ရှင်​လု​ကာ​ခ​ရစ်​ဝင် 16:7-13 MSB

7 တစ်​ဖန် အ​ခြား​သူ​တစ်​ယောက်​အား ‘သင်​သည်​လည်း အ​ကြွေး​မည်​မျှ​ရှိ​သ​နည်း’​ဟု မေး​လျှင် ထို​သူ​က ‘ဂျုံ​ဆန်​အိတ်​တစ်​ရာ​ရှိ​ပါ​သည်’​ဟု ဆို​၏။ ဘဏ္ဍာ​စိုး​က​လည်း ‘သင်​၏​စာ​ရင်း​ကို​ယူ​၍ အိတ်​ရှစ်​ဆယ်​ဟူ​၍​ရေး​လော့’​ဟု ဆို​လေ​၏။

8 ထို​အ​ခါ သ​ခင်​သည် မ​တ​ရား​သော​ဘဏ္ဍာ​စိုး​၏ ပါး​နပ်​သည့်​လုပ်​ဆောင်​မှု​အ​တွက် သူ့​ကို​ချီး​မွမ်း​လေ​၏။ အ​ကြောင်း​မူ​ကား ဤ​လော​က​၏​သား​သ​မီး​များ​သည် မိ​မိ​တို့​ခေတ်​ကာ​လ​လူ​တို့​နှင့်​ဆက်​ဆံ​ရာ​တွင် အ​လင်း​၏​သား​သ​မီး​များ​ထက် လိမ္မာ​ပါး​နပ်​ကြ​၏။

9 တစ်​ဖန် သင်​တို့​အား ငါ​ဆို​မည်။ မ​တ​ရား​မှု​မ​ကင်း​သော​လော​ကီ​စည်း​စိမ်​အား​ဖြင့် မိ​မိ​တို့​အ​တွက် မိတ်​ဆွေ​များ​ရ​အောင်​ပြု​ကြ​လော့။ သို့​ပြု​လျှင် ထို​စည်း​စိမ်​များ​ကုန်​ဆုံး​သော​အ​ခါ သူ​တို့​သည် သင်​တို့​ကို ထာ​ဝ​ရ​နေ​ထိုင်​ရာ​အ​ရပ်​၌​လက်​ခံ​ကြ​လိမ့်​မည်။

10 သေး​ငယ်​သော​အ​မှု​၌ သစ္စာ​ရှိ​သော​သူ​သည် ကြီး​သော​အ​မှု​၌​လည်း သစ္စာ​ရှိ​၏။ သေး​ငယ်​သော​အ​မှု​၌ မ​ဖြောင့်​မတ်​သော​သူ​သည် ကြီး​သော​အ​မှု​၌​လည်း မ​ဖြောင့်​မတ်​ပေ။

11 သို့​ဖြစ်​၍ သင်​တို့​သည် မ​ဖြောင့်​မတ်​သော​လော​ကီ​စည်း​စိမ်​၌ သစ္စာ​မ​ရှိ​ကြ​လျှင် စစ်​မှန်​သော​စည်း​စိမ်​ကို မည်​သူ​က သင်​တို့​၌ ယုံ​ကြည်​အပ်​နှံ​ထား​မည်​နည်း။

12 သင်​တို့​သည် သူ​တစ်​ပါး​၏​ဥစ္စာ​၌ သစ္စာ​မ​ရှိ​ကြ​လျှင် မည်​သူ​သည် သင်​တို့​ပိုင်​ဆိုင်​ရန်​ဥစ္စာ​ကို သင်​တို့​အား​ပေး​မည်​နည်း။

13 မည်​သည့်​အ​စေ​ခံ​မျှ သ​ခင်​နှစ်​ဦး​ကို အ​စေ​ခံ​၍​မ​ရ​နိုင်။ အ​ကြောင်း​မူ​ကား သူ​သည် တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သို့​မ​ဟုတ် တစ်​ဦး​ကို​သစ္စာ​စောင့်​၍ တစ်​ဦး​ကို​မ​ထီ​မဲ့​မြင်​ပြု​လိမ့်​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​လော​ကီ​စည်း​စိမ်​တို့​ကို တစ်​ပြိုင်​တည်း​အ​စေ​ခံ​၍​မ​ရ​နိုင်​ကြ”​ဟု မိန့်​တော်​မူ​၏။