ရှင်​မာ​ကု​ခ​ရစ်​ဝင် 11:14-20 MSB

14 ထို​အ​ခါ ထို​အ​ပင်​အား “သင့်​ထံ​မှ​အ​သီး​ကို ယ​ခု​မှ​စ​၍ ကာ​လ​အ​စဉ်​အ​ဆက် မည်​သူ​မျှ မ​စား​ရ​ပါ​စေ​နှင့်”​ဟု မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​ကြား​ကြ​၏။

15 သူ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ရောက်​ကြ​သော​အ​ခါ ကိုယ်​တော်​သည် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​၍ ဗိ​မာန်​တော်​၌ ရောင်း​ဝယ်​နေ​သော​သူ​တို့​ကို​နှင်​ထုတ်​ကာ ငွေ​ကြေး​လဲ​လှယ်​သူ​တို့​၏​စား​ပွဲ​များ​နှင့် ချိုး​ငှက်​ရောင်း​သူ​တို့​၏​ထိုင်​ခုံ​များ​ကို မှောက်​လှန်​တော်​မူ​၏။

16 ထို့​ပြင် ဗိ​မာန်​တော်​ကို​ဖြတ်​၍ ကုန်​ပစ္စည်း​များ​သယ်​ဆောင်​ရန် မည်​သူ့​ကို​မျှ ခွင့်​ပြု​တော်​မ​မူ။

17 ကိုယ်​တော်​သည် သူ​တို့​အား​သွန်​သင်​လျက် “‘ငါ့​အိမ်​သည် လူ​မျိုး​တ​ကာ​တို့​၏​ဆု​တောင်း​ရာ​အိမ်​ဟူ​၍ ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​မ​ဟုတ်​လော။ သို့​သော် သင်​တို့​သည် ၎င်း​ကို ဓား​ပြ​တို့​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ​တ​ကား”​ဟု မိန့်​တော်​မူ​၏။

18 ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ထို​အ​ကြောင်း​ကို​ကြား​သိ​သော​အ​ခါ ကိုယ်​တော်​ကို သတ်​နိုင်​မည့်​နည်း​လမ်း​ကို ရှာ​ကြံ​ကြ​၏။ အ​ကြောင်း​မူ​ကား လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​၏​သွန်​သင်​ချက်​ကို အံ့​ဩ​ချီး​မွမ်း​ကြ​သော​ကြောင့် သူ​တို့​သည် ကိုယ်​တော်​ကို​ကြောက်​ရွံ့​ကြ​၏။

19 မှောင်​ရီ​ပျိုး​စ​ချိန်​ရောက်​လာ​သော​အ​ခါ ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည် မြို့​ပြင်​သို့​ထွက်​သွား​ကြ​၏။

20 နံ​နက်​စော​စော လမ်း​၌​ဖြတ်​သွား​ကြ​စဉ် အ​မြစ်​မှ​စ​၍ ညှိုး​နွမ်း​ခြောက်​သွေ့​နေ​သော​သ​ဖန်း​ပင်​ကို သူ​တို့​မြင်​ကြ​၏။