ရှင်​မာ​ကု​ခ​ရစ်​ဝင် 11:5-11 MSB

5 ထို​အ​ခါ ထို​နေ​ရာ​၌​ရပ်​နေ​သော​သူ​အ​ချို့​တို့​က “မြည်း​က​လေး​ကို​ကြိုး​ဖြေ​၍ ဘာ​လုပ်​နေ​ကြ​သ​နည်း”​ဟု မေး​ကြ​၏။

6 သူ​တို့​က​လည်း ယေ​ရှု​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ပြန်​ပြော​ကြ​ရာ ထို​သူ​တို့​သည်​ခွင့်​ပြု​ကြ​၏။

7 ထို့​နောက် မြည်း​က​လေး​ကို ယေ​ရှု​ထံ​သို့​ခေါ်​ဆောင်​လာ​ပြီး​လျှင် ၎င်း​အ​ပေါ်​၌ သူ​တို့​၏​အ​ဝတ်​များ​ကို​ခင်း​ကြ​ရာ ကိုယ်​တော်​သည် ထို​မြည်း​ကို​စီး​တော်​မူ​၏။

8 များ​စွာ​သော​လူ​တို့​သည်​လည်း မိ​မိ​တို့​၏​ဝတ်​ရုံ​များ​ကို လမ်း​ပေါ်​၌​ခင်း​ကြ​၏။ အ​ချို့​တို့​မူ​ကား ကွင်း​ပြင်​မှ​သစ်​ခက်​သစ်​ရွက်​များ​ကို​ခုတ်​လာ​၍ ခင်း​ကြ​၏။

9 ရှေ့​မှ​သွား​သော​သူ​တို့​နှင့် နောက်​မှ​လိုက်​သော​သူ​တို့​က “ဟော​ရှဏ္ဏ၊ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​၌ ကြွ​လာ​တော်​မူ​သော​အ​ရှင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။

10 ပေါ်​ထွန်း​တော့​မည့် ငါ​တို့​အ​ဖ​ဒါ​ဝိဒ်​၏​နိုင်​ငံ​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ အ​မြင့်​ဆုံး​သော​အ​ရပ်​၌ ဟော​ရှဏ္ဏ​ဖြစ်​စေ​သ​တည်း”​ဟု ကြွေး​ကြော်​ကြ​၏။

11 ဤ​သို့​ဖြင့် ကိုယ်​တော်​သည် ဂျေ​ရု​ဆ​လင်​မြို့​ထဲ​သို့​ဝင်​၍ ဗိ​မာန်​တော်​သို့​ကြွ​တော်​မူ​၏။ အ​ရာ​ရာ​တို့​ကို လှည့်​လည်​ကြည့်​ရှု​တော်​မူ​ပြီး​လျှင် ည​နေ​ချမ်း​အ​ချိန်​ရောက်​ပြီ​ဖြစ်​၍ တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​နှင့်​အ​တူ ဗေ​သ​နိ​ရွာ​သို့​ကြွ​တော်​မူ​၏။