24 “ကျဉ်းသောတံခါးမှဝင်ရန် ကြိုးစားကြလော့။ အကြောင်းမူကား လူများစွာတို့သည် ဝင်ရန်ရှာကြံကြသော်လည်း မဝင်နိုင်ကြဟု သင်တို့အား ငါဆို၏။
25 အိမ်ရှင်သည်ထ၍ တံခါးကိုပိတ်ပြီးမှ သင်တို့သည် အပြင်၌ရပ်၍ တံခါးကိုခေါက်လျက် ‘သခင်၊ အကျွန်ုပ်တို့အားတံခါးဖွင့်ပေးပါ’ဟု ဆိုကြသော်လည်း သခင်က ‘သင်တို့သည် အဘယ်ကလာကြသည်ကို ငါမသိ’ဟု ပြန်၍ဆိုလိမ့်မည်။
26 ထိုအခါ သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူစားသောက်ခဲ့ကြပါ၏။ ကိုယ်တော်သည်လည်း အကျွန်ုပ်တို့၏လမ်းမပေါ်တွင် သွန်သင်ပေးခဲ့ပါ၏’ဟု လျှောက်ကြလိမ့်မည်။
27 သို့သော် သခင်က ‘သင်တို့သည် အဘယ်ကလာကြသည်ကို ငါမသိ။ မတရားမှုကိုပြုသောသူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြလော့’ဟု သင်တို့အားဆိုလိမ့်မည်။
28 ထိုအခါ အာဗြဟံ၊ ဣဇက်၊ ယာကုပ်နှင့် ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲ၌ရှိကြသည်ကို သင်တို့မြင်ရကြသော်လည်း သင်တို့ကိုယ်တိုင်မူကား အပြင်သို့ နှင်ထုတ်ခြင်းခံရသဖြင့် ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိကြလိမ့်မည်။
29 တစ်ဖန် လူတို့သည် အရှေ့အရပ်နှင့် အနောက်အရပ်တို့မှလည်းကောင်း၊ တောင်အရပ်နှင့် မြောက်အရပ်တို့မှလည်းကောင်း လာ၍ ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ပွဲ၌ထိုင်ကြလိမ့်မည်။
30 အဦးဆုံးဖြစ်မည့် နောက်ဆုံးသောသူများရှိကြ၏။ နောက်ဆုံးဖြစ်မည့် အဦးဆုံးသောသူများလည်းရှိကြ၏”ဟု မိန့်တော်မူ၏။