ရှင်​မာ​ကု​ခ​ရစ်​ဝင် 11:20-26 MSB

20 နံ​နက်​စော​စော လမ်း​၌​ဖြတ်​သွား​ကြ​စဉ် အ​မြစ်​မှ​စ​၍ ညှိုး​နွမ်း​ခြောက်​သွေ့​နေ​သော​သ​ဖန်း​ပင်​ကို သူ​တို့​မြင်​ကြ​၏။

21 ထို​အ​ခါ ပေ​တ​ရု​သည် သ​တိ​ရ​၍ “ရဗ္ဗိ၊ ကြည့်​ပါ။ ကိုယ်​တော်​ကျိန်​တော်​မူ​သော​သ​ဖန်း​ပင်​သည် ညှိုး​နွမ်း​ခြောက်​သွေ့​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

22 ယေ​ရှု​က​လည်း “ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။

23 သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား မည်​သူ​မ​ဆို ဤ​တောင်​အား ‘ရွေ့​သွား​၍ ပင်​လယ်​ထဲ​သို့​ကျ​လော့’​ဟု ဆို​လျက် မိ​မိ​စိတ်​နှ​လုံး​ထဲ​၌ သံ​သ​ယ​ကင်း​မဲ့​ကာ မိ​မိ​ဆို​သည့်​အ​တိုင်း​ဖြစ်​မည်​ဟု​ယုံ​ကြည်​လျှင် ထို​သူ​ဆို​သည့်​အ​တိုင်း ဖြစ်​လိမ့်​မည်။

24 ထို့​ကြောင့် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​ဆု​တောင်း​သော​အ​ခါ တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို ရ​ရှိ​ပြီ​ဟု​ယုံ​ကြည်​ကြ​လော့။ ထို​အ​ခါ သင်​တို့​အ​တွက် ထို​အ​တိုင်း​ဖြစ်​လိမ့်​မည်။

25 သင်​တို့​သည် မတ်​တတ်​ရပ်​လျက် ဆု​တောင်း​ကြ​သော​အ​ခါ တစ်​ဦး​တစ်​ယောက်​အ​ပေါ် အ​ပြစ်​တင်​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​လျှင် ခွင့်​လွှတ်​ကြ​လော့။ သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဖ​သည်​လည်း သင်​တို့​ကျူး​လွန်​သော​အ​ပြစ်​များ​ကို ခွင့်​လွှတ်​တော်​မူ​မည်။

26 [သို့​သော် သင်​တို့​ခွင့်​မ​လွှတ်​လျှင် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဖ​သည်​လည်း သင်​တို့​ကျူး​လွန်​သော​အ​ပြစ်​များ​ကို ခွင့်​လွှတ်​တော်​မူ​မည်​မ​ဟုတ်]”​ဟု မိန့်​တော်​မူ​၏။