ရှင်​လု​ကာ​ခ​ရစ်​ဝင် 14:3-9 MSB

3 ယေ​ရှု​က ကျမ်း​တတ်​ပုဂ္ဂိုလ်​များ​နှင့် ဖာ​ရိ​ရှဲ​တို့​အား “ဥ​ပုသ်​နေ့​၌ အ​နာ​ရော​ဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​သ​လော သို့​မ​ဟုတ် မ​ညီ​သ​လော”​ဟု မေး​တော်​မူ​၏။

4 သို့​သော် သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ​၏။ ကိုယ်​တော်​သည် ထို​လူ​နာ​ကို ခေါ်​၍ အ​နာ​ရော​ဂါ​ပျောက်​ကင်း​စေ​ပြီး​လျှင် ပြန်​လွှတ်​တော်​မူ​၏။

5 ထို့​နောက် ထို​သူ​တို့​အား “သင်​တို့​တွင် မိ​မိ​သား သို့​မ​ဟုတ် နွား​သည် ဥ​ပုသ်​နေ့​၌ ရေ​တွင်း​ထဲ​သို့​ကျ​ခဲ့​လျှင် မည်​သူ​သည်​ချက်​ချင်း​မ​ဆွဲ​တင်​ဘဲ​နေ​မည်​နည်း”​ဟု မိန့်​တော်​မူ​၏။

6 သူ​တို့​သည် ဤ​အ​ရာ​များ​နှင့်​ပတ်​သက်​ပြီး တုံ့​ပြန်​ပြော​ဆို​၍​မ​ရ​နိုင်​ကြ​ချေ။

7 ဖိတ်​ခေါ်​ခြင်း​ခံ​ရ​သော​သူ​တို့​သည် အ​ထူး​နေ​ရာ​များ​ရွေး​ချယ်​နေ​ကြ​ပုံ​ကို ကိုယ်​တော်​မြင်​တော်​မူ​လျှင် ထို​သူ​တို့​အား ပုံ​ဥ​ပ​မာ​တစ်​ခု​မြွက်​ဆို​တော်​မူ​သည်​မှာ

8 “တစ်​စုံ​တစ်​ယောက်​သည် သင့်​ကို မင်္ဂ​လာ​ဆောင်​ပွဲ​သို့ ဖိတ်​ခေါ်​သော​အ​ခါ အ​ထူး​နေ​ရာ​၌​မ​ထိုင်​နှင့်။ သူ​သည် သင့်​ထက်​ဂုဏ်​သ​ရေ​ရှိ​သော​သူ​ကို ဖိတ်​ထား​ကောင်း​ဖိတ်​ထား​လိမ့်​မည်။

9 ထို​အ​ခါ သင်​တို့​နှစ်​ဦး​စ​လုံး​ကို​ဖိတ်​ခေါ်​ထား​သော​သူ​သည် သင့်​ထံ​သို့​လာ​၍ ‘သင့်​နေ​ရာ​ကို ဤ​သူ​အား​ပေး​လိုက်​ပါ’​ဟု ဆို​လျှင် သင်​သည် အ​ရှက်​ရ​လျက် နောက်​ဆုံး​နေ​ရာ​ကို​ယူ​ရ​လိမ့်​မည်။