော်ကိုမထီမဲ့မြင်ပြုလျက် ပြောင်လှောင်ကာ တင့်တယ်သောဝတ်လုံကိုဝတ်စေပြီးလျှင် ပိလတ်မင်းထံသို့ ပြန်ပို့လေ၏။
12 ဟေရုဒ်နှင့်ပိလတ်မင်းတို့သည် ယခင်က တစ်ဦးနှင့်တစ်ဦးရန်ဘက်ဖြစ်ခဲ့သော်လည်း ထိုနေ့တွင် မိတ်ဆွေဖြစ်လာကြ၏။
13 ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီးအကဲများ၊ အုပ်ချုပ်သူများနှင့် လူထုတို့ကို စုဝေးစေ၍
14 “သင်တို့သည် လူထုကိုမှားယွင်းစေရန်လှုံ့ဆော်သူအဖြစ် ဤသူကို ငါ့ထံသို့ခေါ်ဆောင်လာကြ၏။ သို့သော် ကြည့်လော့။ ငါသည် သင်တို့ရှေ့မှာပင် သူ့ကိုစစ်ဆေးခဲ့သော်လည်း ဤသူအပေါ် သင်တို့စွပ်စွဲသည့်အပြစ်တစ်စုံတစ်ခုမျှမတွေ့။
15 ဟေရုဒ်သည်လည်း အပြစ်မတွေ့သဖြင့် သူ့ကို ငါတို့ထံသို့ ပြန်ပို့လိုက်၏။ သူသည် သေထိုက်သောအပြစ်တစ်စုံတစ်ခုကိုမျှ မပြုခဲ့ချေ။
16 ထို့ကြောင့် သူ့ကိုဆုံးမပြီး လွှတ်လိုက်မည်”ဟု ဆို၏။
17 [ထိုသို့ဆိုခြင်းမှာ ပိလတ်မင်းသည် ပွဲတော်တွင် လူတစ်ဦးကို လွှတ်ပေးရသောကြောင့်ဖြစ်၏။]