ရှင်​လု​ကာ​ခ​ရစ်​ဝင် 19:29-35 MSB

29 သံ​လွင်​ဟု​ခေါ်​သော​တောင်​အ​နီး​ရှိ ဗက်​ဖာ​ဂေ​ရွာ​နှင့်​ဗေ​သ​နိ​ရွာ​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​နှစ်​ပါး​ကို​စေ​လွှတ်​၍

30 “သင်​တို့​ရှေ့​က​ရွာ​ထဲ​သို့ သွား​ကြ​လော့။ ရွာ​ထဲ​သို့​ဝင်​သည်​နှင့် မည်​သူ​မျှ​မ​စီး​ဖူး​သော မြည်း​က​လေး​တစ်​ကောင်​ချည်​ထား​သည်​ကို တွေ့​ကြ​လိမ့်​မည်။ ၎င်း​ကို​ကြိုး​ဖြေ​၍ ခေါ်​ဆောင်​လာ​ကြ​လော့။

31 တစ်​စုံ​တစ်​ယောက်​က ‘အ​ဘယ်​ကြောင့်​ကြိုး​ဖြေ​ကြ​သ​နည်း’​ဟု သင်​တို့​ကို မေး​လျှင် ‘သ​ခင်​ဘု​ရား​အ​လို​ရှိ​သည်’​ဟု ပြော​ကြ​လော့”​ဟူ​၍ မိန့်​တော်​မူ​၏။

32 စေ​လွှတ်​ခြင်း​ခံ​ရ​သော​သူ​တို့​သည်​လည်း ထွက်​သွား​၍ သူ​တို့​အား​ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း တွေ့​မြင်​ကြ​၏။

33 သူ​တို့​သည် မြည်း​က​လေး​ကို​ကြိုး​ဖြေ​နေ​ကြ​စဉ် ၎င်း​၏​ပိုင်​ရှင်​တို့​က “အ​ဘယ်​ကြောင့် မြည်း​က​လေး​ကို​ကြိုး​ဖြေ​ကြ​သ​နည်း”​ဟု မေး​ကြ​၏။

34 သူ​တို့​က​လည်း “သ​ခင်​ဘု​ရား​အ​လို​ရှိ​သည်”​ဟု ဖြေ​ကြ​၏။

35 ထို့​နောက် မြည်း​က​လေး​ကို ယေ​ရှု​ထံ​သို့​ခေါ်​ဆောင်​လာ​ပြီး​လျှင် ၎င်း​ပေါ်​၌ သူ​တို့​၏​အ​ဝတ်​များ​ကို​ခင်း​၍ ယေ​ရှု​အား​စီး​စေ​ကြ​၏။