ရှင်​မာ​ကု​ခ​ရစ်​ဝင် 11:1-5 MSB

1 သူ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​နှင့်​နီး​ကပ်​လာ​၍ သံ​လွင်​တောင်​ခြေ​ရှိ ဗက်​ဖာ​ဂေ​ရွာ​နှင့်​ဗေ​သ​နိ​ရွာ​သို့ ရောက်​လာ​ကြ​သော​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​နှစ်​ပါး​ကို​စေ​လွှတ်​၍

2 “သင်​တို့​ရှေ့​က​ရွာ​ထဲ​သို့ သွား​ကြ​လော့။ ရွာ​ထဲ​သို့​ဝင်​လျှင်​ဝင်​ချင်း​မည်​သူ​မျှ​မ​စီး​ဖူး​သော မြည်း​က​လေး​တစ်​ကောင်​ချည်​ထား​သည်​ကို သင်​တို့​တွေ့​ကြ​လိမ့်​မည်။ ၎င်း​ကို​ကြိုး​ဖြေ​၍ ခေါ်​ဆောင်​လာ​ကြ​လော့။

3 တစ်​စုံ​တစ်​ယောက်​က ‘အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း’​ဟု သင်​တို့​ကို​မေး​လျှင် ‘သ​ခင်​ဘု​ရား​အ​လို​ရှိ​သည်။ ဤ​နေ​ရာ​သို့ ချက်​ချင်း​ပြန်​ပို့​ပေး​ပါ​လိမ့်​မည်’​ဟု ပြော​ကြ​လော့”​ဟူ​၍ မိန့်​တော်​မူ​၏။

4 ထို့​ကြောင့် သူ​တို့​သည်​ထွက်​သွား​၍ လမ်း​ဘေး​အိမ်​တံ​ခါး​တွင်​ချည်​ထား​သော မြည်း​က​လေး​တစ်​ကောင်​ကို​တွေ့​သ​ဖြင့် ၎င်း​ကို​ကြိုး​ဖြေ​ကြ​၏။

5 ထို​အ​ခါ ထို​နေ​ရာ​၌​ရပ်​နေ​သော​သူ​အ​ချို့​တို့​က “မြည်း​က​လေး​ကို​ကြိုး​ဖြေ​၍ ဘာ​လုပ်​နေ​ကြ​သ​နည်း”​ဟု မေး​ကြ​၏။