9 ထို့နောက် “ကြားစရာနားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏။
10 ကိုယ်တော်တစ်ပါးတည်းရှိတော်မူသောအခါ ကိုယ်တော်၏နောက်လိုက်နောက်ပါများနှင့် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် ထိုပုံဥပမာများအကြောင်းကို မေးလျှောက်ကြ၏။
11 ကိုယ်တော်ကလည်း “သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို သိခွင့်ပေးထား၏။ အပြင်လူတို့အတွက်မူကား အရာရာကို ပုံဥပမာများဖြင့်ဖော်ပြရ၏။
12 ဤသည်ကား သူတို့သည် မြင်လျက်ပင် သတိမမူဘဲမြင်၍ ကြားလျက်ပင် နားမလည်ဘဲကြားကြစေရန်ဖြစ်၏။ သို့မဟုတ်လျှင် သူတို့သည် ပြောင်းလဲ၍ ခွင့်လွှတ်ခြင်းခံရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
13 ထို့နောက် ကိုယ်တော်က “ဤပုံဥပမာကိုနားမလည်ကြသလော။ သို့ဖြစ်လျှင် သင်တို့သည် ပုံဥပမာအားလုံးကို မည်ကဲ့သို့နားလည်ကြမည်နည်း။
14 မျိုးကြဲသောသူသည် တရားစကားကိုကြဲ၏။
15 တရားစကားကိုကြဲသောအခါ လမ်းဘေးတွင် ကြဲခြင်းခံရသည်ဆိုသည်မှာ ဤသို့သောသူတို့ကိုဆိုလို၏။ တရားစကားကိုသူတို့ကြားသောအခါ စာတန်သည်ချက်ချင်းလာ၍ သူတို့၌ကြဲထားသောတရားစကားကို နုတ်ယူလေ၏။