ရှင်​လု​ကာ​ခ​ရစ်​ဝင် 13:17-23 MSB

17 ထို​သို့ ကိုယ်​တော်​မိန့်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​ကို​ဆန့်​ကျင်​နေ​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​ရှက်​ရ​ကြ​၏။ လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ပြု​တော်​မူ​သည့် ထူး​မြတ်​သော​အ​မှု​အ​လုံး​စုံ​တို့​အ​တွက် ဝမ်း​မြောက်​ကြ​၏။

18 ထို့​ကြောင့် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် မည်​သည့်​အ​ရာ​နှင့်​တူ​သ​နည်း။ ၎င်း​ကို မည်​သည့်​အ​ရာ​နှင့်​ခိုင်း​နှိုင်း​ရ​မည်​နည်း။

19 ၎င်း​သည် မုန်​ညင်း​နက်​စေ့​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ထို​အ​စေ့​ကို​ယူ​၍ မိ​မိ​ဥ​ယျာဉ်​ထဲ​၌​ကြဲ​သော​အ​ခါ ထို​အ​စေ့​သည် အ​ပင်​ပေါက်​ကြီး​ထွား​၍ အ​ပင်​ကြီး​ဖြစ်​လာ​ကာ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ၎င်း​၏​အ​ကိုင်း​များ​တွင် အ​သိုက်​ဖွဲ့​၍​နေ​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

20 တစ်​ဖန် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို မည်​သည့်​အ​ရာ​နှင့်​ခိုင်း​နှိုင်း​ရ​မည်​နည်း။

21 ၎င်း​သည် တ​ဆေး​နှင့်​တူ​၏။ အ​မျိုး​သ​မီး​တစ်​ဦး​သည် တ​ဆေး​ကို​ယူ​၍ ဂျုံ​မှုန့်​သုံး​စိတ်​ထဲ​တွင်​ထည့်​လိုက်​သော် မုန့်​ညက်​တစ်​ပုံ​လုံး​ကို​ဖောင်း​ပွ​စေ​၏”​ဟု မိန့်​တော်​မူ​၏။

22 ထို့​နောက် ကိုယ်​တော်​သည် တစ်​မြို့​ပြီး​တစ်​မြို့၊ တစ်​ရွာ​ပြီး​တစ်​ရွာ​လှည့်​လည်​၍ သွန်​သင်​တော်​မူ​ရင်း ဂျေ​ရု​ဆ​လင်​မြို့​သို့​ခ​ရီး​ပြု​တော်​မူ​၏။

23 ထို​အ​ခါ လူ​တစ်​ဦး​က “သ​ခင်၊ ကယ်​တင်​ခြင်း​ခံ​ရ​သူ အ​နည်း​ငယ်​သာ​ရှိ​သ​လော”​ဟု မေး​လျှောက်​၏။ ကိုယ်​တော်​က​လည်း