ရှင်​လု​ကာ​ခ​ရစ်​ဝင် 14:21-27 MSB

21 အ​စေ​အ​ပါး​သည် ပြန်​လာ​၍ ထို​အ​ကြောင်း​အ​ရာ​များ​ကို မိ​မိ​သ​ခင်​အား​ကြား​လျှောက်​လေ​၏။ ထို​အ​ခါ အိမ်​ရှင်​သည် အ​မျက်​ထွက်​၍ မိ​မိ​အ​စေ​အ​ပါး​အား ‘မြို့​ထဲ​ရှိ လမ်း​မ၊ လမ်း​ကြား​များ​ထဲ​သို့ အ​မြန်​သွား​၍ ဆင်း​ရဲ​သား​များ၊ အင်္ဂါ​ချို့​တဲ့​သူ​များ၊ ခြေ​မ​သန်​စွမ်း​သူ​များ​နှင့် မျက်​မ​မြင်​များ​ကို ဤ​နေ​ရာ​သို့​ခေါ်​ခဲ့​လော့’​ဟု ဆို​၏။

22 ထို့​နောက် အ​စေ​အ​ပါး​က ‘သ​ခင်၊ သ​ခင်​စေ​ခိုင်း​သည့်​အ​တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ။ သို့​သော် နေ​ရာ​ရှိ​ပါ​သေး​၏’​ဟု လျှောက်​လေ​၏။

23 သ​ခင်​က​လည်း ‘ခ​ရီး​သွား​လမ်း​မ​များ​နှင့် တော​လမ်း​ကြား​များ​သို့​သွား​၍ ငါ့​အိမ်​ပြည့်​အောင် လူ​တို့​ကို မ​ရ​မ​က​ခေါ်​ခဲ့​လော့။

24 သင်​တို့​အား ငါ​ဆို​သည်​ကား ယ​ခင်​ဖိတ်​ခေါ်​ထား​သူ​တို့​ထဲ​မှ မည်​သူ​မျှ ငါ​၏​ည​စာ​စား​ပွဲ​ကို​မြည်း​စမ်း​ရ​မည်​မ​ဟုတ်’​ဟု အ​စေ​အ​ပါး​အား ဆို​လေ​၏”​ဟူ​၍ မိန့်​တော်​မူ​၏။

25 ထို့​နောက် များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည် လှည့်​ကြည့်​၍ ထို​သူ​တို့​အား​မြွက်​ဆို​တော်​မူ​သည်​မှာ

26 “မည်​သူ​မ​ဆို ငါ့​ထံ​သို့​လာ​၍ မိ​မိ​၏​မိ​ခင်၊ ဖ​ခင်၊ သား​မ​ယား​နှင့် ညီ​အစ်​ကို​မောင်​နှ​မ​တို့​ကို​သာ​မ​က မိ​မိ​အ​သက်​ကို​ပင် မ​မုန်း​လျှင် ထို​သူ​သည် ငါ​၏​တ​ပည့်​မ​ဖြစ်​နိုင်။

27 မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍ ငါ့​နောက်​သို့​မ​လိုက်​သော​သူ​သည် ငါ​၏​တ​ပည့်​မ​ဖြစ်​နိုင်။