ရှင်​မာ​ကု​ခ​ရစ်​ဝင် 11:30-33 MSB

30 ယော​ဟန်​၏​ဗတ္တိ​ဇံ​သည် ကောင်း​ကင်​မှ​ဖြစ်​သ​လော သို့​မ​ဟုတ် လူ​တို့​ထံ​မှ​ဖြစ်​သ​လော။ ငါ့​ကို​ဖြေ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

31 ထို​အ​ခါ သူ​တို့​သည် အ​ချင်း​ချင်း​ဆွေး​နွေး​ပြော​ဆို​ကြ​ကာ “‘ကောင်း​ကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘သို့​ဖြစ်​လျှင် အ​ဘယ်​ကြောင့် ယော​ဟန်​ကို​မ​ယုံ​ကြ​သ​နည်း’​ဟု ပြော​လိမ့်​မည်။

32 ‘လူ​တို့​ထံ​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း​မ​ဖြစ်”​ဟု ဆို​ကြ​၏။ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​ဖြစ်​သည်​ဟု အ​မှန်​ပင် မှတ်​ယူ​ကြ​သော​ကြောင့် သူ​တို့​သည် လူ​ထု​ပ​ရိ​သတ်​ကို​ကြောက်​ကြ​၏။

33 ထို့​ကြောင့် သူ​တို့​က “အ​ကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ယေ​ရှု​အား ပြန်​ဖြေ​ကြ​၏။ ထို​အ​ခါ ယေ​ရှု​က “ငါ​သည်​လည်း ဤ​အ​မှု​အ​ရာ​များ​ကို မည်​သည့်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​ကြောင်း သင်​တို့​ကို​မ​ပြော”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။