ရှင်​လု​ကာ​ခ​ရစ်​ဝင် 19:21-27 MSB

21 သ​ခင်​သည် စည်း​ကမ်း​ကြီး​၍​တိ​ကျ​သော​သူ​ဖြစ်​ပြီး မိ​မိ​မ​ထည့်​သွင်း​ထား​သော​အ​ရာ​ကို​ထုတ်​ယူ​လျက် မိ​မိ​မ​စိုက်​ပျိုး​သည့်​အ​ရာ​ကို ရိတ်​သိမ်း​တတ်​သော​ကြောင့် အ​ကျွန်ုပ်​ကြောက်​ပါ​သည်’​ဟု လျှောက်​လေ​၏။

22 သ​ခင်​က​လည်း ‘ဆိုး​ညစ်​သော​အ​စေ​အ​ပါး၊ သင်​၏​နှုတ်​ထွက်​စ​ကား​အ​တိုင်း သင့်​ကို ငါ​စီ​ရင်​မည်။ ငါ​သည် မ​ထည့်​သွင်း​ထား​သော​အ​ရာ​ကို​ထုတ်​ယူ​၍ မ​စိုက်​ပျိုး​သည့်​အ​ရာ​ကို ရိတ်​သိမ်း​တတ်​သည့် စည်း​ကမ်း​ကြီး​၍​တိ​ကျ​သော​သူ​ဖြစ်​ကြောင်း သင်​သိ​သည်​မှန်​လျှင်

23 အ​ဘယ်​ကြောင့် ငါ​၏​ငွေ​ကို ငွေ​တိုး​ပေး​သူ​လက်​၌ မ​အပ်​ထား​သ​နည်း။ သို့​ပြု​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ၎င်း​ကို အ​တိုး​နှင့်​တ​ကွ ငါ​ရ​ရှိ​ခဲ့​ပေ​လိမ့်​မည်’​ဟု ဆို​လေ​၏။

24 ထို့​နောက် အ​နီး​၌​ရပ်​နေ​သော​သူ​တို့​အား ‘ထို​ငွေ​တစ်​မိ​နာ့​ကို သူ့​ထံ​မှ​ယူ​၍ ငွေ​ဆယ်​မိ​နာ့​ရှိ​သူ​အား​ပေး​ကြ​လော့’​ဟု ဆို​၏။

25 သူ​တို့​က​လည်း ‘သ​ခင်၊ ထို​သူ​၌ ငွေ​ဆယ်​မိ​နာ့​ရှိ​နေ​ပါ​ပြီ’​ဟု လျှောက်​ကြ​လျှင်

26 သ​ခင်​က ‘သင်​တို့​ကို ငါ​ဆို​သည်​ကား ရှိ​သော​သူ​တိုင်း​အား ထပ်​၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​မူ​ကား သူ​၌​ရှိ​သော​အ​ရာ​ပင် သူ့​ထံ​မှ သိမ်း​ယူ​ခြင်း​ခံ​ရ​လိမ့်​မည်။

27 ထို​မှ​တစ်​ပါး ငါ​အုပ်​ချုပ်​ရန်​အ​လို​မ​ရှိ​ကြ​သော ငါ​၏​ရန်​သူ​များ​ကို ဤ​နေ​ရာ​သို့​ခေါ်​ဆောင်​ခဲ့​၍ ငါ​၏​ရှေ့​မှောက်​တွင် သူ​တို့​ကို​ကွပ်​မျက်​ကြ​လော့’​ဟု ဆို​လေ​၏”​ဟူ​၍ မိန့်​တော်​မူ​၏။