ရှင်​လု​ကာ​ခ​ရစ်​ဝင် 10:33-39 MSB

33 သို့​သော် ရှ​မာ​ရိ​နယ်​သား​တစ်​ဦး​သည် ခ​ရီး​သွား​ရင်း သူ့​အ​နား​သို့​ရောက်​လာ​၍ သူ့​ကို​မြင်​လျှင် ကြင်​နာ​စိတ်​ရှိ​သ​ဖြင့်

34 ချဉ်း​ကပ်​လျက် သူ​၏​ဒဏ်​ရာ​များ​အ​ပေါ် ဆီ​နှင့်​စ​ပျစ်​ဝိုင်​ကို​လောင်း​ထည့်​ကာ အ​ဝတ်​နှင့်​ပတ်​စည်း​ပေး​၏။ ထို့​နောက် သူ့​ကို မိ​မိ​၏​တိ​ရစ္ဆာန်​ပေါ်​တင်​လျက် တည်း​ခို​ခန်း​သို့ ခေါ်​ဆောင်​သွား​၍ ပြု​စု​စောင့်​ရှောက်​လေ​၏။

35 နောက်​တစ်​နေ့​တွင် ဒေ​နာ​ရိ​နှစ်​ပြား​ကို​ထုတ်​၍ တည်း​ခို​ခန်း​ပိုင်​ရှင်​အား​ပေး​ပြီး​လျှင် ‘ဤ​သူ​ကို ပြု​စု​စောင့်​ရှောက်​ပေး​ပါ။ နောက်​ထပ် ကုန်​ကျ​သ​မျှ​ကို အ​ကျွန်ုပ်​ပြန်​လာ​သော​အ​ခါ သင့်​အား ပြန်​ပေး​ပါ​မည်’​ဟု ပြော​လေ​၏။

36 ထို​သူ​သုံး​ဦး​တို့​တွင် မည်​သူ​သည် ဓား​ပြ​လက်​တွင်း​သို့​ကျ​ရောက်​ခဲ့​သူ​၏ ဝန်း​ကျင်​၌​ရှိ​သော​သူ​ဖြစ်​သည်​ဟု သင်​ထင်​သ​နည်း”​ဟူ​၍ မေး​တော်​မူ​၏။

37 ထို​သူ​က​လည်း “သူ့​အ​ပေါ်​က​ရု​ဏာ​ပြ​သော​သူ​ဖြစ်​ပါ​၏”​ဟု လျှောက်​လျှင် ယေ​ရှု​က “သင်​သည်​လည်း သွား​၍ ထို​နည်း​တူ​ပြု​လော့”​ဟု မိန့်​တော်​မူ​၏။

38 သူ​တို့​သည် ခ​ရီး​ဆက်​သွား​စဉ်​တွင် ကိုယ်​တော်​သည် ရွာ​တစ်​ရွာ​သို့​ဝင်​တော်​မူ​ရာ မာ​သ​အ​မည်​ရှိ​သော​အ​မျိုး​သ​မီး​တစ်​ဦး​သည် ကိုယ်​တော်​ကို မိ​မိ​အိမ်​၌​လက်​ခံ​ကြို​ဆို​လေ​၏။

39 ထို​အ​မျိုး​သ​မီး​တွင် မာ​ရိ​ဟု​ခေါ်​သော​ညီ​မ​တစ်​ယောက်​ရှိ​၏။ သူ​သည် သ​ခင်​ဘု​ရား​၏​ခြေ​တော်​ရင်း​၌​ထိုင်​လျက် ကိုယ်​တော်​၏​တ​ရား​စ​ကား​ကို နား​ထောင်​နေ​၏။