ရှင်​လု​ကာ​ခ​ရစ်​ဝင် 13:6-12 MSB

6 ထို့​နောက် ကိုယ်​တော်​သည် ဤ​ပုံ​ဥ​ပ​မာ​ကို​ပေး​၍ မြွက်​ဆို​တော်​မူ​သည်​မှာ “လူ​တစ်​ဦး​တွင် မိ​မိ​စ​ပျစ်​ခြံ​ထဲ​၌​စိုက်​ထား​သော သ​ဖန်း​ပင်​တစ်​ပင်​ရှိ​၏။ သူ​သည် ထို​အ​ပင်​၌ အ​သီး​ကို​လာ​ရှာ​သော်​လည်း​မ​တွေ့​ရ​ချေ။

7 ထို​အ​ခါ သူ​သည် ဥ​ယျာဉ်​မှူး​အား ‘ကြည့်​လော့။ ငါ​သည် သုံး​နှစ်​တိုင်​တိုင် ဤ​သ​ဖန်း​ပင်​အ​ပေါ်​၌ အ​သီး​ကို​လာ​ရှာ​သော်​လည်း​မ​တွေ့​ရ။ ဤ​သ​ဖန်း​ပင်​ကို​ခုတ်​ပစ်​လော့။ အ​ဘယ်​ကြောင့် မြေ​ကို အ​ကျိုး​မဲ့​ဖြစ်​စေ​မည်​နည်း’​ဟု ဆို​၏။

8 သို့​သော် ဥ​ယျာဉ်​မှူး​က ‘သ​ခင်၊ ဤ​အ​ပင်​ကို ယ​ခု​နှစ်​လည်း​ထား​ပါ​ဦး။ အ​ပင်​ပတ်​လည်​ကို အ​ကျွန်ုပ်​တူး​ဆွ​၍ မြေ​သြ​ဇာ​ထည့်​ပါ​ဦး​မည်။

9 ထို​သို့​ပြု​လျှင် နောက်​နှစ်​တွင် အ​သီး သီး​ကောင်း​သီး​ပါ​လိမ့်​မည်။ အ​ကယ်​၍ မ​သီး​ပါ​က ခုတ်​ပစ်​နိုင်​ပါ​သည်’​ဟု ပြန်​လျှောက်​၏”​ဟူ​၍ မိန့်​တော်​မူ​၏။

10 ကိုယ်​တော်​သည် ဥ​ပုသ်​နေ့​၌ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တစ်​ကျောင်း​တွင် သွန်​သင်​လျက်​နေ​တော်​မူ​၏။

11 ထို​အ​ခါ တစ်​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး နာ​မ​ကျန်း​ဖြစ်​စေ​သော​နတ်​ပူး​သ​ဖြင့် ခါး​ကုန်း​လျက် လုံး​ဝ​တည့်​မတ်​စွာ​မ​ရပ်​နိုင်​သော​အ​မျိုး​သ​မီး​တစ်​ဦး​ရှိ​၏။

12 ယေ​ရှု​သည် သူ့​ကို​မြင်​လျှင် အ​ထံ​တော်​သို့​ခေါ်​၍ “အ​ချင်း​မိန်း​မ၊ သင်​သည် သင်​၏​နာ​မ​ကျန်း​ဖြစ်​ခြင်း​မှ လွတ်​မြောက်​ပြီ”​ဟု မိန့်​တော်​မူ​ပြီး​လျှင်