ရှင်​မာ​ကု​ခ​ရစ်​ဝင် 11:23-29 MSB

23 သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား မည်​သူ​မ​ဆို ဤ​တောင်​အား ‘ရွေ့​သွား​၍ ပင်​လယ်​ထဲ​သို့​ကျ​လော့’​ဟု ဆို​လျက် မိ​မိ​စိတ်​နှ​လုံး​ထဲ​၌ သံ​သ​ယ​ကင်း​မဲ့​ကာ မိ​မိ​ဆို​သည့်​အ​တိုင်း​ဖြစ်​မည်​ဟု​ယုံ​ကြည်​လျှင် ထို​သူ​ဆို​သည့်​အ​တိုင်း ဖြစ်​လိမ့်​မည်။

24 ထို့​ကြောင့် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​ဆု​တောင်း​သော​အ​ခါ တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို ရ​ရှိ​ပြီ​ဟု​ယုံ​ကြည်​ကြ​လော့။ ထို​အ​ခါ သင်​တို့​အ​တွက် ထို​အ​တိုင်း​ဖြစ်​လိမ့်​မည်။

25 သင်​တို့​သည် မတ်​တတ်​ရပ်​လျက် ဆု​တောင်း​ကြ​သော​အ​ခါ တစ်​ဦး​တစ်​ယောက်​အ​ပေါ် အ​ပြစ်​တင်​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​လျှင် ခွင့်​လွှတ်​ကြ​လော့။ သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဖ​သည်​လည်း သင်​တို့​ကျူး​လွန်​သော​အ​ပြစ်​များ​ကို ခွင့်​လွှတ်​တော်​မူ​မည်။

26 [သို့​သော် သင်​တို့​ခွင့်​မ​လွှတ်​လျှင် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဖ​သည်​လည်း သင်​တို့​ကျူး​လွန်​သော​အ​ပြစ်​များ​ကို ခွင့်​လွှတ်​တော်​မူ​မည်​မ​ဟုတ်]”​ဟု မိန့်​တော်​မူ​၏။

27 ထို့​နောက် သူ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့ တစ်​ဖန်​ရောက်​ကြ​၏။ ကိုယ်​တော်​သည် ဗိ​မာန်​တော်​ထဲ​၌ ကြွ​တော်​မူ​စဉ် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ ကျမ်း​ပြု​ဆ​ရာ​များ​နှင့်​သက်​ကြီး​ဝါ​ကြီး​တို့​သည် အ​ထံ​တော်​သို့​လာ​၍

28 “သင်​သည် ဤ​အ​မှု​အ​ရာ​များ​ကို မည်​သည့်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​သ​နည်း။ သို့​မ​ဟုတ် ဤ​သို့​ပြု​နိုင်​သော​အ​ခွင့်​အာ​ဏာ​ကို မည်​သူ​က သင့်​အား​ပေး​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

29 ယေ​ရှု​က​လည်း “ငါ​သည် သင်​တို့​ကို မေး​ခွန်း​တစ်​ခု​မေး​ဦး​မည်။ ငါ့​ကို​ဖြေ​ကြ​လော့။ သို့​ပြု​လျှင် ဤ​အ​ရာ​များ​ကို မည်​သည့်​အ​ခွင့်​အာ​ဏာ​နှင့်​ငါ​ပြု​ကြောင်း သင်​တို့​အား ငါ​ပြော​မည်။