1 တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစားအစာသုံးဆောင်ရန် ဖာရိရှဲအကြီးအကဲတစ်ဦး၏အိမ်သို့ဝင်တော်မူလျှင် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်နေကြ၏။
2 ကိုယ်တော်၏ရှေ့၌ ရေဖျဉ်းစွဲသောသူတစ်ဦးရှိ၏။
3 ယေရှုက ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲတို့အား “ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေခြင်းသည် တရားတော်နှင့်ညီသလော သို့မဟုတ် မညီသလော”ဟု မေးတော်မူ၏။
4 သို့သော် သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ကိုယ်တော်သည် ထိုလူနာကို ခေါ်၍ အနာရောဂါပျောက်ကင်းစေပြီးလျှင် ပြန်လွှတ်တော်မူ၏။
5 ထို့နောက် ထိုသူတို့အား “သင်တို့တွင် မိမိသား သို့မဟုတ် နွားသည် ဥပုသ်နေ့၌ ရေတွင်းထဲသို့ကျခဲ့လျှင် မည်သူသည်ချက်ချင်းမဆွဲတင်ဘဲနေမည်နည်း”ဟု မိန့်တော်မူ၏။