40 အနာကြီးရောဂါသည်တစ်ဦးသည် အထံတော်သို့လာ၍ ဒူးထောက်လျက် “ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လျှောက်ထားလေ၏။
41 ကိုယ်တော်သည် ကြင်နာစိတ်ရှိတော်မူသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့ထိကာ “ငါအလိုရှိ၏။ စင်ကြယ်ခြင်းသို့ရောက်စေ”ဟု မိန့်တော်မူ၏။
42 ထိုခဏချင်းတွင် သူ၏အနာကြီးရောဂါသည်ပျောက်ကင်းသွား၍ သူသည် စင်ကြယ်ခြင်းသို့ရောက်လေ၏။
43-44 ကိုယ်တော်ကလည်း “မည်သူ့ကိုမဆို မည်သည့်အရာမျှမပြောရန် သတိပြုလော့။ ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌ သက်သေဖြစ်စေရန် မောရှေပညတ်ခဲ့သည့်အတိုင်း သင်၏စင်ကြယ်ခြင်းဝတ်အတွက် ပူဇော်သက္ကာကို ဆက်သလော့”ဟု တင်းကျပ်စွာမှာကြားလျက်သူ့ကိုချက်ချင်းပြန်သွားစေတော်မူ၏။
45 သို့သော် ထိုသူသည် ထွက်သွား၍ ထိုသတင်းကို အားပါးတရပြောကြားပြီး ပျံ့နှံ့စေသဖြင့် ကိုယ်တော်သည် မြို့ထဲသို့ ထင်ရှားစွာမဝင်နိုင်တော့ဘဲ မြို့ပြင်လူသူကင်းဝေးရာအရပ်၌ နေတော်မူ၏။ ထိုအခါ အရပ်ရပ်မှလူတို့သည် ကိုယ်တော့်ထံသို့ရောက်လာကြ၏။