ရှင်​လု​ကာ​ခ​ရစ်​ဝင် 16:15-21 MSB

15 သို့​သော် ကိုယ်​တော်​က “သင်​တို့​သည် လူ​တို့​ရှေ့​၌ မိ​မိ​တို့​ကိုယ်​ကို​ဖြောင့်​မတ်​ကြောင်း ဖော်​ပြ​တတ်​သူ​များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် သင်​တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​၏။ လူ​တို့​အ​မြတ်​တ​နိုး​ထား​သော​အ​ရာ​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ ရွံ​ရှာ​ဖွယ်​ဖြစ်​၏။

16 ပ​ညတ်​တ​ရား​ကျမ်း​နှင့် ပ​ရော​ဖက်​ကျမ်း​များ​သည် ယော​ဟန်​လက်​ထက်​တိုင်​အောင်​ဖြစ်​၏။ ထို​အ​ချိန်​မှ​စ​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​ကြ​၏။ လူ​အ​ပေါင်း​တို့​သည်​လည်း ထို​နိုင်​ငံ​တော်​ထဲ​သို့ အ​တင်း​တိုး​ဝင်​ကြ​၏။

17 သို့​ရာ​တွင် ပ​ညတ်​တ​ရား​ကျမ်း​ထဲ​မှ ဗိန္ဒု​တစ်​လုံး​ပျက်​ပြယ်​ရန်​ထက် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကွယ်​ပျောက်​ရန် ပို​၍​လွယ်​ကူ​၏။

18 မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​၍ အ​ခြား​သော​မိန်း​မ​နှင့် ထိမ်း​မြား​စုံ​ဖက်​သော​သူ​တိုင်း​သည် အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​၏။ ခင်​ပွန်း​က​ကွာ​ရှင်း​ထား​သော​မိန်း​မ​နှင့် ထိမ်း​မြား​စုံ​ဖက်​သော​သူ​သည်​လည်း အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​၏။

19 တစ်​ခါ​က ခ​ရမ်း​ရောင်​ဝတ်​ရုံ​နှင့် ပိတ်​ချော​ထည်​များ​ကို​ဝတ်​ဆင်​ကာ နေ့​စဉ် စည်း​စိမ်​ခံ​စား​လျက် ပျော်​မွေ့​နေ​သည့် သူ​ဌေး​တစ်​ဦး​ရှိ​၏။

20 သူ​၏​အိမ်​တံ​ခါး​ဝ​၌​ကား တစ်​ကိုယ်​လုံး​အ​နာ​စိမ်း​ပေါက်​နေ​သော လာ​ဇ​ရု​အ​မည်​ရှိ​ဆင်း​ရဲ​သား​တစ်​ယောက် လဲ​လျောင်း​နေ​၏။

21 သူ​သည် သူ​ဌေး​၏​စား​ပွဲ​ပေါ်​မှ​ကျ​သော အ​စာ​များ​ကို​ပင် ဝ​လင်​စွာ​စား​ရ​ရန် တောင့်​တ​နေ​၏။ ခွေး​များ​သည်​လည်း သူ​၏​အ​နာ​စိမ်း​များ​ကို လာ​၍​လျက်​ကြ​၏။