ရှင်​လု​ကာ​ခ​ရစ်​ဝင် 12:6-12 MSB

6 စာ​က​လေး​ငါး​ကောင်​ကို အဿ​ရိ​နှစ်​ပြား​နှင့်​ရောင်း​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင် ထို​စာ​က​လေး​တစ်​ကောင်​ကို​မျှ ဘု​ရား​သ​ခင်​မေ့​လျော့​တော်​မ​မူ။

7 သင်​တို့​ဦး​ခေါင်း​မှ​ဆံ​ပင်​ရှိ​သ​မျှ​ကို​ပင် ရေ​တွက်​ထား​တော်​မူ​၏။ မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​က​လေး​များ​စွာ​တို့​ထက်​အ​ဖိုး​ထိုက်​ကြ​၏။

8 သင်​တို့​အား ငါ​ဆို​သည်​ကား မည်​သူ​မ​ဆို လူ​တို့​ရှေ့​၌ ငါ့​ကို​ဝန်​ခံ​လျှင် လူ့​သား​သည်​လည်း ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​တို့​ရှေ့​၌ ထို​သူ​ကို ဝန်​ခံ​မည်။

9 သို့​သော် လူ​တို့​ရှေ့​၌ ငါ့​ကို​ငြင်း​ပယ်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​တို့​ရှေ့​၌ ငြင်း​ပယ်​ခြင်း​ခံ​ရ​လိမ့်​မည်။

10 လူ့​သား​အ​ပေါ်​ဆန့်​ကျင်​သည့်​စ​ကား​ကို ပြော​ဆို​သော​သူ​အား​လုံး ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​သော်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို စော်​ကား​ပြော​ဆို​သော​သူ​သည် ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

11 လူ​တို့​သည် သင်​တို့​ကို ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​သို့​လည်း​ကောင်း၊ အုပ်​ချုပ်​သူ​များ​နှင့် အာ​ဏာ​ပိုင်​များ​ရှေ့​သို့​လည်း​ကောင်း ခေါ်​ဆောင်​သွား​ကြ​သော​အ​ခါ မည်​သည့်​အ​ရာ​ကို မည်​ကဲ့​သို့​ချေ​ပ​ရ​မည်​နည်း။ သို့​မ​ဟုတ် မည်​သည့်​အ​ရာ​ကို ပြော​ဆို​ရ​မည်​နည်း​ဟူ​၍ မ​စိုး​ရိမ်​ကြ​နှင့်။

12 အ​ကြောင်း​မူ​ကား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ပြော​ဆို​ရ​မည့်​အ​ရာ​တို့​ကို ထို​အ​ချိန်​နာ​ရီ​၌​ပင် သင်​တို့​အား​သွန်​သင်​ပေး​တော်​မူ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။