ရှင်​မာ​ကု​ခ​ရစ်​ဝင် 2:14-20 MSB

14 တစ်​ဖန် လမ်း​၌​ကြွ​တော်​မူ​စဉ် အ​ခွန်​ကောက်​ခံ​ရာ​စ​ခန်း​တွင်​ထိုင်​နေ​သည့် အာ​လ​ဖဲ​၏​သား လေ​ဝိ​ကို​မြင်​၍ “ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။

15 ကိုယ်​တော်​သည် လေ​ဝိ​၏​အိမ်​ထဲ​၌​ထိုင်​၍​စား​သောက်​နေ​တော်​မူ​စဉ် များ​စွာ​သော​အ​ခွန်​ကောက်​ခံ​သူ​နှင့် အ​ပြစ်​သား​တို့​သည် တ​ပည့်​တော်​တို့​နှင့်​တ​ကွ ယေ​ရှု​နှင့်​အ​တူ စား​သောက်​ပွဲ​၌​ထိုင်​ကြ​၏။ အ​ကြောင်း​မူ​ကား နောက်​တော်​သို့​လိုက်​ကြ​သည့် ထို​သို့​သော​သူ​များ​စွာ​ရှိ​ကြ​၏။

16 ကိုယ်​တော်​သည် အ​ပြစ်​သား​များ၊ အ​ခွန်​ကောက်​ခံ​သူ​များ​နှင့်​အ​တူ စား​သောက်​လျက်​နေ​သည်​ကို ဖာ​ရိ​ရှဲ​တို့​ထဲ​မှ ကျမ်း​ပြု​ဆ​ရာ​များ​မြင်​လျှင် “သူ​သည် အ​ဘယ်​ကြောင့် အ​ခွန်​ကောက်​ခံ​သူ​များ၊ အ​ပြစ်​သား​များ​နှင့်​အ​တူ စား​သောက်​သ​နည်း”​ဟု တ​ပည့်​တော်​တို့​အား မေး​မြန်း​ကြ​၏။

17 ယေ​ရှု​သည် ထို​စ​ကား​ကို​ကြား​လျှင် “ကျန်း​မာ​သော​သူ​တို့​သည် ဆေး​ဆ​ရာ​ကို​မ​လို​အပ်​ကြ​ပေ။ နာ​မ​ကျန်း​ဖြစ်​သော​သူ​တို့​သာ​လျှင် လို​အပ်​ကြ​၏။ ဖြောင့်​မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အ​ပြစ်​သား​တို့​ကို​ခေါ်​ရန် ငါ​လာ​၏”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

18 ယော​ဟန်​၏​တ​ပည့်​များ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​စာ​ရှောင်​လျက်​နေ​ကြ​၏။ လူ​တို့​သည် ကိုယ်​တော်​ထံ​သို့​လာ​၍ “ယော​ဟန်​၏​တ​ပည့်​များ​နှင့် ဖာ​ရိ​ရှဲ​တို့​၏​တ​ပည့်​များ​သည် အ​စာ​ရှောင်​နေ​ကြ​သော်​လည်း ကိုယ်​တော်​၏​တ​ပည့်​များ​သည် အ​ဘယ်​ကြောင့် အ​စာ​မ​ရှောင်​ကြ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

19 ယေ​ရှု​က​လည်း “သ​တို့​သား​၏​ဆွေ​မျိုး​မိတ်သင်္ဂ​ဟ​များ​သည် သ​တို့​သား​နှင့်​အ​တူ​ရှိ​နေ​စဉ် အ​စာ​ရှောင်​နိုင်​ကြ​မည်​လော။ သူ​တို့​သည် သ​တို့​သား​နှင့်​အ​တူ​ရှိ​နေ​သ​ရွေ့ အ​စာ​မ​ရှောင်​နိုင်​ကြ​ပေ။

20 သို့​သော် သ​တို့​သား​ကို သူ​တို့​ထံ​မှ​ခေါ်​ဆောင်​သွား​မည့် နေ့​ရက်​များ​ရောက်​လာ​လိမ့်​မည်။ ထို​နေ့​ရက်​ရောက်​လာ​သည့်​အ​ခါ​၌ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။