ရှင်​လု​ကာ​ခ​ရစ်​ဝင် 14:25-31 MSB

25 ထို့​နောက် များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည် လှည့်​ကြည့်​၍ ထို​သူ​တို့​အား​မြွက်​ဆို​တော်​မူ​သည်​မှာ

26 “မည်​သူ​မ​ဆို ငါ့​ထံ​သို့​လာ​၍ မိ​မိ​၏​မိ​ခင်၊ ဖ​ခင်၊ သား​မ​ယား​နှင့် ညီ​အစ်​ကို​မောင်​နှ​မ​တို့​ကို​သာ​မ​က မိ​မိ​အ​သက်​ကို​ပင် မ​မုန်း​လျှင် ထို​သူ​သည် ငါ​၏​တ​ပည့်​မ​ဖြစ်​နိုင်။

27 မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍ ငါ့​နောက်​သို့​မ​လိုက်​သော​သူ​သည် ငါ​၏​တ​ပည့်​မ​ဖြစ်​နိုင်။

28 သင်​တို့​ထဲ​တွင် တစ်​စုံ​တစ်​ဦး​သည် မျှော်​စင်​တစ်​ခု​ဆောက်​လို​လျှင် ပြီး​စီး​သည်​အ​ထိ လုံ​လောက်​သော​ငွေ​ရှိ​မ​ရှိ ဦး​စွာ​ထိုင်​၍ ကုန်​ကျ​စ​ရိတ်​ကို​မ​တွက်​ချက်​ဘဲ​နေ​မည်​လော။

29 ထို​သို့​မ​တွက်​ချက်​ဘဲ အုတ်​မြစ်​ချ​၍ အ​ဆုံး​မ​သတ်​နိုင်​လျှင် မြင်​သူ​အ​ပေါင်း​တို့​သည် သူ့​ကို​ပြောင်​လှောင်​လျက်

30 ‘ဤ​သူ​သည် စ​တင်​တည်​ဆောက်​ခဲ့​သော်​လည်း အ​ဆုံး​မ​သတ်​နိုင်​ပါ​တ​ကား’​ဟု ဆို​ကြ​လိမ့်​မည်။

31 ထို​မှ​တစ်​ပါး မည်​သည့်​ဘု​ရင်​သည် အ​ခြား​ဘု​ရင်​တစ်​ပါး​နှင့် စစ်​တိုက်​ရန်​ချီ​တက်​မည်​ပြု​စဉ် စစ်​သည်​နှစ်​သောင်း​နှင့်​ချီ​တက်​လာ​သော အ​ခြား​တစ်​ဖက်​ကို စစ်​သည်​တစ်​သောင်း​ဖြင့် ရင်​ဆိုင်​၍​ရ​မ​ရ ဦး​စွာ​ထိုင်​လျက် မ​သုံး​သပ်​ဘဲ​နေ​မည်​နည်း။