3 ယေရှုသည် ဗေသနိရွာတွင် အနာကြီးရောဂါသည်ရှိမုန်၏အိမ်ထဲ၌ထိုင်၍ စားသောက်နေတော်မူစဉ် အမျိုးသမီးတစ်ဦးသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ်ထည့်ထားသည့် ကျောက်ဖြူဘူးကိုယူဆောင်လာ၍ ထိုကျောက်ဖြူဘူးကိုခွဲပြီးလျှင် ကိုယ်တော်၏ခေါင်းပေါ်၌ ဆီမွှေးကို သွန်းလောင်းလေ၏။
4 ထိုအခါ လူအချို့တို့သည် စိတ်ဆိုးလျက် “အဘယ်ကြောင့် ဤဆီမွှေးကို ဖြုန်းတီးရသနည်း။
5 ဤဆီမွှေးကို ဒေနာရိသုံးရာကျော်နှင့်ရောင်း၍ ဆင်းရဲသားတို့ကို ပေးကမ်းနိုင်သည်”ဟု အချင်းချင်းပြောဆိုကာ ထိုအမျိုးသမီးကိုအပြစ်တင်ကြ၏။
6 သို့သော် ယေရှုက “သူပြုလိုရာပြုပါစေ။ သူ့ကို အဘယ်ကြောင့်နှောင့်ယှက်ကြသနည်း။ သူသည် ငါ၌ကောင်းသောအမှုကိုပြုလေပြီ။
7 အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့၌ အစဉ်ရှိကြသည်ဖြစ်၍ သင်တို့အလိုရှိသည့်အခါ သူတို့ကိုကျေးဇူးပြုနိုင်၏။ ငါမူကား သင်တို့၌ အစဉ်ရှိသည်မဟုတ်။
8 သူသည် တတ်နိုင်သမျှကိုပြုခဲ့ပြီ။ သင်္ဂြိုဟ်ခြင်းအမှုအတွက် ငါ၏ကိုယ်ခန္ဓာကို ကြိုတင်၍ဆီမွှေးလိမ်းပြီ။
9 သင်တို့အား ငါအမှန်ဆိုမည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမြတ်သောသတင်းကို ဟောပြောသည့်နေရာတိုင်း၌ ဤအမျိုးသမီးပြုခဲ့သောအမှုအရာကိုလည်း သူ၏အမှတ်တရအဖြစ် ပြောကြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။