ရှင်​လု​ကာ​ခ​ရစ်​ဝင် 13:19-25 MSB

19 ၎င်း​သည် မုန်​ညင်း​နက်​စေ့​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ထို​အ​စေ့​ကို​ယူ​၍ မိ​မိ​ဥ​ယျာဉ်​ထဲ​၌​ကြဲ​သော​အ​ခါ ထို​အ​စေ့​သည် အ​ပင်​ပေါက်​ကြီး​ထွား​၍ အ​ပင်​ကြီး​ဖြစ်​လာ​ကာ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ၎င်း​၏​အ​ကိုင်း​များ​တွင် အ​သိုက်​ဖွဲ့​၍​နေ​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

20 တစ်​ဖန် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို မည်​သည့်​အ​ရာ​နှင့်​ခိုင်း​နှိုင်း​ရ​မည်​နည်း။

21 ၎င်း​သည် တ​ဆေး​နှင့်​တူ​၏။ အ​မျိုး​သ​မီး​တစ်​ဦး​သည် တ​ဆေး​ကို​ယူ​၍ ဂျုံ​မှုန့်​သုံး​စိတ်​ထဲ​တွင်​ထည့်​လိုက်​သော် မုန့်​ညက်​တစ်​ပုံ​လုံး​ကို​ဖောင်း​ပွ​စေ​၏”​ဟု မိန့်​တော်​မူ​၏။

22 ထို့​နောက် ကိုယ်​တော်​သည် တစ်​မြို့​ပြီး​တစ်​မြို့၊ တစ်​ရွာ​ပြီး​တစ်​ရွာ​လှည့်​လည်​၍ သွန်​သင်​တော်​မူ​ရင်း ဂျေ​ရု​ဆ​လင်​မြို့​သို့​ခ​ရီး​ပြု​တော်​မူ​၏။

23 ထို​အ​ခါ လူ​တစ်​ဦး​က “သ​ခင်၊ ကယ်​တင်​ခြင်း​ခံ​ရ​သူ အ​နည်း​ငယ်​သာ​ရှိ​သ​လော”​ဟု မေး​လျှောက်​၏။ ကိုယ်​တော်​က​လည်း

24 “ကျဉ်း​သော​တံ​ခါး​မှ​ဝင်​ရန် ကြိုး​စား​ကြ​လော့။ အ​ကြောင်း​မူ​ကား လူ​များ​စွာ​တို့​သည် ဝင်​ရန်​ရှာ​ကြံ​ကြ​သော်​လည်း မ​ဝင်​နိုင်​ကြ​ဟု သင်​တို့​အား ငါ​ဆို​၏။

25 အိမ်​ရှင်​သည်​ထ​၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ သင်​တို့​သည် အ​ပြင်​၌​ရပ်​၍ တံ​ခါး​ကို​ခေါက်​လျက် ‘သ​ခင်၊ အ​ကျွန်ုပ်​တို့​အား​တံ​ခါး​ဖွင့်​ပေး​ပါ’​ဟု ဆို​ကြ​သော်​လည်း သ​ခင်​က ‘သင်​တို့​သည် အ​ဘယ်​က​လာ​ကြ​သည်​ကို ငါ​မ​သိ’​ဟု ပြန်​၍​ဆို​လိမ့်​မည်။