ရှင်​လု​ကာ​ခ​ရစ်​ဝင် 19:1-4 MSB

1 ထို့​နောက် ကိုယ်​တော်​သည် ဂျေ​ရိ​ခေါ​မြို့​သို့​ဝင်​၍ ထို​မြို့​ကို​ဖြတ်​သွား​တော်​မူ​၏။

2 ထို​အ​ရပ်​တွင် ဇက္ခဲ​အ​မည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် အ​ခွန်​ကောက်​ခံ​သူ​တို့​၏​အ​ကြီး​အ​ကဲ​ဖြစ်​ပြီး ချမ်း​သာ​သော​သူ​ဖြစ်​၏။

3 သူ​သည် ယေ​ရှု​မည်​သူ​ဖြစ်​သည်​ကို မြင်​ရ​ရန်​ကြိုး​စား​သော်​လည်း အ​ရပ်​ပု​သော​ကြောင့် လူ​ထု​ပ​ရိ​သတ်​ကို​ကျော်​၍ မ​မြင်​နိုင်​ပေ။

4 ထို့​ကြောင့် သူ​သည် ကိုယ်​တော်​ကို​တွေ့​မြင်​နိုင်​ရန် ရှေ့​သို့​ကြို​ပြေး​၍ သ​ဖန်း​ပိုး​စာ​ပင်​ပေါ်​သို့​တက်​လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကိုယ်​တော်​သည် ထို​နေ​ရာ​ကို​ဖြတ်​သွား​တော့​မည်​ဖြစ်​၏။