5 ထိုအခါ ပေတရုက “ရဗ္ဗိ၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်တို့ဆောက်ပါရစေ”ဟု ယေရှုအားလျှောက်ထားလေ၏။
6 သူတို့သည် အလွန်ကြောက်ရွံ့ကြသဖြင့် ပေတရုသည် မည်သို့လျှောက်ရမည်ကိုမသိသောကြောင့် ထိုသို့လျှောက်ထားခြင်းဖြစ်၏။
7 ထိုအခါ မိုးတိမ်သည်ပေါ်လာ၍ သူတို့ကိုဖုံးလွှမ်းပြီးလျှင် “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့စကားကိုနားထောင်ကြလော့”ဟု မိုးတိမ်ထဲမှ အသံတော်ထွက်ပေါ်လာ၏။
8 ထိုခဏချင်းတွင် သူတို့သည် ပတ်ပတ်လည်သို့ကြည့်လိုက်သော် ယေရှုတစ်ပါးတည်းသာ မိမိတို့နှင့်အတူရှိသည်ကိုတွေ့မြင်၍ အခြားမည်သူ့ကိုမျှ မတွေ့မြင်ကြတော့ချေ။
9 ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ကိုယ်တော်က သူတို့တွေ့မြင်ခဲ့ရသောအရာများကို လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။
10 သူတို့သည်လည်း ထိုစကားကို မှတ်သားထားလျက် သေသောသူတို့ထဲမှ ထမြောက်ခြင်းဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသနည်းဟု အချင်းချင်းဆွေးနွေးမေးမြန်းကြ၏။
11 ထို့နောက် သူတို့က “ဧလိယသည် ဦးစွာလာရမည်ဟု ကျမ်းပြုဆရာတို့က အဘယ်ကြောင့်ဆိုကြသနည်း”ဟူ၍ ကိုယ်တော်အားမေးလျှောက်ကြ၏။