22 သို့သော် ဇာခရိပြန်ထွက်လာသောအခါ သူတို့အားစကားမပြောနိုင်သောကြောင့် သူသည် ဗိမာန်တော်ထဲ၌ ဗျာဒိတ်ရူပါရုံကိုမြင်ရပြီဟု သိရှိသွားကြ၏။ ဇာခရိသည် သူတို့အား ကိုယ်လက်အမူအရာကိုသာပြ၍ ဆွံ့အလျက်နေ၏။
23 ထို့နောက် သူသည် တာဝန်ထမ်းဆောင်ရသည့်နေ့ရက်များပြီးဆုံးသွားသဖြင့် မိမိအိမ်သို့ပြန်သွားလေ၏။
24 ထိုနေ့ရက်များနောက်တွင် သူ၏ဇနီးအဲလစ်ဇဘက်သည် သန္ဓေတည်၍ ငါးလပတ်လုံး အိမ်တွင်း၌အောင်းလျက်နေ၏။
25 အဲလစ်ဇဘက်က “ထာဝရဘုရားသည် လူတို့အလယ်၌ ငါခံရသောကဲ့ရဲ့ရှုတ်ချခြင်းကိုဖယ်ရှားရန် ငါ့ကိုဂရုပြုတော်မူသည့်နေ့ရက်များ၌ ဤသို့ပြုတော်မူပြီ”ဟု ဆိုလေ၏။
26 ဆဋ္ဌမလတွင် ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲနယ်၊ နာဇရက်ဟုခေါ်သောမြို့၌ရှိသည့် အပျိုကညာတစ်ဦးထံသို့စေလွှတ်တော်မူ၏။
27 ထိုအပျိုကညာသည် ဒါဝိဒ်အမျိုး၊ ယောသပ်အမည်ရှိသောသူနှင့် စေ့စပ်ထားသူဖြစ်ပြီး သူ၏နာမည်မှာ မာရိဖြစ်၏။
28 ကောင်းကင်တမန်သည် မာရိထံသို့ဝင်လာ၍ “ကျေးဇူးတော်ခံစားရသောအမျိုးသမီး၊ သင်သည်မင်္ဂလာရှိပါစေသော။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏”ဟု မြွက်ဆိုလေ၏။