15 ထို့နောက် သူသည် နိုင်ငံတော်အုပ်စိုးခွင့်ကိုခံယူပြီး ပြန်လာသောအခါ ငွေပေးထားခဲ့သောအစေအပါးတို့သည် စီးပွားရှာ၍ အမြတ်မည်မျှရကြသည်ကို သိရှိနိုင်မည့်အကြောင်း သူတို့ကို မိမိထံသို့ခေါ်လာရန် အမိန့်ရှိ၏။
16 ပထမတစ်ဦးသည် လာ၍ ‘သခင်၊ သခင်၏ငွေတစ်မိနာ့အားဖြင့် ငွေဆယ်မိနာ့အမြတ်ရပါသည်’ဟု လျှောက်လေ၏။
17 သခင်ကလည်း ‘ကောင်းလေစွ။ အစေအပါးကောင်း၊ သင်သည် သေးငယ်သောအမှု၌ သစ္စာရှိသောကြောင့် မြို့ဆယ်မြို့ကိုအုပ်ချုပ်လော့’ဟု ဆိုလေ၏။
18 ဒုတိယတစ်ဦးသည်လည်း လာ၍ ‘သခင်၊ သခင်၏ငွေတစ်မိနာ့အားဖြင့် ငွေငါးမိနာ့အမြတ်ရပါသည်’ဟု လျှောက်လေ၏။
19 သခင်ကလည်း ‘သင်သည် မြို့ငါးမြို့ကိုအုပ်ချုပ်လော့’ဟု ဆို၏။
20 ထို့နောက် အခြားတစ်ဦးသည်လာ၍ ‘သခင်၊ ကြည့်ပါ။ ပဝါထဲ၌ အကျွန်ုပ်ထုပ်၍သိမ်းထားသော သခင်၏ငွေတစ်မိနာ့ရှိပါသည်။
21 သခင်သည် စည်းကမ်းကြီး၍တိကျသောသူဖြစ်ပြီး မိမိမထည့်သွင်းထားသောအရာကိုထုတ်ယူလျက် မိမိမစိုက်ပျိုးသည့်အရာကို ရိတ်သိမ်းတတ်သောကြောင့် အကျွန်ုပ်ကြောက်ပါသည်’ဟု လျှောက်လေ၏။