ရှင်​မာ​ကု​ခ​ရစ်​ဝင် 9:43-49 MSB

43 သင်​၏​လက်​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ လက်​နှစ်​ဖက်​ပါ​လျက် မီး​မ​ငြိမ်း​နိုင်​သည့်​င​ရဲ​သို့​လား​ရ​သည်​ထက် လက်​တစ်​ဖက်​နှင့် အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​ရ​သည်​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

44 [ထို​နေ​ရာ​တွင် လောက်​ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။]

45 သင်​၏​ခြေ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ ခြေ​နှစ်​ဖက်​ပါ​လျက် င​ရဲ​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​သည်​ထက် ခြေ​တစ်​ဖက်​နှင့် အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​ရ​သည်​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

46 [ထို​နေ​ရာ​တွင် လောက်​ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။]

47 သင်​၏​မျက်​စိ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​ပစ်​လော့။ မျက်​စိ​နှစ်​လုံး​ပါ​လျက် င​ရဲ​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​သည်​ထက် မျက်​စိ​တစ်​လုံး​နှင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​စား​ရ​သည်​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

48 ထို​နေ​ရာ​တွင် လောက်​ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။

49 လူ​တိုင်း​သည် မီး​အား​ဖြင့် ဆား​ခတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။