ရှင်​လု​ကာ​ခ​ရစ်​ဝင် 15:11-17 MSB

11 တစ်​ဖန် ကိုယ်​တော်​က “လူ​တစ်​ဦး​၌ သား​နှစ်​ယောက်​ရှိ​၏။

12 သား​ငယ်​သည် ဖ​ခင်​အား ‘အ​ဖေ၊ အ​ကျွန်ုပ်​ရ​ထိုက်​သော​အ​မွေ​ပစ္စည်း​ကို ခွဲ​ဝေ​ပေး​ပါ’​ဟု ဆို​သ​ဖြင့် ဖ​ခင်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို သူ​တို့​အား ခွဲ​ဝေ​ပေး​လေ​၏။

13 ထို့​နောက် ရက်​များ​မ​ကြာ​မီ သား​ငယ်​သည် မိ​မိ​၌​ရှိ​သ​မျှ​တို့​ကို​စု​စည်း​ပြီး​လျှင် ဝေး​လံ​သော​တိုင်း​ပြည်​သို့​ခ​ရီး​ထွက်​၍ ထို​အ​ရပ်​၌ အ​ထိန်း​အ​ကွပ်​မ​ရှိ​အ​သက်​ရှင်​လျက် မိ​မိ​၏​အ​မွေ​ပစ္စည်း​များ​ကို ဖြုန်း​တီး​လေ​၏။

14 မိ​မိ​၌​ရှိ​သ​မျှ​တို့​ကို အ​ကုန်​သုံး​စွဲ​ပြီး​သော​အ​ခါ ထို​ပြည်​အ​နှံ့​တွင် ကြီး​စွာ​သော​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကျ​ရောက်​သ​ဖြင့် သူ​သည် ဆင်း​ရဲ​နွမ်း​ပါး​ခြင်း​သို့​ရောက်​လေ​၏။

15 ထို​အ​ခါ သူ​သည် ထို​ပြည်​မှ​ပြည်​သား​တစ်​ဦး​ထံ သွား​ရောက်​မှီ​ခို​ရာ ထို​သူ​သည် ဝက်​တို့​ကို​ထိန်း​ကျောင်း​ရန် သူ့​ကို မိ​မိ​လယ်​သို့​စေ​လွှတ်​လေ​၏။

16 သူ​သည် ဝက်​များ​စား​နေ​သော​ပဲ​တောင့်​များ​ကို​ပင် ဝ​လင်​စွာ​စား​ရ​ရန် တောင့်​တ​ခဲ့​သော်​လည်း မည်​သူ​က​မျှ သူ့​ကို စား​စ​ရာ​မ​ပေး​ခဲ့​ချေ။

17 ထို​အ​ခါ သူ​သည် အ​သိ​တ​ရား​ပြန်​ရ​၍ ‘ငါ့​အ​ဖေ​ထံ​၌ အ​လုပ်​သ​မား​မည်​မျှ​ပင်​များ​စေ​ကာ​မူ သူ​တို့​တွင် စား​စ​ရာ​အ​လျှံ​ပယ်​ရှိ​၏။ ငါ​မူ​ကား ဤ​အ​ရပ်​၌ အ​စာ​ငတ်​လျက် သေ​လု​မ​တတ်​ဖြစ်​နေ​ရ​၏။