24 ထိုနေ့ရက်များနောက်တွင် သူ၏ဇနီးအဲလစ်ဇဘက်သည် သန္ဓေတည်၍ ငါးလပတ်လုံး အိမ်တွင်း၌အောင်းလျက်နေ၏။
25 အဲလစ်ဇဘက်က “ထာဝရဘုရားသည် လူတို့အလယ်၌ ငါခံရသောကဲ့ရဲ့ရှုတ်ချခြင်းကိုဖယ်ရှားရန် ငါ့ကိုဂရုပြုတော်မူသည့်နေ့ရက်များ၌ ဤသို့ပြုတော်မူပြီ”ဟု ဆိုလေ၏။
26 ဆဋ္ဌမလတွင် ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲနယ်၊ နာဇရက်ဟုခေါ်သောမြို့၌ရှိသည့် အပျိုကညာတစ်ဦးထံသို့စေလွှတ်တော်မူ၏။
27 ထိုအပျိုကညာသည် ဒါဝိဒ်အမျိုး၊ ယောသပ်အမည်ရှိသောသူနှင့် စေ့စပ်ထားသူဖြစ်ပြီး သူ၏နာမည်မှာ မာရိဖြစ်၏။
28 ကောင်းကင်တမန်သည် မာရိထံသို့ဝင်လာ၍ “ကျေးဇူးတော်ခံစားရသောအမျိုးသမီး၊ သင်သည်မင်္ဂလာရှိပါစေသော။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏”ဟု မြွက်ဆိုလေ၏။
29 မာရိသည် ထိုစကားကြောင့် စိတ်မငြိမ်မသက်ဖြစ်ပြီး ဤနှုတ်ဆက်ခြင်းသည် မည်သည့်အရာကိုဆိုလိုသနည်းဟု တွေးတောဆင်ခြင်လျက်နေ၏။
30 ကောင်းကင်တမန်ကလည်း “မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ အကြောင်းမူကား သင်သည် ဘုရားသခင်ထံမှ ကျေးဇူးတော်ကိုခံစားရလေပြီ။